ခိုင်လင်း / ၁၁ စက်တင်ဘာ ၂၀၀၉
မန္တလေးတိုင်း၊ အထက်ပိုင်း တကောင်းဒေသတွင် နအဖနှင့် တရုတ်သတ္တုရှာဖွေရေး ကုမ္ပဏီတို့ အကျိုးတူဖက်စပ်လုပ်ကိုင်မည့် နီကယ်လ်ထုတ်လုပ်ရေးစီမံကိန်းတွင် အသုံးပြုရန် စက်ယန္တရားများကို တရုတ်-မြန်မာနယ်စပ်မှတဆင့် ယနေ့ စတင်ပို့ဆောင်နေသည်။
မြန်မာနိုင်ငံဘက်သို့သွားမည့် ဝန်ချီစက်ယန္တရားယာဉ်များနှင့် ကျောက်ခဲကြိတ်ခွဲစက် များ တင်ဆောင်ထားသည့် ယာဉ်စုစုပေါင်း (၁ဝ) စီးကို နယ်စပ်ဂိတ်တွင် တွေ့ခဲ့ရသည်ဟု မူဆယ်မြို့တဖက်ကမ်း ကျယ်ဂေါင်မြို့ခံတဦးက ပြောသည်။
၎င်းက “ဟိုက်ဒရောလစ် ဝန်ချီစက်ယာဉ်တခုကို ကားတစီးနှုန်းနဲ့ တင်ထားတဲ့ ကားကြီးက (၅) စီး၊ ခဲတွေကြိတ်ခွဲတဲ့ သတ္တုအိုးကြီးတွေ ပါတဲ့စက်တွေ တင်ထားတဲ့ကားက (၅) စီး။ အဲဒီကားတွေမှာ ရေးထားတာက သတ္တုတွင်းဝန်ကြီးဌာန၊ တကောင်းနီကယ်လ်စီမံကိန်း (တာဝန်) ဆိုပြီး ရေးထားတဲ့ စာရွက်ဖြူတွေ လေးငါးခုလောက် ကားတိုင်း ကားတိုင်းမှာ ကပ်ထား တယ်” ဟု ပြောသည်။
တကောင်းဒေသတွင် နီကယ်လ်ထုတ်လုပ်ရန်အတွက် တရုတ်နှင့် မြန်မာအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ယမန်နှစ်အတွင်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏကို အတိအကျ မသိရပေ။
မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းဌာန၏ စာရင်းဇယားကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်အရ ယမန်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂ဝဝ၇ ခုနှစ်ထက် (၉၃.ဝ၆) ရာနှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၉၇၄.၉၉၆) သန်းရှိခဲ့ရာ သတ္တုတူးဖော်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၈၆ဝ.၉၉၆ ) သန်းရှိခဲ့သည်။ တရုတ်နိုင်ငံက ယမန်နှစ်အတွင်း သတ္တုတူးဖော်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၈၅၅.၉၉၆ )သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။
ယခုနှစ် မတ်လအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းအဆင့်မြင့် ခေါင်းဆောင်တဦးဖြစ်သည့် Mr. Li Changchun မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်စဉ် မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်ပြည် ကူမင်မြို့သို့ ဖောက်လုပ်မည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်ရေးနှင့် မေခနှင့်မလိခ မြစ်ဆုံရေကာတာ ရေအားလျှပ်စစ် စီမံကိန်းများကို စတင်ဆောင်ရွက်ရန် နအဖနှင့် သဘောတူညီချက်ရရှိခဲ့သည်။(ခေတ်ပြိုင်)
------------------------------------------------------------------------------
ဌာနဆိုင်ရာသတင်းများ မထုတ်ပြန်ရန် နအဖ တားမြစ်
မျိုးချစ်သူ/ ၁၁ စက်တင်ဘာ ၂၀၀၉
ပြည်တွင်းသတင်းဂျာနယ်များအား မည်သည့်သတင်းမျှ ထုတ်ပြန်ပြောဆိုခြင်းမပြုရန် ဌာနအသီးသီးသို့ သက်ဆိုင်ရာ ၀န်ကြီးဌာနများက အကြောင်းကြားထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနခွဲတခုမှ အရာထမ်းတဦးက ပြောသည်။
“ဘာကြောင့် သတင်းတွေ မထုတ်ပြန်ပါနဲ့လို့ ညွှန်ကြားတယ်ဆိုတာတော့ တိတိကျကျ မသိရဘူး။ တချို့လူကြီးတွေက ဂျာနယ်သတင်းထောက်တွေလာရင် အားလုံးပြောပြတတ်တယ်။ တယောက်နဲ့တယောက် ယုံကြည်မှုရှိနေတာလည်းပါတယ်။ ဌာနတွင်းဖြစ်နေတာတွေ၊ ၀န်ထမ်းဘ၀ အဆင်မပြေမှုတွေ စတာတွေပေါ့လေ။ ပြည်ပသတင်းတွေထဲမှာ ပြည်တွင်းက ဖြစ်ပျက်တာတွေအားလုံး လျှို့ဝှက်တာကအစ သတင်းတွေတက်နေတာ ပိတ်ဖို့ဖြစ်မယ်ထင်တယ်” ဟု အဆိုပါအရာထမ်းက ပြောသည်။
ဝန်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ရန်ကုန်တွင်ကျန်ရှိသော အစိုးရဌာန၀န်ထမ်းများက နေပြည်တော် ၀န်ကြီးဌာနများသို့ ဆက်သွယ်မေးမြန်း စုံစမ်းပေးမှုများလည်းရှိကြောင်း သိရသည်။
“ကျနော်တို့ သတင်းရယူဖို့အတွက် တချို့အရာရှိတွေက နေပြည်တော်ကို မေးပေးတာမျိုးတွေ ရှိတယ်ခင်ဗျ။ အရာရှိတချို့က အတော်လေးကို သတင်းဂျာနယ်တွေအပေါ် သဘောထားကြီးတာတွေ ရှိပါတယ်” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
ဘဏ္ဍာရေးနှင့် အခွန်ဦးစီးဝန်ထမ်းတဦးက “ကျနော်တို့က ပြောချင်ပေမယ့်လည်း အထက်က မပြောရဘူးဆိုတော့ မပြောရဲဘူးဗျ။ ခက်တာက ကျနော်တို့ဌာနက ပြည်သူတွေ သိသင့်တာတွေကို ချပြ၊ ထုတ်ပြန်ပေးရတာလေ။ ဒါကို မပြောရဘူး ဆိုတော့ ဂျာနယ်တွေမှာလည်း ရေးစရာမရှိတော့ဘူး။ စာပေစိစစ်ရေးက ပယ်တာနဲ့၊ ဌာနဆိုင်ရာတွေက မပေးတာနဲ့ ပြည်သူတွေလည်း သတင်းမှန်တွေ မသိရတော့ဘူး။ ကြာလာတော့ မြန်မာနိုင်ငံက ဂျာနယ်တွေမှာ အနုပညာရှင်တွေ အကြောင်းနဲ့ ထမင်းစားရေသောက် သတင်းတွေပဲ ပါတော့တယ်” ဟု ပြောသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Friday, 11 September 2009
နီကယ်လ်ထုတ်လုပ်ရေးအတွက် တရုတ်စက်ယန္တရားများ မြန်မာဘက်သို့ပို့ဆောင်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment