Sunday 1 April 2012

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၁-၁၅)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁)

မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )

မန္တလေးမှာ မဲရုံဖွင့်ပြီ ၊ နေပြည်တော်မှာ ကားနဲ့သယ်လာပြီးမဲပေးဖို့ စီစဉ်ထား၊
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁)
နံနက် ၆ နာရီမိနစ် ၂၀၊ ဧပြီ ၁ ရက်၊ ၂၀၁၂ -YPI

မန္တလေး မဟာအောင်မြေမြို့နယ်တွင် မဲပေးမည့်သူများ မဖွင့်မီလာရောက် စောင့်ဆိုင်းနေကာ ဖွင့်သည်နှင့် မဲပေးလျှက်ရှိကြ၊ ၂၀၁၀ ထက်ပိုမိုစိတ်ဝင်စားလျှက်ရှိသည်

မဲပေးပြီးသူ ၁၂ ဦးအား မေးမြန်းရာ အားလုံး ဒီချုပ်ကို ပေးခဲ့သည်ဟု YPI သို့ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိတွင်မူ ACE (ဟိုတယ်၊ အားကာ ၀န်ကြီး ဦးတင့်ဆန်းပိုင် ဆောက်လုပ်ရေး ကုမ္ပဏီ) လုပ်ငန်းခွင်တွင် အလုပ်သမား ၁၆၀၀ ကျော်မဲပေးခွင့်ရမည်ဖြစ်၍ ကားကြီးများဖြင့် ခေါ်ယူလာကာ အလုပ်သမားများ မဲရုံရှေ့တွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

အလုပ်သမားများအား ကုမ္ပဏီမှ ယမန်နေ့ညကတည်း က မှာကြားထားသည်မှာ ယနေ့ ကားဖြင့်အသွားအပြန်ပို့ပေးမည်၊ ထမင်းကျွေးမည်၊ နေ့တွက်ခ ၁၀၀၀ ကျပ်ပေးမည်၊ ကြံ့ခိုင်ရေးကို မဲပေးပါဟု မှာကြားထားကြောင်း အလုပ်သမားတဦးက YPI သို့ပြောသည်။
၎င်းတို့ ယခုမဲပေးမည့်နေရာသည် ဇမ္ဗူသီရိမြို့နယ် ဂုံမင်းအင်း၊ ရှားတော၊ သဲကြီးကုန်း ကျေးရွာအုပ်စုတွင်ဖြစ်သည်။

အောင်ပန်း
ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်တွင်မူ ၆ နာရီ ၁၀ မိနစ်ထိ မဖွင့်သေးသည့် မဲရုံများတွေ့နေရသည်။ မဲပေးသူ အနည်းငယ်မျှသာတွေ့သေးသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။
Yangon Press International
===============================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂)
မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )
ဧပြီ ၁၊ နံနက် ၇ နာရီ

မဟာအောင်မြေမြို့နယ်မှာ ကြိုတင်မဲ စုစုပေါင်း ၂၉၃ မဲသာရှိကြောင်း မြို့နယ်ကော်မရှင်က သတင်းထောက်များအား တရားဝင်ပြောဆိုသည်။

နေပြည်တော် ဇမ္ဗူသီရိမှာ မှတ်ပုံတင်နံပါတ်မှားနေသော်လည်း
မဲပေးခွင့်ရသည်ဟု မဲပေးခဲ့သူက ပြောသည်။ နေပြည်တော် ပြန်ကပြေး အထက ၄ မဲရုံမှာ မဲစာရင်းကို ယမန်နေ့ညနေတွင်မှ ကပ်သဖြင့် မဲပေးသူများ မိမိအမည်ရှာဖွေနေရသည့် အခက်အခဲကြောင့် အချိန်ကြန့်ကြာမှုရှိနေ၊ ရှာမတွေ့သူက များသဖြင့် အချို့က စိတ်ပျက်၍ မပေးတော့ဟု ပြောဆိုမှုများ ကြားသိနေရသည်။

ပုသိမ်မြို့တွင်မဲပေးသူ ခပ်ကျဲကျဲသာတွေ့မြင်နေရကြောင်း YPI သတင်းထောက်များက ပေးပို့သည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မှတ်ပုံတင်နံပါတ်အမှားများဖြင့် မဲစာရင်းပြုစုထားသည်ကို တွေ့ရစဉ်။ မတ်လ ၃၁ ရက်၊ (သတင်းဓါတ်ပုံ-ဆိုင်းဆွတ်-YPI)
===========================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃)
မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )
မဲစာရင်းတွင် မပါသူများ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့်လာရောက်သော်လည်း မဲပေးခွင့်မရ
၂၀၁၂ ၊ ဧပြီ ၁ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်

မြောင်းမြမြို့ ထောင်ရောင်နေလမ်း မဲရုံရဲ့ ကိုက် ၁၀၀ အကွာမှာ လုံခြုံရေး လက်ပတ် ပတ်ထားသူ ၂ ဦးက လမ်း တစ်ဖက် တစ်ချက်စီမှာ စောင့်ပြီး မဲစာရင်းတွင် မပါသော်လည်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့် လာပါက မဲရုံမှူးက စိစစ်ကာ မဲပေးခွင့်ပြုမည်ဟု ကော်မရှင်က ယခင်ရက်များက ပြောဆိုထားသဖြင့် ယူဆောင်၍ မဲလာပေး သူများအား ပြန်လွှတ်နေသည်ဟု မြောင်းမြရောက် YPI သတင်းထောက်က သတင်းပေးပို့သည်။
Yangon Press International
==================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄)
လားရှိုးမြို့၊ အထက (၄) ကျောင်းအတွင်းရှိမဲရုံတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲပေးပြီး ပြန်ထွက်လာကြသော ဒေသခံများကို ယနေ့ နံနက်ပိုင်းက တွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို
ဒေါ်အောင်ဆန်းစုကြည်သည် ၃ မိနစ်ခန့်မဲရုံတွင် ကြည့်ရှုခဲ့ပြီးနံနက် ၇ နာရီ ၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားပြီး၊ ငှက်အော်စမ်းမှတစ်ဆင့် ကော့မှူးမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။

ဝါးသင်္ခကျေးရွာ မဲရုံအမှတ် (၁)တွင် ရွာ၏ အသက်ကြီးဆုံးအဘွားဖြစ်သူ အသက် (၉၅) နှစ်အရွယ်ရှိ ဒေါ်အေး မဲလာရောက်ပေးလျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၃)အမျိုးသားလွှတ်တော်အတွက် လားရှိုးမြို့နယ် မြို့ပေါ်ရှိ မဲရုံများတွင် ယခု ၇ နာရီ ၁၅ မိနစ်အထိ မဲလာရောက်ပေးသူ ၄၀ ဦး ရှိသည်။
တန့်ယန်းမြို့နယ် အထက(၁) မဲရုံတွင် တရုတ်လူမျိုး၊ မွတ်ဆလင်လူမျိုးများအပါအ၀င် တိုင်းရင်းသားများ အယောက် ၂၀၀ ကျော် မဲပေးလာပေးသွားပြီဖြစ်ကြောင်း မဲရုံကိုယ်စားလှယ်တစ်ဦးကပြောသည
်။
မိုင်းရယ်မြို့နယ်တွင် ဒေသအနေအထားအရ နံနက်စောစော ဘုရားဝတ်ပြုခြင်း၊ နံနက်စာချက်ပြုတ်ခြင်းများရှိသောကြောင့် မဲလာပေးသူနည်းပါးနေပြီး ၉ နာရီ ၁၀ နာရီခန့်မှ လူစည်ကားမည်ဖြစ်ကြောင်း မိုင်းရယ် NLD မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သိန္တွီမြို့နယ် အမက တောင်ညွန့်တွင် အယောက် ၁၀၀ နီးပါး မဲလာပေးသွားပြီဖြစ်သည်။ ယင်းမြို့သည် နံနက် ၆ နာရီမထိုးခင်ကတည်းက မဲပေးမည့် သူများ လာရောက်စောင့်ဆိုင်းနေသည်ဟုသိရသည်။
"NLD ကို မဲထည့်မယ့်သူတွေများမယ်လို့ ယုံကြည်တယ်။ မဲပေးရတာတော့ သိပ်မထူးခြားပါဘူး။ ၂၀၁၀ တုန်းက NLD မရှိလို့ ကြားဖြူကိုထည့်တယ်။ အခု NLD ရှိပြီ" ဟု လားရှိုးမြို့ အထက (၄)တွင် လာရောက်မဲပေးသွားသည့် အသက် ၄၀ ခန့်ရှိ အမျိုးသမီးညီအစ်မနှစ်ဦးကပြောသည်။

တောင်ငူမြို့၊ ၁၈ ရပ်ကွက် ကြာနီကန်အနောက်ခြမ်းမဲရုံအမှတ်(
၁)တွင် မဲဆန္ဒရှင်တစ်ဦးအား NLD အင်္ကျီဝတ်ဆင်လာ၍ အင်္ကျီပြန်လဲခိုင်းကြောင်းသိရသည်။ ထို့အပြင် အဆိုပါ မဲရုံတွင် မဲပေးမည့်သူများစုပြုံရောက်ရှိလာ၍ မဲစလစ်ပြားနှင့် မှတ်ပုံတင် ထပ်ထားရန် မဲရုံမှူးကပြောကြားနေသည်ကိုတွေ့ရသည်။

တောင်ငူမြို့နယ်တွင် ၁၈ ရပ်ကွက်ရှိပြီး မဲပေးနေကြပြီဖြစ်သည်။ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးသူတစ်ဦး၏ ပြောဆိုချက်အရ ယခုကြားဖြတ်ရွေးကောက်ပွဲသည် ပိုမိုလွတ်လပ်မှုရှိကြောင်းသိရသည်။
မဲပေးသူတစ်ဦးက "အရင်အခေါက်ထက် ပိုလွတ်လပ်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘူး။ NLD ကိုမဲပေးခဲ့တယ်။ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရပ်တည်ချက်အတိုင်း ဖြစ်လို့ပဲ" ဟု ပြောကြားခဲ့သည်။


မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် ကြိုတင်မဲပေးမှုအနေအထားမှာ ယခုနှစ်တွင် ၂၈၃ မဲရှိပြီး၊
ယခင်ရွေးကောက်ပွဲကာလက ကြိုတင်မဲပေးမှုမှုမှာ ၁၈၀၀ ၀န်းကျင်ရှိခဲ့သဖြင့်များစွာလျေ
ာ့နည်းသွားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
မဲပေးချိန် ၁ နာရီခန့်ရှိပြီဖြစ်သော်လည်း မဲပေးသူအရေအတွက်နည်းနေသေးပြီး အချို့သော မဲရုံများတွက် လျှပ်စစ်မီးပြတ်တောက်နေမှုများကြောင့် မီးစက်များနှိုးကာ
ဆောင်ရွက်နေကြသည်။
မိတ္ထီလာမြို့နယ်ရှိ မဲရုံများတွင် မဲပေးကြရာ၌ မဲစာရင်းမပါသူ များပြားနေကြောင်း၊ ၂၀၁၀ မဲပေးစဉ်ကပေးခဲ့သော်လည်း ယခုမပါရှိကြောင်း ယမန်နေ့က ရပ်ကွက်ရုံးသို့ အသိပေးပြောခဲ့ကြောင်း မဲပေးသူများထံမှသိရသည်။

7Day News Journal
===============================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅)
မရမ်းကုန်းမြို့နယ်ရှိ မဲရုံတွင် လူအများလာရောက်မဲပေးစဉ်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
By: Popular Myanmar News Journal

မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊မဲရုံများမြင်ကွင်
By: National League for Democracy

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးအရှေ့ရပ်ကွက်တွင် မဲရုံ ၄ ရုံ၌ လာရောက်မဲပေးသူ အမျိုးသမီး ၁၂ ဦးအား ကျပန်းမေးမြန်းရာ ၁၁ ဦးက NLD အားမဲပေးခဲ့သည်ဟု ဖြေကြားကြပြီး ကျန်တစ်ဦးက ပြည်ခိုင်ဖြိုးအား မဲပေးခဲ့သည်ဟု ဖြေကြားသည်။

နေပြည်တော်ခရိုင် ဇမ္ဇူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မဲရုံအမှတ်( ၂၇၊ ၂၈) နှစ်ရုံတွင် မဲပေးရမည့်သူများမှာ ACE ကုမ္ပဏီမှ ဖြစ်ပြီး၊ မဲဆန္ဒရှင် ၂၃၀၀ ရှိသည်။ ယနေ့နံနက် မဲပေးကြရာ၌ ကိုက် ၅၀၀ အကွာ၌ လာရောက်မဲပေးသူ ကုမ္ပဏီဝန်ထမ်းများအား တစ်ဦးလျှင် ငွေတစ်ထောင်၊ ရေသန့်တစ်ဗူးနှင့် ထမင်းတစ်ထုပ် ဝေငှကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဒေါ်စန္ဒာမင်းမှ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေးကမူ "၄င်းကုမ္ပဏီက သူ့ဝန်ထမ်းတွေကို မနက်စာ ကျွေးနေကျမို့လို့ ကျွေးတာပါ"ဟု ပြန်လည်ဖြေကြားသည်။
ACE ကုမ္ပဏီမှ အသက် ၂၀ အရွယ် အမျိုးသားဝန်ထမ်း တစ်ဦးကမူ ပြည်ခိုင်ဖြိုးကို မဲပေးခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
7Day News Journal
==============================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၆)
လားရှိုးမြို့၊ ဗျုဟာလမ်းမကြီးပေါ်ရှိ အမှတ်(၁၆)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် နံနက် ၅ နာရီ ၅၀က မဲရုံအတွင်း ဖယောင်းတိုင်မီးများဖြင့် မဲရုံတာဝန်ရှိသူများ အလုပ်စနေကြပြီဖြစ်သည်။ မဲရုံကို ခြောက်နာရီတွင်စဖွင့်ပြီး ၁၀ မိနစ်အကြာတွင် ပထမဆုံးရောက်ရှိလာသူမှာ ရှမ်းအမျိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းဖြစ်သည်။ ပထမဆုံးမဲပေးသူဖြစ်ပြီး မဲရုံတာဝန်ရှိသူများကိုလိုက်လံနှုတ်ဆက်ကာ ပြန်ထွက်လာသည်။ ““ကြိုတင်မဲ ၁၀ မဲရှိတယ်လို့ပြောတယ်။ ကျွန်တော် ကဒ်ပြား ကိုးခုပဲတွေ့ခဲ့တယ်”” ဟု မဲရုံပြင်ပရှိ သတင်းထောက်များအား ပြောသည်။ ထို့နောက် တခြားမဲရုံများသို့ လိုက်ခံကြည့်ရှုရန် စူပါရုဖ်ဗင်ကားလေးကို မောင်းနှင်၍ ထွက်ခွာသွားသည်။

ဓာတ်ပုံ- သန်းဌေး


နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာတွင် အသက် (၁၃) နှစ်အရွယ် မြစ်ကြီးနားမှ လာရောက်သော ကလေးငယ်တစ်ဦးသည် မဲရုံ၌ မဲပေးနေသည်ကို ဗီဒီယိုကင်မရာဖြင့် ရိုက်ယူရာ၌ ကျေးရွာကော်မရှင်ဥက္ကဋ္ဌ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးတင်မိုးအောင်က အဆိုပါ ကင်မရာအား ကလေးထံမှ သိမ်းယူလိုက်ပြီး ၄င်း၏ အုပ်ထိန်းသူအား ဆင့်ခေါ်ထားကြောင်းသိရသည်။ ကော်မရှင်ဥက္ကဋ္ဌက 7Day News ၏ မေးမြန်းမှုကို ယင်းကိစ္စအား မြို့နယ်ကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ပြီး ကင်မရာကိုလည်း မြို့နယ်ကော်မရှင်ထံ အပ်နှံသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
=====================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၇)
ယနေ့နံနက် ၈နာရီ ၄၅ ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)နှင့်(၂)များသို့ NDF ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိမ်း(အဆိုတော် ရသ)၀င်ခွင့်မရကြောင်းသတင်းရရှိ။

ယနေ့နံနက် ၈နာရီ ခွဲခန့်တွင် သိရသောစာရင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရထား မဲရုံအမှတ်(၁)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ သိမ်ဖြူရထား မဲရုံအမှတ်(၃)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ ကန်မြောက် မဲရုံအမှတ်(၁)နှင့်(၂)တို့ဝယ် ကြိုတင်မဲ ၁၂၅ မဲ၊ သာယာကုန်း မဲရုံအမှတ်(၄)၀ယ် ကြိုတင်မဲ ၂၈ မဲတို့ရှိနေကြောင်းသိရသည်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဘုရားကြီးပိုင်းရပ်ကွက်မဲရုံတွင
် အကျွေးအမွေးများပြုလုပ်နေသဖြင့် မဲဆွယ်စည်းရုံးမှုလေလောဟု စုံစမ်းကြည့်ရာ မဲရုံတာဝန်ရှိသူများက မဲပေးသူမျုားကိုကျွေးခြင်းမဟုတ်ကြောင်း မဲရုံအမှုထမ်းများကိုသာ ကျွေးခြင်းဖြစ်ကြောင်းသိရပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်အမည်စာရင်းဝယ် နာမည်များထပ်နေခြင်းတွေ့ရှိရဟု မဲဆန္ဒရှင် တစ်ဦးကပြောသည်။
"ဒီလိုဗျာ... မဲစာရင်းမှာ အမှတ်စဉ် ၁ ကနေ ၁၀၀ အထိပါတယ်ဆိုပါတော့။ အဲဒီမှာ ကျွန်တော့် နာမည်က နှစ်နေရာတောင်ပါနေတာတွေ့ရတယ်။ ဒီတော့ ပေးလိုက်တဲ့မဲက ဘယ်လိုများဖြစ်သွားမလဲ။ ပယ်မဲများဖြစ်သွားမလားလို့ စိုးရိမ်နေတယ်ဗျာ။ ကျွန်တော့်လိုပဲ ကြုံတဲ့သူ နှစ်ယောက်လောက်ရှိတယ်လို့သိရတယ်
ဗျ"ဟု သူကပြောသည်။

ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီ သံတမန်များသွားရောက်လေ့လာမည်
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် (ချင်းရွာ) ရှိ အမှတ် ၅၇ အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံသို့ မကြာခင်အချိန်အတွင်း သံတမန်များသွားရောက်လေ့လာမည်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီခန့်က သတင်းရရှိသည်။ ယင်းအချိန်အတွင်း ဇဗ္မူသီရိမြို့နယ် တွင်း၌ တရုတ် ဘရူနိုင်းနှင့် အမေရိကန် နိုင်ငံများမှ သွားရောက်လေ့လာနေပြီဟု သတင်းရရှိသည်။ ဥတ္တရ သီရိမြို့နယ်တွင်း၌ မဲပေးခွင့်ရှိသူဦးရေ ၅သောင်း ၆ထောင်ကျော်ရှိပြီး အထက်ပါ မဲရုံ၌ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ၃ ထောင်ကျော်ရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ယင်းရပ်ကွက် ၌ မဲပေးခွင့်ရှိသူဦးရေမှာ ၈ ထောင်ကျော်ရှိသည်ဟု သိရှိရသည်။
ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီအချိန်အတွင်း သံတမန်များ သွားရောက်လေ့လာမည်
Popular Myanmar News Journal
======================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၈)
ဓါတ်ပုံ(NLD)
စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်မဲရုံတွင်မဲရုံ
ကိုယ်စားလှယ်များအားတစ်နေကုန်ထိုင်နေရမည်။
လမ်းလျှောက်ခွင့်မရှိကြောင်းမဲရုံမှူးက ခြိမ်းခြောက်မှုများရှိနေကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စစ်ကိုင်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
မတ် ၃၁ ရက်ည ၈ နာရီက ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရာ၌ NLD ကသတင်းဓာတ်ပုံ ရိုက်ယူရာမှ နှစ်ဖက်ပဋိပက္ခဖြစ်ပွားပြီး ပြည်ခိုင်ဖြိုးပါတီမှ ဗီဒီယိုရုံပိုင်ရှင်၏သား ဓားထိုးခံရ၍ သေဆုံးသွားကြောင်းသိရသည်။
7Day News Journal
------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။
Yangon Press International
--------------------------------------------------------------------------------------

မရမ်းကုန်း ၉ ရပ်ကွက် မဲရုံ ၈ မဲစာရင်းစတင်ပိတ်၊ NLD တစ်မဲသာရ

မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် မဲရုံနံပါတ် ၈ မဲစာရင်းကုန်သွားပြီဖြစ်သဖြင့် မဲရေတွက်ရာ NLD ပါတီမှ တစ်မဲသာရရှိခဲ့ကြောင်း weekly express times သတင်းထောက်က သတင်းပေးပို့သည်။
မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၂၇၃ ယောက်ရှိပြီး ကြိုတင်မဲ ၁၀၁ မဲရှိကြောင်း စုံစမ်းသိရှိရသည်။
လက်တလောစာရင်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ၁၆၇ မဲ ၊ ပယ်မဲသုံးမဲ၊ မြန်မာကွန်ရက်မှ တစ်မဲ၊ NLD မှ တစ်မဲသာရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီမဆိုထားနှင့် ပယ်မဲပင်လျှင် NLD ကို ဖြတ်တက်သွားကြောင်း တွေ့ရှိရသည်။
weekly express times
================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၉)
ပခုက္ကူမြို့ အမှတ်(၅)ရက်ကွက် မဲ၇ုံ (၁) ၏ တည်နေရာ မူလသက်မှတ်ထားသောနေရာမှ ယနေ့မဲပေးသည့်နေ့တွင် နေရာပြောင်းလဲသွားပါကြောင်း.. အဆိုပါမဲရုံတွင် မဲပေးခွင့်ရှိသူ ကိုဖိုးရှုပ်မှ ပြောကြားပါသည်။
ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် အမက (၁၇)ကျောင်းအတွင်း မဲရုံအမှတ် (၅)တွင် မဲဆန္ဒရှင်ပြည်သူမှ မဲလက်မှတ် လဲခိုင်းရာ မဲရုံမှူးမှ မဲလက်မှတ်အသစ်လဲမပေးပါ။ ၄င်းမဲရုံတွင် တိုင်းကော်မရှင် ရောက်ရှိနေ၍ ၄င်းတို့ကိုယ်တိုင်မှလည်း လဲခွင့်မပေးနိုင်ကြောင်း၊ လဲခွင့်မရှိကြောင်း NLD အဖွဲ့ဝင် ဒေါ်နွေနွေလှိုင်မှ သတင်းပို့ပါသည်။
ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် ၅ လမ်းတွင် တည်ရှိသော မဲရုံအမှတ် (၆) တွင် မဲရုံမှူး ဦးမောင်ဝင်း၏ ဇနီး ဒေါ်မော်လီ (အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး) နှင့် ဒေါါ်အေးတို့သည် မဲရုံဝင်းအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီ အားမဲထည့်ရန် မဲဆွယ်စည်းရုံးနေကြောင်း NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။ ၄င်းမဲရုံတွင် မဲဆန္ဒရှင်များ လဲခိုင်းသော ဆန္ဒမဲလက်မှတ်များ လဲခွင့်မရပါ။
ပခုက္ကူမြို့ (မြို့သစ်) တွင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၁၀၀)ကျော်သည် ဆန္ဒမဲပေးခွင့်မရပါ။ မှတ်ပုံတင် အိမ်ထောင်စုဇယားများ ယူဆောင်သွားသော်လည်း ပေးခွင့်မရရှိပါ။ အဆိုပါနေရာတွင် ပခုက္ကူမြို့ ပြည်သူ့လွတ်တော် ကိုယ်စားလည်လောင်း ဦးပိုက်ကိုနှင့် သတင်းထောက် အဖွဲ့များလည်း ရောက်ရှိကြောင်း ဦးခင်မောင်ရွှေမှ သတင်းပို့ပါသည်။
Myanmar News Now

ယနေ့ မဲရုံတခုအားမြင့်တွေ့ ရစဉ် (ဓါတ်ပုံ-NLD)
===================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)
ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များလည်းပါဝင်ကြော
င်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်
နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးခဲ့ပြီး "၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲပေးရတာအတူတူပါပဲ။ နိုင်ငံတော်အကြီးအကဲတွေကလည်း နိုင်ငံ တိုးတက်ဖို့လုပ်နေပါတယ်။ ၂၀၁၀ ပြီးတော့လဲ ပွင့်လင်းလာတာမြင်ရတာပဲ အခုရွေးကောက်ပွဲပြီးရင်လဲ ဒီထက်ပိုပြီး ပွင့်လင်းလာတာ မြင်ရမှာပါ " ဟုPopular News ဂျာနယ်၏ မေးခွန်းတိုအားပြန်လည် ဖြေကြားခဲ့သည်။
Popular Myanmar News Journal
=================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၁)
ဝါင်္သခ ည....(AFP Photo)
ဒေါ်အောင်ဆန်းစုကြည် နတ်စင်ကုန်း မဲရုံသို့ဝင်ကြည့်ပြီး ရန်ကုန်သို့ ပြန်မည်

နံနက် ၉ နာရီခွဲ ၊ ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ YPI

ဒေါ်အောင်ဆန်းစုကြည်သည် ငှက်အော်စမ်းမှ ကော့မှူးသို့ရောက်ရှိလာပြီး မကြာမီအချိန်ပိုင်းတွင် နတ်စင်ကုန်း မဲရုံကိုကြည့်ရှုပြီးနောက် ရန်ကုန်သို့ တန်းပြန်တော့မည်ဟု ကော့မှူးမှ သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်


ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။
-----------------------------------------------------------
မဲရံမှူး စည်းကမ်းချိုးဖေါက်

လားရှိုး-နံနက် ၉နာရီ ၄၀ မိနစ် ၊ ဧပြီ ၁ ရက်၊ YPI

လားရှိုးမဲဆန္ဒနယ်မြေ အမက (၁၂) ကျောင်းဝင်းထဲက မဲရုံအမှတ် (၄) မှာ မဲထည့်နည်း နားမလည်တဲ့ မဲဆန္ဒရှင်တွေကို ကြံ့ခိုင်ရေး အကွက်လက်ညှိုးထိုးပြပြီး ခြစ်ခိုင်းတယ်လို့ သိရပါတယ်။ ဒါကို ပါတီ မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်တာကို မကန့်ကွက်ဖို့ တားမြစ်ပါတယ်။

ဒါတင်မက မဲရုံစည်းကမ်းနဲ့ မကိုက်ညီပဲ နယ်မြေမှူးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း မဲရုံထဲ ၀င်ရောက်နေတယ်လို့ သိရပါတယ်။ လုံခြုံရေးတွေ ၀င်ရောက်နေတဲ့ကိစ္စကိုတော့ မဲရုံမှူးက မသိနားမလည် လို့ပါဆိုပြီး တောင်းပန်ကြောင်း သွားရောက်ကြည့်ရှုတဲ့ ကျားဖြူ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။

လားရှိုးက မဲရုံတွေမှာ ကြိုတင်မဲ အနည်းငယ်စီသာ ရှိကြောင်း စုံစမ်းသိရပါတယ်။

Yangon Press International
==========================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၂)
မန္တလေးမှာ အင်းတိုက်အားတိုက်မဲပေးနေစဉ်
မန်းကြားဖြတ် မဲပေးသူများ အင်တိုက်အားတိုက် မဲပေး
မန္တလေးမြို့ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက် နံနက် ၆ နာရီက စတင်ကျင်းပရာ မဲပေးသူများသည် မဲရုံ မဖွင့်မှီက ပင် မဲရုံသို့ လာရောက် မဲပေးရန်စောင့်ဆိုင်းနေကြကြောင်း မန်း မြို့ ခံ တစ်ဦးကပြောသည်။ " ဟေမ မာလာ မြောက် ရပ်ကွက် မဲရုံ ၃ တွင် ပထမဆုံးမဲ လာပေးသူ ဒေါ်အမာညွန့် က အိမ်က ဖွင့်ထားတဲ့ စတိုးဆိုင် မှာ ဈေးရောင်းရမှာမို့  အစောဆုံးမဲ လာပေးတာ၊ မဲပေးရတာ အဆင်ပြေပါတယ် " ဟု ပြောသည်။ မဲရုံကို ၆ နာရီ အတိမှာ ဖွင့်တယ်။ မဲရုံတာဝန်ရှိသူတွေက ၄ နာရီ ကတည်းက လာကြတယ်လို့ ပြောတယ်။ မဲရုံထဲကို မ၀င်ရတော့ ကြိုတင်မဲ ကြေငြာတာနဲ့ မဲပုံး စစ်ဆေးတာ မမြင်ရဘူး။ မဲရုံတာဝန်ရှိသူတွေက ဆက်ဆံတာ ၂၀၁၀ ထက်စာရင် ပိုကောင်းလာတယ်။ သတင်းယူရတာလည်း အဆင်ပြေပါတယ်။ မဲရုံထဲ မ၀င်ရပေမယ့် အပေါက်ဝကနေ ဓါတ်ပုံ ရိုက်လို့ ရတယ် ဟု မန်း သတင်း ထောက် တစ်ဦးကပြောသည်။

"သုံးခွတွင် ပြည်ခိုင်ဖြိုးပါတီမှ ၇၀ ရာခိုင်နှုန်းအောင်ရမည်ဟု မျှော်လင့်ထား"

သုံးခွမြို့နယ် မဲဆန္ဒနယ်များတွင် အောင်နိုင်ရေးအတွက် ၇၀ ရာခိုင်နှုန်းမျှော်လင့်ထားကြောင
်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းတွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းကပြောသည်။ သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၁၁၂၇၉၀ ဦးရှိသည့်အနက် ပြည်ခိုင်ဖြိုး ပါတီဝင်ဦးရေ လေးသောင်းကျော်ရှိခြင်းကြောင့် အောင်နိုင်ရေးအတွက် လေးဆယ်ရာခိုင်နှုန်းမှာ သေချာသလောက်ရှိနေပြီး၊ ၄င်းတို့၏ စည်းရုံးရေးအပေါ်လည်း အားရကျေနပ်မှုရှိခြင်းကြောင့်၊ ထို့သို့ပြောရခြင်းဖြစ်ကြောင်း ဦးသာဝင်းကပြောသည်။

ဧပြီလ (၁)ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်မင်းက "ကျွန်တော်က ပြိုင်ရင်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြိုင်တာပဲလေ၊ ကိုယ့်ပါတီ ကိုယ်ယုံကြည်လို့ပြိုင်တာလဲဖြစ်တဲ့အတွက် အနိုင်ရမယ်လို့ယုံကြည်ပါတယ်"ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များထက် ကျေးရွာများကို ဦးစားပေးစည်းရုံးရေးဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေဇင်+ဝေယံ
ဇေယျသိဒ္ဒိရပ်ကွက်မဲရုံသို့ သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည်
နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည်။
နိုင်ငံတော် သမ္မတ လာရောက် မဲဆန္ဒပြုမည်ကို စောင့်မျှော်နေကြသော မီဒီယာသမားများ
====================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၃)
ကြားဖြတ်ရွေးကောက်ပွဲ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကိုစားပြုဝင်ရောက်ယှ
ဉ်ပြိုင်သော
ကိုယ်စားလှယ်လောင်းဒေါက်တာမျိုးအောင်၏ မဲဆန္ဒနယ်မှ မဲပေးနေကျသူများ
မဲရုံပေါင်း ၆၇
မဲပေးနိုင်သူ ၈၁၅၈၄
ပခုက္ကူမြို့ ရွှေဘေးရွာ မဲစားရင်းတွင် ပါဝင်သော ဆန္ဒမဲပေးခွင့်ရှိ သူများ၏ မဲလက်မှတ်များ ပျောက်ဆုံးသွားသိအတွက် မဲပေးခွင့်မရရှိကြောင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။

မြိုင်မြို့ အောင်သုခရွာ မဲရုံရှေ့တွင် ကြံခိုင်ရေးပါတီမှ ယူနီဖောင်းများဝတ်ဆင်၍ မဲဆွယ်စည်းရုံးနေကြောင်း
မြိုင်မြို့ အမှတ် (၁) ရက်ကွက် နေထိုင်သူ မဲပေးခွင့်ရှိသူ အနည်းဆုံး လူ (၂၀၀)ခန့်သည် မဲစာရင်းတွင်မပါ မဲထည့်ခွင့် မရရှိ
မြိုင်မြို့ ညောင်ပင်ရွာတွင် မဲစာရွက်ပေါ်တွင် ဆန္ဒမဲပေးရာ မင်မထင်ဘောပင်မကောင်း ဆန္ဒမဲပေး၍မရကြောင်း မြိုင်မြို့ NLD ပါတီဝင် ဦးကျော်ကျော်သက်မှ သတင်းပို့ပါသည်။


မကွေးမြို့မှာလည်း ရပ်ကွက်တိုင်းမှာ အိမ်ထောင်စုတိုင်းရဲ့
မဲပေးနိုင်သောလူဦးရေရှိသလောက် မဲပေးခွင့်မရကြဘူး။ ကျမတို့ကိုဘဲ
ဘယ်မဲရုံရဲ့ မဲစာရင်းမှာမှ မပါခဲ့လို့ ရပ်ကွက်ကော်မရှင်ရုံးကို
သွားပြောခဲ့လို့ လျှောက်လွှာမှာ ဖြည့်ပြီးပြန်တင်ခဲ့လို့ မဲရလာခဲ့တာ။
အမတို့လို ရပ်ကွက်ကော်မရှင်ရုံးကို သွားမပြောကြလို့ ဘယ်မဲရုံရဲ့
စာရင်းထဲမှာမှ မပါလို့ မဲမပေးရတဲ့သူတွေ မကွေးမြို့ရဲ့
ရပ်ကွက်တိုင်းလိုလိုမှာပဲ အများကြီးပဲရှိကြတယ်။


ပခုက္ကူမြို့နယ် အမှတ် (ံ၃) ၇ပ်ကွက် နှင့် အမှတ်(၁၁) မဲ၇ုံများတွင် ယခင် မဲပေးခွင့်ရရန် ထုတ်ပေးထားသော လက်မှတ်များနှင့်သွားရောက် မဲထည့်ရာ လက်မခံကြောင်းနှင့် ယင်းလက်မှတ် များရှိလည်း ဘာမှလုပ် မရကြောင်း ရပ်ကွက်ကော်မရှင်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။ သက်သေ....ဦးသိန်းလွင်၊ကိုဌေးေ
ကျာ်၊မနွေနွေခင်

Myanmar News Now
=======================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၄)
မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက် မဲရုံအမှတ်(၂)သို့ မဲပေးရန်ရောက်လာသော ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေ
ဓာတ်ပုံ - အောင်သူရ
မရမ်းမြို့နယ် ၇ ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့ နံနက် ၉ နာရီထိုးရန် ၅ မိနစ်အလိုတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေနှင့် သားဖြစ်သူ ကိုဇော်နိုင်ဦးတို့

လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခြင်းနှင့်ပတ်သက်၍ ဦးခင်ညွန့်အားမေးမြန်းရာ အများဆန္ဒနဲ့ထပ်တူ မဲပေးခဲ့ပါကြောင်း ပြန်လည်ဖြေကြားပြီး ပါတီနိုင်ငံရေးမလုပ်၊

အမျိုးသားနိုင်ငံရေးသာလုပ်မည်ဖြ
စ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ သားဖြစ်သူ ကိုဇော်နိုင်ဦးက မဲပေးရာတွင် NLD ပါတီမှ ဒေါက်တာဒေါ်မေ၀င်းမြင့်အား

ပေးခဲ့ကြောင်း ယင်းသို့ပေးရခြင်းမှာ လူပုဂ္ဂိုလ်အရ လေးစား၍ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားသည်။


ဒဂုံဆိပ်ကမ်း ၉၄ ရက်ကွင်းတွင် မဲစာရင်းတွင်မပါဝင်သူ ၃၀၀ ကျော်ရှိနေ

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ၉၄ ရပ်ကွက်တွင် မဲပေးခွင့်ရှိပြီး မဲစာရင်းတွင် မပါဝင်သူ ၃၀၀ ကျော်ခန့်ရှိကြောင်း စာရင်းပြုစုနေသော အဖွဲ့ငယ်များမှ သိရသည်။ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံ ၁၄ ရုံဖွင့်လှစ်ထားသည်။ ထိုကျောင်းရှေ့တွင် မဲစာရင်းတွင် မပါဝင် သူများက လာရောက်ကာ စုရုံးနေကြသည်။ ယင်းတို့ကို ရွေးကောက်ပွဲစောင့်ကြည့်ကွန်ယက် ၈၈ နှင့် NLD အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များက စာရင်းပြုစုလျက်ရှိသည်။ ၉၄ ရပ်ကွက်တွင် ကျပန်းမေးမြန်းမှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အားကောင်းလျက်ရှိကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။ မဲလာထည့်သည့် ဆန္ဒရှင်များအား ကျပန်းမေးမြန်းရာ ၁၅ ဦးတွင် ၁၀ ဦးက NLD ကို မဲထည့်သည်ဟု ဖြေကြားပြီး ၅ ဦးက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့သည်ဟု ဖြေကြားခဲ့သည်။ မဲစာရင်းတွင်မပါဝင်သူ အများစုသည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က မဲပေးခဲ့သူများဖြစ်ကြသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပါတီ ၇ ခုမှ ၀င်ရောက်ယှဉ်ပြိုင်သည်။

ကော့မှူးမြို့ပေါ်မှာ မဲရုံ ၃ ရုံမှမဲပေးပြီး ထွက်လာသူ ၁၂ ဦးကို ကျပန်းမေးမြန်းကြည့်ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြောင်း ပြောသည်။

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက် မဲရုံအမှတ် (၃)အနီး နေထိုင်သူအများစုက ၂၀၁၀ ခုနှစ်တွင် မဲပေးခွင့်ရခဲ့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်းအတွက် စုပေါင်းစာရင်းကောက်ယူ၍ မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက်ကြမည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
"မနှစ်က အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပါရင် မဲပေးလို့ရတယ်။ ဒီနှစ်ကပေးလို့မရဘူး။ ၂၄ ရက်နေ့မဲစာရင်းပိတ်တယ်ဆိုတာ ကျူပ်တို့ကိုမှ မပြောတာ။ ကြိုတင် မဲစာရင်းကောက်တုန်းက လော်နဲ့အော်ပြောသလို အခုမဲစာရင်းပိတ်တဲ့ဟာကို လော်နဲ့အော်ပြောရင် ဘာဖြစ်မှာမို့လို့လဲ"ဟု မိသားဝင် ၆ ဦးစလုံး မဲပေးခွင့်မရရှိခဲ့သူ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

မကွေးမြို့ အမှတ် ၈၈ တပ်မဌာနချုပ် ခြေမြန်တပ်ရင်းအတွင်းရှိ မဲရုံနှင့် ခုတင်တစ်ရာဆံ့ဝင်းအတွင်းရှိ မဲရုံနှစ်ရုံတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ

လွှဲ၍ အခြားပါတီများမှ မဲရုံကိုယ်စားလှယ်နှင့်တာဝန်ရှိ
သူများကို မတွေ့ရှိရကြောင်း 7Day News သတင်းထောက် သတင်းပေးပို့ထားသည်။
ထိုမဲရုံ ၂ ရုံတွင်မဲပေးခဲ့သော မဲဆန္ဒရှင်တပ်မတော်သားများနှင့် မိသားဝင်အချို့ကို မေးမြန်းရာတွင် ၄င်းတို့၏ ဆန္ဒအလျောက်သာ

လွတ်လပ်စွာမဲပေးခဲ့ကြကြောင်းပြောဆိုသည်။ မည်သည့်ပါတီကို မဲပေးရမည်ဆိုသည့် ညွှန်ကြားချက်မျိုးလည်းမရှိကြောင်းသိရသည်။ အသက် ၂၃ နှစ်အရွယ် တပ်မတော်

သားတစ်ဦးက "သိတဲ့အတိုင်းပဲလေ။ တပ်မတော်သားဆိုတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခဲ့တယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် ကြိုက်လို့ပေးခဲ့တာ" ဟုဆိုသည်။
မန္တလေးမြို့ ရဲမွန်သောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲဆန္ဒရှင် အမည်များ မဲစာရင်းတွင် မပါဝင်သောအဖြစ်အပျက်များရှိကြော
င်းသိရသည်။ ၂၀၁၀ ခုနှစ်တွင်လည်း မဲပေးခဲ့သော မဲဆန္ဒရှင်များ၏ စာရင်းများကောက်ယူခဲ့ပြီး စာရင်းတွင် ပါဝင်သည်ဟု သက်ဆိုင်ရာလူကြီးက ပြောသည်ဟုဆိုသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ရန်ကုန်မှ လေယာဉ်စီးလာ၍ မဲလာပေးမည့် ယောက်ျားဖြစ်သူကို မည်သို့ရှင်းပြရမည်မသိဘဲ မျက်ရည်လည်နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့ထား သည်။ ယင်းကိစ္စကို ခရိုင်ကော်မရှင်တာဝန်ရှိသူများက ရှင်းလင်းပြောကြားနေပြီး မဲစာရင်းတွင် မပါဝင်သူများ မဲပေးခွင့်ရ၊ မရမသေချာသေးကြောင်းသိရသည်။ အချို့အလုပ်သမားမဲဆန္ဒရှင်များကလည်း နာမည်ရှာမတွေ့ခြင်းအား စောင့်ဆိုင်းမနေတော့ဘဲ အလုပ်ခွင်သို့ သွားရောက်နေကြပြီဖြစ်သည်။
စစ်ကိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ၌ မဲပေးနိုင်သူ ၁၂၀၀ ရှိရာတွင် ကြိုတင်မဲမည်မျှပေးပြီးရှိသလဲဟု
မေးမြန်းရာ၌ ကျေးရွာကော်မရှင် တာဝန်ရှိသူတစ်ဦးက ကြိုတင်မဲအရေအတွက်ကို မပြောနိုင်ဘူးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းကျေးရွာ၌ မဲပေးရန် ပြန်လာသော ဆေးတက္ကသိုလ်ပထမနှစ်ကျောင်းသား တစ်ဦးသည် မဲစာရင်း၌ နာမည်မပါ၍ မဲပေးခွင့်မရခဲ့ကြောင်း၊ ထို့အတူ သမ၀ါယမ ကျောင်းသူတစ်ဦးနှင့် GTC ကျောင်းသားတစ်ဦးတို့ကလည်း ယင်းရွာ၌ပင် နေထိုင်ပြီး မဲပေးခွင့်မရခဲ့ကြောင်း ဖြေကြားကြသည်။ ယင်းကဲ့သို့ အထောက်အထားအပြည့်အစုံရှိပါလျက် မဲပေးခွင့်မရသူပေါင်း ၁၇၀ ဦးခန့်ရှိကြောင်းသိရသည်။
7Day News Journal
==============================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၅)
အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက် မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) ခန့် ရှိကြောင်းသိရပါသည်။
ယင်း ကိစ္စနဲ့ပတ်သက်၍ ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျ
န်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။

ပခုက္ကူမြို့ အမှတ်(၃) ရက်ကွက်တာဝန်ခံ မနွေးနွေး (ရွေးကောက်ပွဲစောင့်ကြည့် (NLD)) အား ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောက်ရှက်နေပါသည်ဟု ကာယကံရှင်ကိုယ်တိုင်ပြောကြားပါသည်။
ပခုက္ကူမြို့ စက်မှုဇုံမဲရုံမှူးမှ NLD ပါတီဝင် ကိုယ်စားလည်နှင့် ကိုယ်စားလည်အကူများ ၀တ်ဆင်လာသော ယူနီဖောင်းများကို ချွတ်ခိုင်းသည်ဟုပခုက္ကူစက်မှုဇုံမှ ဦးဌေးအောင်မှ သတင်းပေးပို့ပါသည်

Myanmar News Now
ဆက်လက်ဖော်ပြသွားပါမည်။

0 comments:

Post a Comment