Thursday 24 September 2009

အောက်ချင်းငှက်သစ္စာ

တစ်မြေထဲဖွား ညီနောင်များတို့
စထက်များပြား တိုးပွားကြဖို့
တိုးတက်ရာသို့ မြဲရှေးရှုစို့။

တို့အမျိုး တို့အရိုး တို့ကောင်းကျိုးအတွက်
အရိုးကြေကြေ အရေခမ်းစေ
ခြေခိုင်ခိုင် မယိုင်မလဲ
တွဲတဲ့လက်တွေ မြဲမြဲမြံစေ။

လှေခွက်ချည်းကျန် အလံမလှဲ
စွဲမြဲသစ္စာ ခါးမှာပတ်လျှက်
သက်ပင်သေစေ အစေခံစို့။

လှပသာယာ အနာဂတ်မှာ
ညီညာလက်တွဲ မခွဲအတူ
လွန်ကြည်ဖြူလို့
ချင်းလူမျိုးတို့ သွေးစည်းကြစို့။ ။

တာန်ပေါင်ရှန်းလျန် (ဆေး – ၂)
ရန်ကုန်





Type the rest of your post here.

0 comments:

Post a Comment