Monday 25 January 2010

ချင်းအတွက်ချင်းအဆက်

ချင်းဟူသမျှ -မရှိရ ဟု
ဆိုကြပါမူ - ခေါင်းယူစေခြင်း
လည်ကို စင်း၍ - ရှင်းလင်းခံမည်
ချင်းသည်ချင်းသာ - ဖြစ်ပါမည်

ချင်းအရေး ချင်းမှ - မလုပ်ရ ဟု
ဆိုကြစဉ်လတ် - လက်ကို ဖြတ်၍
ခြေထပ်ပိုင်းပါ - ကြွင်းခန္ဓာဖြင့်
ဆက်ကာလုပ်မည် - မဆုတ်ပြီဟု

ချင်းသည် ချင်းအရေး - လက်မနှေး
ချင်းအမျိုးကောင်းရာ - တွေးကြံပါမူ
သံပူချွန်စိုက် -ခေါင်းတွင် ရိုက်၍
ယူနှိုက်ဦးနှောက် - ချေမှုန်းဖျောက်စေ
မကြောက်နေရက် - သေလမ်းထက်က
ချင်းအတွက်ချင်းအဆက် - တွေးကြံလျှက်

တောင်ပေါ်သား



0 comments:

Post a Comment