Thursday 24 September 2009

သူငယ်ချင်းသို့ ….

အမိမြေ၊ ဒို့ပိုင်မြေမှာ
ခိုနားတုန်းခိုက်၊ ငယ်ချင်းပေါင်းနဲ့
တောင်ပြာတန်းပေါ်၊ ပူပင်ကင်းမဲ့
လက်ချင်းတွဲ၍ တက်ဆင်းကခုန်
သီချင်းပေါင်းစုံ သီကျူးခဲ့ချိန်
သတိရတယ် … သူငယ်ချင်း … ၊

အမိချင်းမြေ၊ ဒို့ပိုင်မြေမှာ
ခိုနားတုန်းခိုက်၊ ငယ်ချင်းပေါင်းနဲ့
နှစ်ပေလမ်းပေါ်၊ ပလိုင်းကိုထမ်း
ချောင်းစီးသံချို၊ ငှက်သံစုံတို့
နားရင်းစဉ်ရင်း ရွှင်ပြုံးကြည်နူး
ပျော်ခဲ့တဲ့ချိန် … သတိရတယ်
သူငယ်ချင်း … ၊

ဒီမြေဖွားလို့၊ ဒီသီးတွေစား
ဒီရေသောက်ပြီး အားပြည့်မာန်နဲ့
ရှေ့နောက် တောင်မြောက်
ခြေရာဖြန့်လို့ ကမ္ဘာပတ်သည့်တိုင်
အမိချင်းမြေ ဒို့ပိုင်မြေကို
စက္ကန့်လေးတောင် မမေ့မပျောက်
သတိရတယ် … သူငယ်ချင်း … ၊

အမိချင်းမြေ၊ ဒို့ပိုင်မြေကို
သတိရကြောင်း စာတွေဖွဲ့လည်း
ဒို့ချင်းမျိုးရဲ့ သုခဘုံမို့၊ နှိုင်းလို့မရ
သြော် … သတိရတယ်
အားလုံးကို … သူငယ်ချင်း … ။


Salai Lord Radar



Type the rest of your post here.

0 comments:

Post a Comment