Thursday 24 September 2009

ချင်းအမျိုးသားနေ့ပြဇာတ်

ရွေ့လျားနေတဲ့ သမိုင်းတွေ
ကြားယောင်နေတဲ့ အသံတွေ
အစစ်အမှန်ဘဲ
ဖေဖေါ်ဝါရီ၊ ဖေဖေါ်ဝါရီ
ငါတို့ရင်ထဲက ဖေဖေါ်ဝါရီ
မြင်နေပြီ၊ ကြားနေပြီ
ဇောချွေးတွေ မြိုက်မြိုက်ကျသံတွေ
နယ်ချဲ့ရန်ကို တွန်းလှန်သံတွေ
လဲပြိုသံတွေ ပြန်ထလာနေ
အားမာန်ပြည့် ရုပ်သွင်တွေ
ပြဇာတ်တစ်ပုဒ်လို ကြည့်ခဲ့ရချိန်။

သူတို့ဘာကို ကာကွယ်ခဲ့သလဲ
သူတို့ဘာကို မျှော်လင့်ခဲ့သလဲ
ကဲ… ငါတို့ ဘယ်လို ရှေ့ဆက်ကြမလဲ။ ။


Salai Sawkhlei




Type the rest of your post here.

0 comments:

Post a Comment