Saturday, 22 October 2011

အကျဉ်းသား လဲလှယ်ရေးကို ချက်ချင်းရပ်ဆိုင်းရန် Stop detainee-swap deal

October 22, 2011
မြန်မာဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကိုဆောင်ရွက်ပေးပြီး၊ ယင်းတို့၏နေရပ်တွင် ဖိနှိပ်ခံရမှု များမှ ကာကွယ်စောင့်ရှောက်ခိုလှုံ့ခွင့်ပေးရန်….

မလေးရှားမှ AIPMC (Asean Inter-Parliamentary Myanmar Caucus)သည်
မလေးရှားအစိုးရ၏ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်
ပြီး၊ဖျက်သိမ်းရန်တောင်းဆိုလိုက်ပါသည်။ AIPMC ဥက္ကဌ Mr. Lim Kit Siang မှ
ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။မြန်မာပြည်မှ အိမ်နီးချင်းနိုင်ငံများသို့ဝင်ရောက်လာသူ
များတွင်ပြည်တွင်း၌ တိုင်းရင်းသားများဆိုင်ရာ ဖိနှိပ်မှုများ၊နိုင်ငံရေး၊ဘာသာရေးနှင့်
အခြားသောဖိနှိပ်မှုများကြောင့်ဝင်ရောက်လာသူများပါဝင်ပါသည်။ကျနော်တို့က အခု
ကိစ္စကို လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခု အဖြစ် ထပ်ခါထပ်ခါပြောဆိုနေ
မှာ ဖြစ်ပြီး၊ ရပ်ဆိုင်းဖျက်သိမ်းဖို့ထိ ဖိအားပေးဆောင်ရွက်သွားမယ်လို့ Ipoh
Timur MP ကဆိုပါသည်။

Lim ကဆက်လက်၍ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို မဖြစ်မနေဆောင်ရွက်ရ
မည်ဆိုပါက မြန်မာအစိုးရသည် ပြည်ပရောက် ဒုက္ခသည်နှင့် ခိုလှုံ့သူများများကို ဖိ
စီးနှိပ်စက်မှုများ မလုပ်တော့ပါဟု သက်သေခိုင်လုံယုံကြည်ရသည် အချိန်ထိ ရွေ့ဆိုင်း
ရန် တောင်းဆိုလိုက်သည်။အသစ်ဖွဲ့စည်းထားသော ကော်မတီသည် အကျဉ်းသားလဲ
လှယ်ရေး အစီအစဉ်အသေးစိတ်ကို ယခုလာမည့်ရက်သတ္တပတ်အတွင်းဆွေးနွေးမည်
ဖြစ်ပါသည်။

မလေးရှားနိုင်ငံသည် လူ့အခွင့်အရေးအရ မိမိတာဝန်ကို မထီမဲ့မြင် လစ်လျူရှု့ပြုမူနေ
ပါသည်။မလေးရှားပြည်ထဲရေးဝန်ကြီး အဆိုအရ တရားမ၀င်မြန်မာနိုင်ငံသားအကျဉ်း
သား ၁၀၀၀ ကျော်ရှိသည်ဆိုပြီး၊ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော မလေးရှားနိုင်
ငံသားအကျဉ်းသား အရေအတွက်ကို မဖော်ပြသေးပါ။ယခုအစီအစဉ်သည် လွန်ခဲ့သော
လက မလေးရှားနှင့် သြစတြေးလျ နှစ်နိုင်ငံဒုက္ခသည်လဲလှယ်ရေးအစီအစဉ်၊သြစတြေး
လျ နိုင်ငံလူ့အခွင့်အရေးအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့်ပျက်သွားခဲ့ပြီးနောက် ပေါ်ထွက်
လာခြင်း ဖြစ်ပါသည်။

ထိုအစီအစဉ်မှာ သြစတြေးလျမှ ဒုက္ခသည် ၈၀၀ ကို မလေးရှားသို့ပို့ဆောင်ရန်နှင့်
မလေးရှားမှ ဒုက္ခသည် ၄၀၀၀ ကို သြစတြေးလျပို့ရန်ဟူသော နှစ်နိုင်ငံကြားသဘော
တူညီမှုဖြစ်ခဲ့သည်။သို့သော် သြစတြေးလျမှ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့
များ၏ ပြင်းထန်သောကန့်ကွက်ချက်များကြောင့် သြစတြေးလျဝန်ကြီးချုပ် Julia-
Gillard မှာ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

PKR (Parti Keadilan Rakyat; People’s Justice Party ပါတီ
ဒုတိယ ဥက္ကဌ Tian Chua ကပြောသည်မှာ မလေးရှားအစိုးရသည် ပြည်တွင်းမှ
ဒုက္ခသည်များ၊ခိုလှုံသူများ ဖယ်ရှားရေးကို များစွာအာရုံစိုက်နေကြောင်း ပြောပါသည်။
ပြည်ထဲရေ၀န်ကြီး၏ အကျဉ်းထောင်များတွင် အကျဉ်းသားများ များပြားနေခြင်းကြောင့်
ယခုလို အကျဉ်းသားလဲလှယ်ခြင်းဟူသော အကြောင်းပြချက်ကို လက်မခံနိုင်ကြောင်း၊
မြန်မာဒုက္ခသည်များ၊အကျဉ်းသားများကို ပြန်ပို့မည်ဆိုလျှင် မြန်မာပြည်၏ထောင်များ
တွင် ထပ်မံအကျဉ်းချခံရမည်လွဲ၍ အခြားမရှိကြောင်း၊အကျဉ်းထောင်လူများနေခြင်း
ဖြေရှင်းလိုလျှင် အခြားနည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်း ပြောဆိုပါသည်။

မလေးရှားအစိုးရ၏ ယခုကဲ့သို ဒုက္ခသည်အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေး၊
အပြည်ပြည်ဆိုင်ရာသဘောတူညီမှု၊မိမိတာဝန်ကို ရှောင်လွဲမှု စသည်တို့ကို လုပ်
ဆောင်နေခြင်းမှာ နောက်ကွယ်က မည်သို့သော အကြောင်းတရားများက တွန်း
အားပေး စွဲဆောင်နေပါသနည်း။မြန်မာအစိုးရနှင့် မည်သို့သောလျှို့ဝှက်အကြံအ
စည်၊သဘောတူညီချက်များ ရှိထားသနည်း ဟူ၍ Batu MP ကအစိုးရကို မေး
ခွန်းထုတ်ထားပါသည်။

င်္Freemalaysiatoday.com October 20, 2011

0 comments:

Post a Comment