Nov/05/2011
KHT/ PUTRAJAYA-6Pအစီအစဉ်ဖြင့် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သည့် တရားမ၀င်
နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့် အလုပ်ရှင်များကို အရေးယူဆောင်
ရွက်ရန်အတွက် အရာရှိ ၄ သန်းကျော်ကို နိုင်ငံတ၀န်းတွင် ချမှတ်သွားမည်ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေး(လ၀က)ကနယ်စပ်၊မြို့နှင့်ပင်လယ်များတွင်ယင်းအရေးယူဆောင်
ရွက်မှုများ ဦးဆောင်လုပ်ဆောင်ရန် တာဝန်ယူထားပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး
ဌာနအထွေထွေ အတွင်းရေးမှူး Tan Sri Mahmood Adam က ပြောသည်။
“အရေးယူဆောင်ရွက်မဲ့ အဖွဲ့ကို ရယ်လာ၃၀၀၀၊ ရဲအရာရှိ ၁၂၅၀၀၀နဲ့ စစ်တပ်အင်
အား ၁၁၀၀၀၀ အသုံးပြုသွားပါမယ်” ဟု ထုတ်ပြန်ချက်တွင် သူက ဆိုသည်။
ယင်းလုပ်ဆောင်မှုကို ပြည်တွင်း သုံးစွဲသူနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန၊ဒေသဆိုင်
ရာနှင့်အိုးအိမ် ၀န်ကြီးဌာန၊ တော်ဝင် မလေးရှားအခွန်ဌာနနှင့် မလေးရှားနိုင်ငံသား
ကာကွယ်ရေးဌာနတို့က ထောက်ခံခဲ့သည်။
၁၉၅၉/၁၉၆၃ လ၀က ဥပဒေ၊နိုင်ငံကူးလတ်မှတ်ဥပဒေ ၁၉၆၆ စသည့်တို့အောက်
တွင်လုပ်ဆောင်ပိုင်ခွင့်ရှိသူများသာလျှင် လုပ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပြီး ကျန်
သည့်အဖွဲ့များက လ၀ကနှင့်ပူးပေါင်း ဆောင်ရွက်သွားရန် လိုသည်ဟု လည်း
Mahmood ကပြောသည်။
“အရေးယူဆောင်ရွက်မှုအားလုံးအတွက် ဗျူဟာတွေကို ပြင်ဆင်ဖို့ လ၀က က
တာဝန်ရှိဆုံးပါ၊ ပြည်နယ်အဆင့်တွေနဲ့လည်း လက်တွဲဆောင်ရွက်ဖို့လိုပါတယ်၊
အရေးယူဆောင်ရွက်တဲ့ စာရင်းတွေကို ပြည်ထဲရေး ၀န်ကြီး 6P အစီအစဉ်
ကြီးကြပ်ရေး ကော်မတီကို နေ့စဉ်အစီရင်ခံစာတွေ တင်သွင်းရပါမယ်” ဟု
သူက ပြောသည်။
အရေးယူဆောင်ရွက်မည့် အဖွဲ့များ၏ ပထမဆုံး အစည်းအဝေးတွင် ယင်းသို့
ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Mahmood ကပြောသည်။
“အစည်းအဝေးက အရေးယူဆောင်ရွက်တာကို အစိုးရက စတင်လုပ်ဆောင်ဖို့
ဘယ်လို ချဉ်းကပ်မလဲ၊ဘယ်လိုနည်းလမ်တွေသုံးမလဲ ဆိုတာဆွေးနွေးခဲ့တယ်”
ဟု သူကပြောသည်။
ပြည်ထဲရေးရဲ့ အရေးယူဆောင်ရွက်ခြင်း လုပ်ထုံးလုပ်နည်းများ အပေါ် အခြေ
ခံ၍ မှတ်ပုံမတင်ခဲ့သော တရားမ၀င် နိုင်ငံခြားအလုပ်သမားများနှင့် ရှောင်ပြေး
ခဲ့သည့် အလုပ်ရှင်များတရားစွဲဆိုခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ ကိုယ်
တိုင် နိုင်ငံတ၀န်း ရှိ လ၀က ရုံးများတွင် လာရောက်ဝန်ခံရန် အချိန်တခုပေး
ခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။
“တချိန်တည်း အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို မူရင်းတိုင်းပြည်
ကို ပြည်ပို့ဖို့ ဥပဒေနဲ့ ကန့်သတ်ထားပါတယ်၊ကုန်ကျစရိတ်အားလုံးကို သူတို့
ပေးရမှာပါ”ဟုMahmoodကပြောသည်။
နောက်ဆုံးသတ်မှတ်ရက်ကိုမကြာမီကြေညာမည်ဖြစ်ကြောင်းလည်းသိရသည်။
တနလာင်္နေ့တွင် 6P အစိအစဉ်၏ ဒုတိယ အဆင့်ဖြစ်သည့် တရားဝင်လုပ်
ဆောင်ခြင်း အဆင့်ကို စတင်မည်ဖြစ်သည်။
ဇူလိုင် ၁၃ မှသြဂုတ်၃၁ထိ တရားမ၀င်နှင့်တရားဝင်နိုင်ငံခြားသားစုစုပေါင်း
၂၃၂၀၀၃၄ ဦး မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
ခြံလုပ်ငန်း၊ဆောက်လုပ်ရေး၊ထုတ်လုပ်ရေး၊လယ်ယာနှင့်ဝန်ဆောင်မှုစသည့်
ကဏ္ဍ ၅ ခုတွင် အလုပ်သမားများကို ထားသွားမည်ဖြစ်သည်ဟု လက်
ထောက်ဝန်ကြီးချုပ် Tan Sri Muhyiddin Yassin က ပြောကြား
ခဲ့သည်။
6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊လွတ်
ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့်
နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့် ပါဝင်မည်ဖြစ်သည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 5 November 2011
6P အစီအစဉ် ဖမ်းဆီးအရေးယူမှု အစိုးရ၀န်ထမ်း ၄ သန်း အသုံးပြုမည်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment