Sunday 25 July 2010

ယနေ့ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ၏ ၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများ


ယခုနှစ်တွင် ကမ္ဘာ့ခေါင်းဆောင်များ၏ ၈ ရာခိုင်နှုန်းကျော် ကျော်သည်
အမျိုးသမီးခေါင်းဆောင် များဖြစ်နေသည်ကို တွေ့ရသည်။

ယခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ နိုင်ငံများ၏ ရွေးကောက်ပွဲများတွင် သြစတြေးနိုင်ငံမှ ခေါင်းဆောင် ဂျူလီ ယာဂဲလာ့ဒ်အပါအဝင် နိုင်ငံများရဲ့ အမြင့်ဆုံးခေါင်းဆောင်များအဖြစ် အမျိုးသမီး ခေါင်းဆောင် လေးဦး ရွေးချယ်ခံခဲ့ရသည်။ ဂျူလီယာ ဂဲလာ့ဒ်သည် သြစတြေးနိုင်ငံ၏ ရွေး ကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ်ရွေး ကောက်တင်မြှောက်ခံရပြီး ယနေ့ ကမ္ဘာ၏ ၁၆ ယောက်မြောက် နိုင်ငံ့ ခေါင်းဆောင် အမျိုးသမီးဖြစ်လာ သည်။

၂ဝဝ၉ ခုနှစ်ကလည်း အိုင်ယာလန်၊ ခရိုအေးရှား(Croatia)၊ လစ်သူယားနီးယားနိုင်ငံ တို့တွင် အမျိုးသမီးခေါင်းဆောင်များ ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။ အခြားတစ်နေရာဖြစ်သည့် လစ်ဗေး ရီးယား(Liberia)တွင်လည်း အဲလင် ဂျွန်ဆန်ဆာလိဖ် သည် သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး အာဖရိကတစ်တိုက်လုံးတွင်ရှိသော ခေါင်းဆောင်များအနက် တစ်ဦး တည်းသော အမျိုးသမီး ခေါင်းဆောင် ဖြစ်လာ သည်။ ဂျာမနီနိုင်ငံ၏ အဓိပတိဖြစ်သော အိန်ဂျလာမာ ကယ်လ်သည်လည်း ဥရောပနိုင်ငံ ရေးဇာတ်ခုံပေါ်တွင် အဓိကကစား သမားတစ်ဦး ဖစ်သည်။ အိုင်ယာ လန်နိုင်ငံ၏ အမျိုးသမီးသမ္မတ ဂျိုဟန်နာသည်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်သည်။

အင်္ဂလန်တွင် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသည့် မာဂရက်သက်ချာ သည် ပထမဦးဆုံးနှင့်တစ်ဦးတည်း သော အင်္ဂလန်၏ အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၃ဝ ခန့် အာဏာ ရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ရှားရှားပါးပါး ခေါင်းဆောင်များကို ထင်သာအောင်ပြရလျှင် သို့မဟုတ် အမျိုးသမီးများ၏ အောင်မြင်မှုကို ပြရလျှင် ယနေ့ ကမ္ဘာ့ပါဝါအချို့ကို ချုပ်ကိုင်ထားသူ များအနက် အမျိုး သမီး ၁၆ ဦး ပါဝင်သည်ဟု ဆိုရပါ မည်။(အင်တာနက် Group)



0 comments:

Post a Comment