Sunday, 11 October 2009

ရိဒ် နယ်စပ် ကုန်သွယ်ရေး အတွက် အရေးပါသော ကလေးမြို့တာဟန်းဈေး သစ်ကြီး

၂၀၀၉၊၁၀၊၁၁
တနင်္ဂနွေ
ရိဒ်နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသော ကလေးမြို့တာဟန်း ဈေးသစ် ကြီးကို ၂၀၁၀ ပြည့်နှစ် နှစ်ဦးပိုင်း တွင် ဖွင့်လှစ်နိုင်မည်ဟု သိရှိရပါ သည်။

အဆိုပါဈေးသည် ၂၀၀၆ ခုနှစ် တွင်မီးသင့်ခဲ့ပြီး ၂၀၀၇ခုနှစ်ဇန်န၀ါရီလမှ စတင်ပြန်လည်တည်ဆောက်ခဲ့သော ဈေးတစ်ဈေးဖြစ် သည်ဟု သိရှိရပါသည်။

''ဒီဈေးပြီးသွားရင် ရိဒ်နယ်စပ် ကုန်သွယ်ရေးကို အထောက်အကူပြု နိုင်လိမ့်မယ် လို့ထင်ပါတယ်။ ဒီဈေး ကအရင်မီးမလောင်ခင်က ဒေသ ရနံ့ ပါတဲ့ခေတ်မီ ကုန်ပစ္စည်းတွေ ရောင်း ချတဲ့ ဈေးတစ်ဈေးဖြစ်ပါတယ်။ ဒီ ဈေးကို ကလေးမြို့နယ် အနောက် မြောက်ဒေသနှင့် အနောက်ဘက်ရှိ ကျေးရွာများမှ လာရောက်ဈေးရောင်း ဈေးဝယ်လုပ်ကြပါတယ်''ဟု ဈေး ကော်မတီတစ်ဦးကပြောကြားသည်။

အဆိုပါ ဈေးသစ်ကြီးကို ခေတ်မီနှစ်ထပ်ဈေးသစ်ကြီး အဖြစ် ပြန်လည်တည်ဆောက်ပြီး ဈေးပတ် လည်ခြောက်ရုံနှင့်အတွင်းရုံနှစ်ရုံပါ
ဝင်ကာ ဆိုင်ခန်းပေါင်း၇၈၄ခန်း ပါ ၀င်သည်ဟုသိရှိရပါသည်။

၁ ဒသမ ၆၃၃ ဧကကျယ်ဝန်း သော ဈေးသစ်ကြီးမှာ ငွေကျပ် ၁၄၄၅၆ သိန်းကုန်ကျမည်ဟု အဆို ပါဈေးဆောက်လုပ်ရေး ကော်မတီမှ သိရှိရသည်။

''ဈေးတည်ဆောက်ရေးက ၇၀ ရာခိုင်နှုန်းလောက်ပြီးပြီ။ အောက် ထပ်တွေကို အရင်ကဈေးသည်တွေ ကိုပြန်ပြီးနေရာချထားတယ်။ အပေါ် ထပ်တွေက ရောင်းစရာကျန်သေး တယ်။ အခုဆို ဖလမ်း၊ တောင်ကြီး၊ လားရှိုးနဲ့ ရန်ကုန်ကလူတွေပါလာဝယ် ကြတယ်။ ဆိုင်ခန်းတစ်ခန်းကို အနိမ့် ဆုံးဈေး ကျပ် ၁၆ဒသမ၅သိန်းနဲ့ အမြင့် ဆုံးဈေးကျပ် ၂၂ သိန်းရှိပါ တယ်။ ဈေးပတ်လည်ရုံတွေနဲ့အထဲ မှာနှစ်ထပ်ရုံနှစ်ရုံပါပါမယ်'' ဟု ဈေး ကော်မတီဝင်တစ်ဦးက ပြောကြားခဲ့ ပါသည်။ တည်ဆောက်ဆဲ ခေတ်မီ ဈေးသစ်ကြီးတွင် မီးဘေးလုံခြုံရေး အတွက်မီးသတ်ငုတ် ၁၄ ခု တပ် ဆင်ထားပြီး၊ အမြင့်တင်ရေကန် ၃၇၅၀ ဂါလန်ဆံ့တစ်ကန်နှင့်၊ မြေ အောက် ရေကန် ၆၀၀၀ ဂါလန်ဆံ့ တစ်ကန်ပါဝင်ကာ တာဟန်းဈေး သစ်ကြီးပြီးစီးပါက ကလေးမြို့နယ် တွင် ပထမဆုံး နှစ်ထပ်ဈေးသစ်ကြီး ဖြစ်လာမည်ဟု သိရှိရပါသည်။

မေးလ်ပေးပို့သူအားကျေးဇူးတင်ရှိပါကြောင်း


0 comments:

Post a Comment