Thursday, 22 October 2009

ချင်းပြည်နယ် ရိဒ်၊ တီအိုချောင်း နှစ်ဖက်ကုန်သွယ်ရေး အခြေအနေ

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ ရောင်းရေးဝယ်တာကောင်းလှ
တယ်လို့ ဆိုရပေသော်ငြားလည်း မူဆယ်နယ်စပ်တို့လို၊တမူးနယ်စပ်
ဘက်တို့လို ဆယ်ဘီးကား၊ ရှစ်ဘီးကားမျိုးနှင့် လေးငါး ဆယ်စင်းအုပ်စု
လိုက် သယ်ကြပို့ကြ၊ရောင်းကျဝယ်ကျတာမျိုးရှိတဲ့ နယ်စပ်မှာ မဟုတ်
သေးပါဘူး။ မီးခြစ်ပုံးသာသာအရွယ်ရှိတဲ့ ဟိုင်မွာလ်ဂျစ်မှာ ကုန်ဆန့်သ
လောက် အပြည့်အမောက်တင်ပြီး အပေါ်မှာကခရီးသည်နိုင်သ
လောက်တင်ပြေးတဲ့ ကားမျိုးတွေ ပြေးတာဖြစ်ပါတယ်။

ရိဒ်ကို ပြေးဆွဲတဲ့ကားဆိုတာ အထူးစီးမံထားတဲ့ကားလို့တောင်ပြောလို့ရ
ပါလိမ့်မယ်။ဘော်ဒီရှေ့က ဂျစ်ကားလို့ဆိုသော်လည်း ပါဝါစတီယာရင်၊
လေးထုပ်ဆိုရင် အပိုး အထပ်၊ ဖရိန်ကလည်း အပိုးအထမ်း၊ အင်ဂျင်က
လည်း ကားကြီးအင်ဂျင်၊ တင်လိုက်ပြီဆိုရင်အနည်းဆုံးသုံးတန်လောက်
တင်တယ်။ အပေါ်ကမှ ခရီးသည်ဆယ်ဦးလောက်ကို တင်သေးတယ်။
ကားထွက်ပြီဆိုတာနဲ့ မပါ မပြီးပစ္စည်းတွေရှိသေးတယ်။ဟိုင်မွာလ်ဂျစ်
ကားတိုင်းမှာ ပေါက်ပြား၊ ဂေါ်ပြား၊ ဓားမ၊ ကြမ်းတုံး၊ သံကြိုး မပါမပြီး
ပါရတယ်။သံပေါက်ပြားပါရတယ်။ကိုယ့်လမ်းကိုထွင်သွားရတဲ့ လမ်းမျိုး
တွေဆိုတော့ပစ္စည်းအစုံပါရတယ်။ပြီးခဲ့တဲ့မိုးတုန်းကဟိုင်မွာလ်ရွာသစ်
နဲ့ နှစ်ညသုံးရက်အိပ်၊ဗွက်ရုံးရတယ် ကြားလိုက်သေးတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်ရာသီကစတင်လို့ ကလေး၊တီးတိန်၊တီးတိန်ရိဒ်
သက်ဆိုင်ရာကလမ်းတွေပြုပြင် ကလေး၊တီးတိန်ကတော့ကတ္တရာလမ်း
နီးနီးဆိုပါစို့။တချို့နေရာကျောက်ခင်းလမ်း မြေသားလမ်းကွက်ကြား ရှိ
နေသေးသကိုး၊တီးတိန်ရိဒ်ခရီးစဉ်ကတော့ မြေသားလမ်း မိုးရွာချလိုက်
ရင်ရွှံဗွက် ထတယ်။နေပူရင် ဖုန်ထတယ်။အခုတော့ ဘူဒိုဇာနဲ့ထိုးမြေ
ညှိထားလို့ လမ်းကျယ်တယ်၊မြေညီတယ်၊ဖုန်ပေါတယ်။လမ်းကောင်း
လာတော့အသွားအလာပေါတာပေါ့။ကုန်သည်စကားပြောရရင် ကုန်
စည်စီးဆင်းမှု မြန်ဆန်သွက်လက်လာတာပေါ့။နယ်စပ်ကုန်သွယ်ရေး
ကလာတဲ့ သတင်းများအရ အခုဖေဖော်ဝါရီလ တစ်လတည်း ကုန်
သွယ်မှုပမာဏ တစ်သိန်းကျော်ရှိတယ်လို့ဆိုတယ်။ယခုဘဏ္ဍာနှစ်ရဲ့
အမြင့်ဆုံးကုန်သွယ်မှုလို့လည်းဆိုတယ်။နောက်အနိမ့်ဆုံးကုန်သွယ်မှု
ဆိုတာရှိသေးလေရဲ့တဲ့။ အရပ်စကားနဲ့ပြောရရင် စက်တင်ဘာလ
ကုန်တုန်းကတော့ တော်တော်ဆိုးဆိုပဲ။ကုန်သွယ်မှုပမာဏ အမေရိ
ကန်ဒေါ်လာ ၀.၂၃၆ သန်းသာရှိခဲ့သတဲ့။ ထုံးစံအတိုင်း မိုးတွင်းကာလ
လည်းဖြစ်တော့သွားရေးလာရေး၊ရောင်းရေးဝယ်ရေးကလည်းနည်းသ
ကိုးနော့။သည်ဘက်ကုန်သွယ်မှုလမ်းကြောင်းမှာ လေ့လာကြည့်ရတာ
ငွေပင်ငွေရင်း ကြီးကြီးမားမားနဲ့ ပုံအောလုပ်နေတဲ့ ကုန်သည်ကြီးမျိုး သိပ်မတွေ့ရ တော့ပါဘူး။ ရှိချင်လည်းရှိနေပါလိမ့်မယ်။ ဒါပေမယ့် အတွေ့ရများနေတာက ကူသယ်ခေါက်သယ်သမားတွေများတယ်။ ကုန်သည် အလတ်တန်းစားလို့ ဆိုနိုင်တဲ့သူတွေရှိတယ်။

အခုလတွေမှာ ပို့ကုန်ပမာဏတွေကိုပဲကြည့်၊ ဂျင်းပဲလို့ခေါ်တဲ့ ပဲရင်း၊ (ချင်းတောင်ဒေသထွက်ပဲ)၊ ကွမ်းသီး၊ ကွမ်း သီးကတော့ ဟိုဘက် နယ်စပ် ကုန်သွယ်ရေးမတိုင်ခင် ကာလကစ အရောင်းအ၀ယ် ရှိနေနှင့်ပြီးသား ဖြစ်ပါတယ်။ ကားမသွားနိုင်ခင်နှစ်များကစလို့ မြင်းတွေ၊ လားတွေနဲ့ တင်ပို့ရောင်းချမှု ရှိနေခဲ့ပါတယ်။ အလှကုန်၊ လူသုံးကုန်၊ အင်ဗာတာအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း၊ ဘက်ထ္ထရီအိုးအမျိုးမျိုးကတော့ အရောင်းအ၀ယ်ဖြစ်လာတာ မကြာသေးဘူး။ အများဆုံးအရောင်းအ၀ယ်ဖြစ်တာက ၀က်အရှင်ဖြစ်ပါတယ်။ သူကတော့ ကြိုက် သလောက်ယူလာခဲ့ အရောင်းအ၀ယ်ဖြစ်တယ်။အပြတ်ပဲ။ အခုနှစ် တန် ၄၀၀၀ ၀ယ်မယ်လို့ကြားတယ်။ အခုရက်ပိုင်း မြန်မာပြည်ဘက်ကို ပြန်တင်သွင်းနေတဲ့ကုန်စည်ကတော့ Potash နဲ့ Urea ဓာတ်မြေဩဇာ ဖြစ်ကြောင်း သိရတယ်။ နှစ်စဉ် မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသက ပုံမှန်ဝယ်ယူမှုရှိတဲ့ ကုန် စည်တွေကတော့ ဗီဗီ (VE VE) အချိုရည်ဘူး ကစလို့ ငါးသေတ္တာ၊ ဆပ်ပြာမှုန့်၊ ရွှေဝါဆပ်ပြာ၊ ပလတ်စတစ် အိတ်၊ မုန့်မျိုးစုံ၊ တောစီးဖိနပ် ဓာတ်ဘူး၊ စောင်နဲ့ အ၀တ်အထည်တွေ ၀ယ်ယူမှုများပါတယ်။ အခုရော ရိဒ်နယ် စပ်ကုန်သွယ်ရေး၊ ရိဒ်ခေါဒါးရ်မြို့ကို သွားမယ်ဆိုရင် ခရီးသည်တစ်ဦးကို ရှစ်ထောင်ကျပ်ပေးရပါတယ်။ ကလေးမြို့ကနေ တီးတိန်မြို့ကို ၅၇ မိုင်ရှိပြီး၊ သုံးနာရီဝန်းကျင် ကားစီးရပါတယ်။ တီးတိန်မြို့ကနေ ရိဒ်နယ် စပ်အထိ မိုင် ၃၀ ရှိပါတယ်။ လမ်းမှာ နားနားနေနေသုံးနာရီလောက် သွားရပါတယ်။ စုစုပေါင်း ခြောက်နာရီ လောက် ကားစီးရပါတယ်။ ကုန်ပစ္စည်းဆိုရင် တစ်ပိဿာ တန်ဆာခ ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ဝန်းကျင် ပေးရပါတယ်။

ရိဒ် - ကလေးခရီးလမ်း တစ်လျှောက်မှာ စားလို့သောက်လို့၊ တည်းလို့ခိုလို့ ရတဲ့ထမင်းဆိုင်၊ လက်ဖက် ရည်ဆိုင်တွေရှိပြီး ရိဒ်နယ်စပ်စခန်း ရိဒ်ခေါဒါရ်းမြို့မှာ သီးသန့်တည်းခိုခန်းဘန်ဂလိုနဲ့ တည်းမယ်၊ ခိုမယ်ဆိုရင် တစ်ည၀န်ဆောင်ခ သုံးထောင်ကျပ်လို့ သိရပါတယ်။ ကိုယ်သယ်လာတဲ့ ကုန်ပစ္စည်း ရောင်းဝယ်မှုကိုတော့
နယ်စပ်မှာရှိတဲ့ ပွဲစားတွေက တစ်ဆင့်ရောင်းရပြီး၊ပြန်ဝယ်ချင်တဲ့ပစ္စည်းကိုလည်း ပွဲစားတွေကတစ်ဆင့်ဝယ်ယူကြရတာ များပါတယ်။ ရိဒ်နယ်စပ်စခန်းနဲ့ တစ်ဖက်နိုင်ငံ ကြံဖိုင်မြို့လေးဟာ မိုင်၂၀လောက်ဝေးပြီး တစ်နာရီနီးပါး ကားစီးမှ ဟိုဘက်ဈေးမြို့ကို ရောက်ပါတယ်။ချင်းတိုင်းရင်းသားများနှင့်မြန်မာ ပြည်သူများ ကုန်သွယ်ရေးတစိတ်တဒေသကို တင်ပြလိုက်ပါသည်။

မေးပို့ပေးသူအား အထူးကျေးဇူးတင်ရှိပါကြောင်း(Voice of Chindwinn)

0 comments:

Post a Comment