Monday, 12 October 2009 18:24 ရန်ပိုင်
ငွေစက္ကူ ၅၀၀၀ ကျပ်တန် ထုတ်ဝေခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားသို့ တင်ပို့နေသည့် ပဲမျိုးစုံဈေးနှုန်းများ ရုတ်တရက် မြင့်သွားသောကြောင့် ပဲကုန်သည်များ တက်ဈေးပေး ဝယ်ယူနေရကြောင်း ကြားသိရသည်။
“၅၀၀၀တန် အသစ်ထွက်ပြီးနောက်ပိုင်း မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ အကုန်တက်တယ်၊ ရာသီအစမှာ အမြင့်ဈေး တွေနဲ့ဝယ်နေရတယ်” ဟုပြည်မြို့မှ ပဲကုန်သည်တဦးက ပြောသည်။
ကုလားပဲဈေးမှာ တတင်းလျှင် ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ကျပ်၊ ပဲတီစိမ်းမှာ ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ဈေးနှုန်းသို့ ရုတ်တရက် မြင့်တက်သွားသည်ဟု သိရသည်။
“ဒီလကုန် ပဲပေါ်ရင် အင်နဲ့အားနဲ့ လုပ်ရတော့မှာ ဈေးတက်တော့ အရင်းအနှီးက မနှစ်ကထက် နှစ်ဆလောက် ပို သွားတာပေါ့” ဟု အဆိုပါ ပဲကုန်သည်က ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ပဲတီစိမ်း တတင်းခွဲ အိတ် ၅၀၀ ခန့်ကို ကျပ်သိန်း ၁၀၀ ၀န်းကျင်သာရှိသော်လည်း၊ ယခုနှစ် ပဲတီစိမ်း ပေါ်စအချိန်တွင်ပင် ထိုရင်းနှီးငွေပမာဏသည် အိတ် ၂၀၀ ခန့်သာ ရတော့မည်ဟု ပခုက္ကူမြို့မှ ပဲကုန်သည်တဦးက ခန့်မှန်းပြောဆိုသည်။
“မနှစ်က ပဲတီစိမ်းရာသီအစမှာ တတင်း ၁၂၀၀၀ ကျပ်၊ အခုတော့ ရာသီဦးမှာတောင် ၃၀၀၀၀ ကျပ်ဈေးဖြစ်နေပြီ” ဟု အဆိုပါပဲကုန်သည်က နှိုင်းယှဉ်ပြသည်။
ယခုအခါတွင် ပဲတီစိမ်းကို ရန်ကုန်အခြေစိုက် နိုင်ငံခြားတင်ပို့သည့် ကုမ္ပဏီများမှ ၀ယ်ယူနေသောကြောင့် ဈေး နှုန်းများ ပိုမိုတက်လာနိုင်သည်ဟု ဘုရင့်နောင်ပွဲရုံတန်းမှ ပဲလုပ်ငန်းရှင်တဦးကလည်း ခန့်မှန်းပြောဆိုသည်။
“အိန္ဒိယက ဒီနှစ် ပဲအထွက်ဆုတ်တယ်လေ၊ ဒါကြောင့် ၀ယ်မှာကတော့ ကျိန်းသေပဲ၊ အခုကတည်းက အဆင့်သင့် ဖြစ်အောင် ၀ယ်ထားရမယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ပဲဈေးနှုန်း ငြိမ်သက်နေခဲ့သော်လည်း ယခုအောက်တိုဘာလအတွင်း ဈေးနှုန်းမငြိမ်မသက် ဖြစ်ရခြင်းမှာ နိုင်ငံတကာပဲဈေးကွက်တွင် ဈေနှုန်းအနည်းငယ် မြင့်တက်လာခြင်းနှင့် စစ်အစိုးရက ၅၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ ထုတ်ဝေခြင်းကြောင့် ဖြစ်ကြောင်း ဘုရင့်နောင် ပဲ လုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။
ပဲတီစိမ်းတတန်လျှင် ယမန်နှစ်က ဒေါ်လာ ၈၀၀ သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဒေါ်လာ ၁၁၀၀ မှ ၁၁၅၀ ၀န်းကျင်တွင် ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ငွေလဲလှယ်မှုဈေးနှုန်းများ ကျဆင်းသွားသည့်အတွက် ပဲမျိုးစုံ အဓိက ၀ယ်ယူနေသည့် အိန္ဒိယနိုင်ငံမှ ကုန်သည်များ မ၀ယ်ယူတော့ဘဲ ပဲဈေးကွက်တွင် ကြိုတင် ရောင်းဝယ် သော ကြိုပွိုင့် စနစ်ကို ကျင့်သုံးသည့် ကုန်သည်များစွာ အရှုံးပေါ်ခဲ့သည်။ ၎င်းနောက်တွင် အရောင်းအ၀ယ်များ ပျက်ပြားကာ ငွေကျပ် သန်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အတွက် ပဲဈေးကွက်တွင် ယုံကြည်မှု ပျက်ပြားသွား ခဲ့ပြီး ထိုပြဿနာ၏ ဂယက်ရိုက်ခတ်မှုကြောင့် ယခုနှစ်တွင် ကုန်စည်စီးဆင်းမှု နှေးကွေး သွားကြောင်း ပြည်မြို့မှ ပဲလုပ်ငန်းရှင်ကပြောသည်။ု
“မနှစ်ကတော့ ကျပ်သိန်း ၁၀၀၀ ဖိုးဝယ်ရင် ကုမ္ပဏီက သိန်း ၅၀၀ လောက်ပေးထား၊ ကျန်တာအကြွေး၊ ဒီနှစ်ကတော့ သိန်း ၅၀၀ တတ်နိုင်ရင် ၅၀၀ ပဲဝယ်၊ အကြွေးမရဘူး အဲဒီတော့၊ ကုန်စည်စီးဆင်းမှုနှေးတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခင်က ပဲဝယ်သည့် ကုန်သည်များမှာ တ၀က်ငွေချေပြီး တ၀က်အကြွေးစနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်သည့် အတွက် သွက်လက်စွာရောင်းဝယ်နိုင်ကြောင်း၊ ယခုနှစ်တွင်မူ ကုမ္ပဏီများက ငွေအင်အား တတ်နိုင်သလောက် သာ ၀ယ်ယူသည့်အတွက် ပဲတီစိမ်းမြောက်မြားစွာ ဈေးကွက်အတွင်းသို့ ၀င်ရောက်လာလျှင် ထိန်းထားရန် မလွယ်ကူကြောင်း အဆိုပါကုန်သည် က သုံးသပ်သည်။
မြန်မာနိုင်ငံမှ ထွက်သည့် ပဲမျိုးစုံကို အဓိက၀ယ်ယူသည့် အိန္ဒိယ နိုင်ငံသည်လည်း ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြည်တွင်းပဲအထွက် လျော့ကျမည်ဟုခန့်မှန်းသည့်အတွက် မြန်မာ နိုင်ငံမှသာ အများဆုံးဝယ်ယူတင်သွင်းရလိမ့် မည်ဟု ပဲဈေးကွက်တွင် ခန့်မှန်းပြောဆိုနေကြကြောင်း သိရသည်။(ဧရာဝတီ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Monday, 12 October 2009
ပြည်ပပို့ ပဲဈေးနှုန်းများ မြင့်တက်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment