မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အခြေအနေမှာ နှစ်ဖက် စစ်တပ်များကို ပိုမို တိုးချဲ့ ချထား လာနေကြသဖြင့် အခြေအနေမှာ တင်းမာလျက်ရှိသည်။
(မြန်မာဘက်က စစ်ရေးပြင်ဆင်မူများ)
နယ်စပ် စစ်ရေးဆိုင်ရာ သတင်းရပ်ကွက်အရ မြန်မာဘက်မှ နယ်စပ်တလျောက်ရှိ တောထဲများတွင် ယာယီ စစ်ရေး စခန်းများကို တည်ဆောက်နေပြီး အဆိုပါ တည်ဆောက်မူကို ကကကြည်း၏ ညွန်ကြားချက်အရ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ပလက်ဝမြို့နယ် လက်ပံဝ စခန်း အပါအ၀င် နယ်စပ် စခန်းများကို အမာခံ ခံစစ်စခန်းအဖြစ် တည်ဆောက်နေပြီး အနီးအနားမှ ကျေးရွာသားများကို ပေါ်တာဆွဲ ခိုင်းစေလျက်ရှိသည်။ လက်ပံဝ စခန်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရိုဘင်ခရိုင် တောင်ဘက်ပိုင်း အစွန်အဖျားတွင် တည်ရှိသော မော်တုတ်ကျေးရွာနှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသည်။
မြန်မာဘက်က နယ်စပ် တလျောက် တပ်စွဲထားသော တပ်ရင်းများမှာ ခလရ ၅၅၊ ခလရ ၂၀၊ ခမရ ၂၃၄၊ ၂၆၃၊ ၃၄၄၊ ၂၃၃၊ ၂၈၉ နှင့် ၅၃၈ တို့ဖြစ်ပြီး ပလက်ဝမြို့တွင် ဗျူဟာ အမှတ် (၁) ကို တိုးချဲ့ ဖွင့်လှစ်ထားသည်။
မြန်မာဘက်ကမှ နယ်စပ်တလျှောက် ကာရံနေသော ခြံစည်းရိုးကို ဆက်လက်ကာရံနေပြီး အဆိုပါ ကာရံမူကို နယ်စပ်မျဉ်း ဇီရိုလိုင်းမှ ကိုက် ၁၀၀ အတွင်း ကာရံနေသည်ဟု သိရသည်။
(ဘင်္ဂလာဒေခ်ျ့ဘက်မှ စွပ်စွဲချက်များ)
စက်တင်္ဘာလ ၂၉ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ အတွင်း တည်ရှိသော မီးတိုက် နစက စခန်းမှ မြန်မာ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့တဖွဲ့သည် သတင်းအချက်အလက်များ စုဆောင်းရန်နှင့် မြေပြင် အခြေအနေကို လေ့လာရန် ဘင်္ဂလာဒေခ်ျ့ ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲထားသည်။
၎င်းပြင် မြန်မာ တပ်ဖွဲ့များသည် ဘင်္ဂလာနိုင်ငံအတွင်းသို့ အကြိမ်ကြိမ် ကျူးကျော် ၀င်ရောက်ခဲ့ပြီး သေနတ်များ ပစ်ဖေါက်ခဲ့သည်ဟုလည်း ဘင်္ဂလာ စစ်တပ်က ပြောသည်။
မြန်မာ စစ်တပ်သည် နယ်စပ် (၅) ကီလိုမီတာ အတွင်း စစ်သား အများအပြားကို လက်နက်ကြီးများနှင့် အတူ ဖြန့်ကျက်ချထားပြီး နယ်စပ် တလျောက်တွင် စစ်ရေးလူပ်ရှားမူများကို ပြုလုပ်နေသည်ဟု ဘင်္ဂလာစစ်တပ်က ပြောသည်။
မြန်မာ စစ်အာဏာပိုင်များသည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ လေယာဉ်ကွင်းကို တိုးချဲ့နေပြီး စစ်ရေး လေ့ကျင့်မူများကိုလည်း ပြုလုပ်နေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ စစ်အစိုးရမှ စစ်ရေး တည်ဆောက်မူကို အကြီးအကျယ် ပြုလုပ်နေသလို စစ်ရေးအရ အသုံးပြုနိုင်ရန် ကားလမ်းများကို ပြုပြင်နေပြီး ဒုတိယကမ္ဘာ စစ်အတွင်းက အသုံးပြုခဲ့သော လေယာဉ်ကွင်းများကို ရှာဖွေ ပြုပြင်နေကြောင်း ပြောဆိုသည်။
စစ်တွေမြို့သို့ တိုက်ခိုက်ရေး လေယာဉ် ၁၃ စီးနှင့် တိုက်ရေယာဉ် ၁၂ စီးကို လွန်ခဲ့သော တရက်နှစ်ရက်က စပြီး ယူဆောင်လာပြီး ဖြန့်ကျက် ချထားသည်ဟုလည်း ဘင်္ဂလာဘက်က ပြောဆိုသည်။
(ဘင်္ဂလာဒေခ်ျ့ဘက်မှ ပြင်ဆင်မူများ)
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုကဲ့သို့ ရန်စနေမူများကို ရပ်တန့်ရန် မြန်မာဘက်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။ သို့သော်လည်း မြန်မာဘက်မှ အဆိုပါ တောင်းဆိုမူကို အရေးမစိုက်သည့်အပြင် အသိအမှတ်ပြုမူလည်း မရှိဟု ဆိုသည်။ သို့အတွက် ယခုအခါ ဘင်္ဂလာဒေခ်ျ့နိုင်ငံအနေဖြင့် စစ်ရေးပြင်ဆင်မူများကို တိုးမြှင့် လုပ်ဆောင် လာရသည်ဟု ဘင်္ဂလာ အစိုးရတာဝန်ရှိသူများက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ စစ်ဘက်ဆိုင်ရာ သတင်းအရ ဘင်္ဂလာစစ်တပ် တပ်မ တခုကို ရာမူး (ပန်းဝါ) နယ်ရှိ ဖါချက်ခါလီသို့ ရွှေ့ပြောင်းနေရာယူထားလိုက်သည်ဟု ပြောသည်။ ၄င်းအပြင် ဘင်္ဂလာရိုင်ဖယ်၊ ဘင်္ဂလာရဲနှင့် ပြည်သူ့စစ် (ဒေသအခေါ် အန်ဆာ) တပ်ဖွဲ့များကိုလည်း အများအပြား မြန်မာ ဘင်္ဂလာနယ်စပ်တွင် တိုးချဲ့ချထားလိုက်သည်။
ပြည်ထဲရေး ၀န်ကြီးဌာန အတွင်းဝန် Abdus Sobhan Sikder က မြန်မာဘက်မှ စစ်ရေး တိုးချဲ့ လာမူ အပေါ် စိုးရိမ်သဖြင့် ခါကာဆိုးရီ၊ ဘင်ဒရိုဘင်နှင့် ကော့ဘဇားခရိုင်များတွင် စစ်တပ်များ တိုးချဲ့ ချထားလိုက်ခြင်းကို အတည်ပြု ပြောဆိုသည်။
မြန်မာ နယ်စပ်နှင့် ကပ်ရပ်တည်ရှိနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်ကျောက်ဆရီမြို့နယ်နှင့် ကော့ဘဇားခရိုင်ရှိ နီလာမြို့နယ်နှင့် ဒင်ဒါမီယာ ဒေသရှိ လက်နက်ကိုင် တပ်ဖွဲ့များကို အသင့် အနေအထားဖြင့် နေထိုင်ရန် အထက်က ညွန်ကြားထားသည်ဟု ဆိုသည်။
(ပြဿာနာ ဖြစ်ပွားရသည့် အခြေခံ အကြောင်းအရင်း)
မြန်မာဘက်မှ နယ်စပ် တလျောက် ခြံစည်းရိုးကာရံ အတွက် စစ်သားအများအပြားကို နယ်စပ်တွင် တိုးချဲ့ချထားရာမှ ပြဿနာ စတင်သည်။ အဆိုပါ ခြံစည်းရိုး ကာရံမူကို မြန်မာဘက်မှ ကိုက် ၂၀၀ အတွင်း ကာရံရန် ယခင်က ပြောဆိုထားသော်လည်း လက်တွေ့တွင် နယ်စပ် ဇီရိုမျဉ်းမှ ကိုက် ၇၀ နှင့် ၁၀၀ အကြားတွင်သာ ကာရံသဖြင့် ဘင်္ဂလာဒေခ်ျ့ ဘက်မှ ကန့်ကွက်မူများ စတင်ပေါ်ပေါက်ခဲ့သည်။
အဆိုပါ အချိန်အတွင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မြန်မာ နိုင်ငံမှ ၀င်ရောက်နေထိုင်သူ ရိုဟင်ဂျာ ခေါ် မူဆလင် (၄) သိန်းခန့်ရှိသည်ဟု ဆိုကာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်း နှစ်ပေါင်းများစွာ နေထိုင်နေသူများကို မြန်မာ မူဆလင်များကို ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ မောင်းထုတ်နေသည်။
၂၀၀၉ ခုနှစ် ဇူလိုင်လ အတွင်းက ကော့ဘဇားမြို့တွင် ပြုလုပ်ခဲ့သော နှစ်ဘက်နိုင်ငံ နစကနှင့် ဘီဒီအာရ် အလံတင် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်များက ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိပါက တရားဝင် မြန်မာသို့ လွဲပြောင်းပေးရန် တောင်းဆို ခဲ့သော်လည်း ဘင်္ဂလာဘက်က လက်မခံဘဲ နယ်စပ်က တဆင့် မြန်မာနိုင်ငံသို့ မောင်းထုတ်ခဲ့သည်။ ယခုကဲ့သို့ ဘင်္ဂလာကိုယ်စားလှယ် အဖွဲ့မှ လက်မခံခြင်းမှာ ခိုးဝင်လာသူများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေခံ စာရွက်စာတန်းများ မပါဝင်သဖြင့် ပြန်ပို့ပါက နှိပ်စက် ထောင်ချခံရမည်ကို စိုးရိမ်၍ ဖြစ်သည်ဟု နယ်စပ် သတင်းရပ်ကွက်များက ပြောဆိုသည်။
ဘင်္ဂလာဒေခ်ျ့ဘက်မှ တရားမ၀င် ခိုးဝင်နေထိုင်သူများကို မြန်မာဘက်သို့ တရားဝင် လွဲပြောင်းပေးအပ်ခြင်း မရှိဘဲ နယ်စပ်မှ တဆင့် မောင်းထုတ်မူ အပေါ် မြန်မာဘက်က အထူး မကျေမလည် ဖြစ်ခဲ့ပြီး နယ်စပ် ခြံစည်းရိုးကာရံမူကို ကုန်းတွင်းချင်း ဆက်နေသော ဒေသများတွင် မြန်မာဘက်က အဆောတလျင် ပြုလုပ်လာခဲ့သည်။
တချိန်တည်းတွင် မြန်မာနှင့် ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ပြေလည်မူ မရဘဲ ရှိနေချိန်တွင် ဘင်္ဂလာဘက်မှ အဆိုပါ အငြင်းပွားရေပြင်ပိုင်နက်ကို အမေရိကန် ရေနံကုမ္ပဏီ ကိုနိုကို ဖိလစ်ကို ဂတ်စ် ရှာဖွေ တူးဖေါ်ရန် ဌားရမ်းလိုက်သဖြင့် မြန်မာ စစ်အာဏာပိုင်များကို အကြီးအကျယ် ဒေါသ သင့်စေခဲ့သည်။
(လက်ရှိ နယ်စပ် အခြေအနေ တင်းမာနေမူ အပေါ် လေ့လာသုံးသပ်သူများ၏ အမြင်များ)
၁၊ မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့ကို စစ်ရေးအရ ကျူးကျော်ကောင်း ကျူးကျော်နိုင်သည်။ ယခု အငြင်းပွားနေရာ ရေပြင်ပိုင်နက်တွင် ဂတ်စ် အကြီးအကျယ် ရှိနေသဖြင့် ဘင်္ဂလာဘက်မှ နယ်မြေ တခုခုကို သိမ်းပိုက်ပြီး ရေပြင်ပိုင်နက်နှင့် အလှဲအလှယ် လုပ်နိုင်သည်ဟု ဆိုသည်။
၂၊ မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို ရွှေ့ဆိုင်းလိုပါက ဘင်္ဂလာဒေခ်ျ့ကို စစ်ရေးအရ ကျူးကျော်ပြီး အဆိုပါ စစ်ကို အကြောင်းပြပြီး ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်ဟု လေ့လာသုံးသပ်သူ တချို့က ဆိုသည်။
၃၊ ယိုယွင်းနေသော မြန်မာ နအဖ စစ်တပ်ကို၎င်း၊ နအဖ စစ်အစိုးရ အပေါ် နာကြဉ်းနေသော မြန်မာပြည်သူများကို၎င်း ပြန်လည် စည်းလုံးလိုပါက နအဖ စစ်အစိုးရ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ကို စစ်ဆင်ပြီး တပြည်စစ်ဟု အကြောင်းပြကာ စည်းလုံးနိုင်သည်ဟု လေ့လာ သုံးသပ်သူ တဦးက ဆိုသည်။
၎၊ ယခင်ကလည်း မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား တင်းမာမူများပေါ်ပေါက်ခဲ့သော်လည်း သံတမန်နည်းအရ ဖြေရှင်းနိုင်ခဲ့ကြသဖြင့် ယခုတကြိမ်တွင်လည်း ပေါ်ပေါက်နေသော နယ်စပ် ပြဿနာကို နှစ်ဘက်နိုင်ငံ အနေဖြင့် သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ကြလိမ့်မည်ဟု လေ့လာသူ တချို့က ဆိုသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Sunday, 11 October 2009
ဘင်္ဂလာဒေခ်ျ့-မြန်မာနယ်စပ် တင်းမာမှုနောက်ဆက်တွဲ သတင်းနှင့် လေ့လာသုံးသပ်ချက်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment