၂၀/ဇန်နဝါရီ/၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကမြန်မာအစိုးရ
နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီ
ဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်သောင်းကိုယ်
စားဒုဗိုလ်မှူးကြီးဟောင်းစောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင်လာရောက်ပေးပို့သည့်
ဇန်န၀ါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။
စောခင်စိုး၏ စာတွင် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင်‘တန်းတူညီတူ’ဆွေးနွေးမည်ဟု ဖော်
ပြပါရှိပြီး မိမိတို့ဘက်မှ သဘောဆန္ဒကို ပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်း က
မဇ္ဈိမကို ပြောသည်။
“နိုင်ငံရေးပြဿနာတွေကိုတန်းတူညီတူအဖြေရှာနိုင်ဖို့အတွက်ကျနော်တို့ဘက်က
လည်းပဲ ဆန္ဒရှိတယ်ဆိုတာကို အဓိကပါ။တရားဝင်စာနဲ့တော့ မနေ့ကပဲ ကျနော်
တို့ဆက်သွယ်ရေး လမ်းကြောင်းကနေတဆင့် အကြောင်းပြန် လိုက်ပါပြီ” ဟု
ပြောသည်။
ကျောင်းသားတပ်မတော်(ခေါ်)ABSDF အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း
စာအတွင်း၌ ထည့်သွင်းဖော်ပြခဲ့သည်ဟု သိရသည်။
တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍မူ “ကျနော်တို့ရွေးချယ်မှုအတိုင်း သူတို့လက်ခံ
ဆောင်ရွက်သွားမယ်လို့ သဘောထားကတော့ သူတို့ အကြမ်းမျဉ်း မိတ်ဆက်ပေးပါ
တယ်။ ဒီကိစ္စ တွေကို ကျနော်တို့ ဘာမှ မဆွေးနွေးရသေး ပါဘူး” ဟု ဦးမျိုးဝင်း
က ပြောသည်။
ဦးသိန်းစိန် အစိုးရအနေနှင့် တိုင်းရင်းသား အဖွဲ့ ၅ ခုနှင့် အပစ်ရပ် သဘောတူညီ
မှုများ ရထားပြီးဖြစ်သော်လည်း တပြည်လုံးအတိုင်းအတာအပစ်ရပ်ကာနိုင်ငံရေးလုပ်
ငန်းစဉ်များ ပါဝင်ရမည်ဟု အနှစ် ၂၀ ကျော် အတွေ့အကြုံကိုအခြေခံ၍ သုံးသပ်
ထားကြောင်း ဦးမျိုးဝင်းက ပြောသည်။
ABSDF ၏ တပ်ရင်း ၉ ရင်းအနက် အများစုမှာ မြန်မာအစိုးရနှင့် အပစ်ရပ်သဘော
တူပြီးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းနှင့်ကရင်နီ၊ မွန်၊
ကချင်နှင့် ရခိုင်ပြည်နယ်စပ်တို့တွင် အခြေခံ လှုပ်ရှားနေကြခြင်း ဖြစ်သည်။
KNU နှင့် စစ်ရေးပူးပေါင်းလှုပ်ရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်လာနိုင်သည့်တိုင်
နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ဆက်လက်ဆောင် ရွက်နိုင်မည်ဟု KNU နှင့် နှစ်၂၀
ကျော် ဆက်ဆံရေးအပေါ်အခြေခံ၍ ABSDF က ယုံကြည်သည်ဟု ဆိုသည်။
KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကမူ အစိုးရနှင့် အပစ်ရပ်ထားသော်
လည်း နိုင်ငံရေး လုပ်ငန်းစဉ်များဆွေးနွေးရန်ကျန်ရှိသေးသည်ဟု ပြောသည်။
“တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေးရမှ ပြေလည်မှာပေါ့လေ။နိုင်ငံရေး ဆွေးနွေး
စရာ အများကြီးရှိသေးတယ်။ (ABSDF နဲ့) လောလောဆယ် ပူးပေါင်းလှုပ်ရှားတာ ရှိသေးတာပေါ့။ မဟာမိတ်ကဏ္ဍမှာ ပြန်ဆွေးနွေးရမှာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိ
အဖွဲ့ဝင် ဦးဝင်းတင်က အစိုးရနှင့် ABSDF အကြား ငြိမ်းချမ်းရေး ဆွေးနွေးမည်ကို
ကြိုဆိုလိုက်သည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ABSDF ၏ အခန်းကဏ္ဍသည် တိုင်းရင်းသား
များနည်းတူ အရေးပါကြောင်း၊သို့သော် အဖွဲ့အတွင်း အကျေအလည် သဘောတူရန်
အရေးကြီးသည်ဟု သုံးသပ်သည်။
ထို့ပြင်မြန်မာ့တပ်မတော်၏သဘောထားကိုလည်းသတိရှိရန်လိုသည်ဟုထောက်ပြသည်
“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတက ထိုးစစ်တွေရပ်ပါလို့ ကာကွယ်ရေးဦးစီးချုပ်
ကို ညွှန်ကြားတယ်။ထိုးစစ်တွေ က ထိုးနေတုန်းပဲ။သုံးဘက်ရှိတယ်ဗျ။လက်နက်ကိုင်
အဖွဲ့အစည်းများ အကုန်အစုံ၊ တဘက်က အစိုးရ သူတို့ survival အရ၊ သူတို့
လုပ်ငန်းတွေ အောင်မြင်ဖို့အရ ငြိမ်းချမ်းရေး လိုအပ်ပြီဆိုတာ သိတယ်။ တဘက်က
အစိုးရ စကားတောင်မှ နားမထောင်ဘဲနဲ့ ဒီနေ့အထိ ထိုးစစ်တွေလုပ်နေတဲ့ စစ်တပ်
ရှိတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကိုပြောသည်။
၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF
အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/
ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူသွားရန် စီစဉ်နေ
ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)
All Burma Students’ Democratic Front-ABSDF
မှတ်ချက်။ ။ကချင်ပြည်နယ်ရှိ မကဒတတပ်ဖွဲ့ဝင်များအတွင်း သူလျှိုမှုဖြင့် ဖမ်းဆီးသတ်
ဖြတ်မှုများ ၁၉၉၁ခုတွင်ဖြစ်ပွားခဲ့သည်။အမှုမှန်ပေါ်ရေး လက်ရှိ မကဒတ ဗဟိုကော်
မတီက အလုပ်အဖွဲ့တခု ဖွဲ့စည်း ဆောင်ရွက်နေသည်။(မဇ္ဈိမ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
▼
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Friday, 20 January 2012
ABSDF လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment