Sunday, 1 April 2012

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၁၆-၂၂)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၁၆)

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည် (Messenger News Journal)
ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာတွင် မဲလက်မှတ်များ အပေါက်အပြဲဖြစ်နေခြင်း၊ NLD နေရာတွင် ဖယောင်းသုတ်ထားသည့်အတွက် ခြစ်သည့်အခါ လုံးဝမှင်မထင်ခြင်းများ ဖြစ်ပွားနေသည်သည်။ ပြန်လဲခိုင်းသည့်အခါ ကော်မရှင်က လုံးဝလဲမပေးကြောင်း ယင်းဆန္ဒနယ်မှ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်ကပြောသည်။ ပုဗ္ဖသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင်လည်း ၂၀၁၀ က မဲပေးထားသူများ အခုမဲစာရင်းတွင်မပါဝင်ကြောင်းသိ
ရသည်။
7Day News Journal
----------------------------------------------------------------------------------------
မဲရုံနဲ့ကိုက်၅၀၀အတွင်းမဲဆွယ်စည
်းရုံးမှုတွေမလုပ်ရဘူးလို့ပြောထားတာလေ။ ကျွန်မတို့အနေနဲ့ကတော့ ဒါတွေကိုထောက်ပြပြီးကန့်ကွက်တဲ့လူရှိရင်တင်ပြရမှာပဲ။
(နတ်စင်ကုန်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တ
စ်ဦး)
ကျွန်တော်တို့ကမဲထည့်ပြီးပြီလာ
းလို့မေးတာလေ၊ NLD ကိုမဲထည့်ပြီးပြီလားလို့မေးတာမဟုတ်ပါဘူး
(NLD အဖွဲ့ဝင်တစ်ဦး)
မဲစာရင်းလာကောက်တဲ့နေ့က ကျွန်မကွင်းထဲရောက်နေလို့နံမည်စ
ာရင်းပါမသွားဘူး၊ အခုမှတ်ပုံတင်နဲ့မဲသွားထည့်တော့ ၂၄ရက်နေ့ကတည်းက စာရင်းပိတ်သွားပြီးထည့်လို့မရတော့ဘူးလို့ပြောတယ်။
(နတ်စင်ကုန်းရွာမှ မဲထည့်ခွင့်မရခဲ့သူအမျိုးသမီးတစ
်ဦး)
Yangon Press International
---------------------------------------------------------------------------------
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မဲဆန္ဒနယ်တွင်အသ
က်မပြည့်ဘဲမဲပေးခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်းအဆိုပါမဲဆန္ဒနယ်တွင်သွားရောက်သတင်းရယူနေသော The Messenger သတင်းထောက်က ကာယကံရှင်နှင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသူတစ်ချို့၏ပြောကြားချက်ကိုကိုးကား၍သတင်းပေးပို့သည်။အသက်မပြည့်ဘဲဆန္ဒမဲပေးခဲ့သူမှာလှည်းကူးမြို့နယ်၊ကျွန်းကလေးကျေးရွာ၊ရွှေနှင်းဆီရပ်ကွက်နေ (ဘ)ဦးတင်အောင်၏သမီးဖြစ်သူ မသန္တာအေး ဆိုသူဖြစ်ကြောင်းသိရသည်။မသန္တာအေး၏နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်မှာ ၁၂/လကန(နိုင်)၂၂၉၇၇၁ ဖြစ်ပြီးသူမ၏မွေးသက္ကရာဇ်မှာ ၁၄ . ၈ . ၁၉၉၈ ဖြစ်ကြောင်းသိရသည်။အသက် ၁၄ နှစ်သာရှိသေးသော မသန္တာအေးသည်ကျွန်းကလေးရွာ၊အာဇီဝမဲရုံ(၂)တွင် ( မဲစာရင်းခုံ အမှတ် (၄) မှ မဲလက်မှတ်နံပါတ် ၁၆၆၇ ဖြင့်) မဲပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါမဲရုံမှမဲရုံမှူးမှာဒေါ်ညွှန့်ရီဖြစ်ပြီး ထိုသို့အသက်မပြည့်ဘဲမဲပေးခဲ့ခြင်းကိုအရေးယူဆောင်ရွက်နိုင်ရန်နှင့်မည်သူကထိုသို့မဲပေးခိုင်းခြင်းကိုစုံစမ်းဖေါ်ထုတ်နိုင်ရန်တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ဆက်သွယ်ဆောင်ရွက်နေကြောင်းသိရသည်။
(Messenger News Journal)
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံ အမှတ် ( ၁ )(Messenger News Journal)
(Messenger News Journal)
==================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၁၇)
အိန္ဒိယ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ မန်း ကြားဖြတ်လေ့လာ
မန်းမဟာအောင်မြေ လမ်း ၄၀ နှင့် ၈၃ လမ်းကြားရှိ မဲရုံ အမှတ် ၃ သို့ အိန္ဒိယ နိုင်ငံအာသံ မဏိပူရ မှ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ ဧပြီ ၁ ရက် နံနက် ပိုင်းတွင် လာရောက် ကြည့်ရှုကြောင်း သိရသည်။ အဆိုပါအဖွဲ့ နှင့် အတူ အိန္ဒိယကောင်စစ်ဝန်လည်း လိုက်ပါလာခဲ့ပြီး မြို့ နယ် ကော်မရှင်တာဝန်ရှိသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ " ယခု ကြားဖြတ်ရွေးကောက်ပွဲကို Free and Fair ဖြစ်နိုင်တယ် ထင်ရကြောင်း သတင်းထောက် တစ်ဦး ၏ မေးမြန်းချက်ကို ၄င်းအဖွဲ့ မှ Mr. Maninder Singh ကဖြေကြားသည်။ အဆိုပါ မဟာအောင်မြေ အနောက်ရပ် မဲရုံ အမှတ် ( ၃ ) တွင် ကြိုတင်မဲ ၄ မဲသာ ရှိသည်ဟု မြို့ နယ် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပုသိမ်မြို့ (၁၄)ရပ်ကွက်၊ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တို့တွင် မှတ်ပုံတင်ရှိ၊ အိမ်ထောင်စုစာရင်းလည်းရှိပြီး မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးရသူတို့ ရှိနေပြီး၊ အချို့မှာ ငိုယိုနေကြသည်။ ထို့ကြောင့် Popular News ဂျာနယ်သတင်းထောက်မှ တိုင်းကော်မရှင် ဥက္ထဌ ဦးမျိုးထွန်းထံသို့ ဆက်သွယ်အကြောင်းကြားရာ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ ယခုလည်း လိုက်လံစစ်ဆေးလျက်ရှိနေကြာင်းပြ
န်လည်ဖြေကြားပါသည်။

"NLD အလံစတစ်ကာများ ကပ်ထားမှု ဧပြီလ (၁)ရက်နေ့အထိရှိနေဆဲဖြစ်ကြောင်း
သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးပြောကြား"

သုံးခွမြို့မှ ဆိုင်ကယ်များနှင့် ကားများတွင် NLD အလံစတစ်ကာများ ကပ်ထားမှု ကို ယနေ့အထိမြင်တွေ့နေရဆဲဖြစ်ကြောင်
း သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ (၁)နေ့နံနက်ဆယ်နာရီခန့်ကပြောသည်။ မျက်မြင်သက်သေအချို့ကမူ "ဟုတ်တယ် ဆိုင်ကယ်တွေနဲ့ ကားတွေရဲ့ ထိပ်ဦးမှာ ခုထိ ခွပ်ဒေါင်းကြယ်တစ်လုံးအလံတွေကပ်ထားတုန်းပဲ"ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမျိုးတင့်က "တစ်မြို့လုံးလိုလိုတော့ အဲဒီလို တံဆိပ်တွေဖြုတ်ဖို့တော့ လိုက်ပြီးကြေညာထားတာပဲ။ မဖြုတ်ကြတာကြောင့် အရေးယူမယ်ဆိုရင်လဲ မတတ်နိုင်ဘူး။ တစ်ခြားပါတီတွေကလဲ ၀တ်စုံပြည့်ဝတ်ထားတာမျိုးတွေရှိနေကြတယ်လို့သိရတယ်။ အဲဒီလိုဖြစ်နေတာတွေကြောင့် ခုလို အလံစတစ်ကာကပ်ထားတာတွေကိုလဲ အရေးယူဖို့လိုမယ်မထင်တော့ပါဘူး"ဟုပြောသည်။

ဝေယံ+မေဇင်
Popular Myanmar News Journal
=============================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၁၈)
ပခုက္ကူမြို့ အမှတ်(၃)ရက်ကွက်တွင် မဲရုံ (၁၂)ရုံရှိပါသည် ကြိုတင်မဲ (၁၂၈)ဦး ကောက်ခံရရှိပါသည်။
၎င်းရက်ကွက်အတွင်း မဲပေးပိုင်ခွင့်ရှိပြီး ဆန္ဒမဲပေးခွင့်မရသော ဦးရေ အယောက် (၃၀၀)ကျော်ရှိပါသည်။
မဲပေးခွင့် စလစ်များတွင် ၄င်းတို့ကိုယ်တိုင် ရေးသားထားသော အမည်လွဲမှားခြင်း မှတ်ပုံတင်လွဲမှားခြင်းများကြော
င့် မဲပေးခွင့်စလစ်ရှိသော်လည်း မဲပေးခွင့်မရသည့် ဆန္ဒမဲရှင်များ အမှတ် (၃)ရက်ကွက် မဲရုံ (၉)(၁၀)တို့တွင် တွေ့ရှိနေရပါသည်။

ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက်
ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊
ယနေ့မနက်မဲသွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်းပေးပို့ပါသည်။


အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက် မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀)
ခန့် ရှိကြောင်းသိရပါသည်။ ယင်း ကိစ္စနဲ့ပတ်သက်၍ ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျ
န်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။
Myanmar News Now
=============================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၁၉)
ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ )တွင် ဒေသခံများအား နှုတ်ဆက် Photo -- Messenger News Journal
ကော့မှူးမြို့ နယ်ပြည်တော်သာရပ်ကွက်နှင့်သမင်
ခြံကျေးရွာမဲရုံတွင်မဲလက်မှတ်
များကိုဖယောင်းသုတ်ထားသဖြင့်မဲပေးသူတစ်ချို့ မှမဲလက်မှတ်များ
ကိုပြန်လည်လဲပေးရန်တောင်းဆိုသည်ကိုမဲရုံမှူးမှမဲလက်မှတ်
အသစ်ပြန်လည်ထုတ်မပေးဘြဲငင်းဆန်
သည်ဟုသတင်းများရရှိပါသည်။သတင်းထောက်များမှလည်းသတင်းရယူရန်ကြိုးစားနေကြပါသည်။ထိုဖြစ်စဉ်မှာမနက်
၉နာရီခန့် တွင်စတင်ဖြစ်ပွါးနေကြောင်းသိရှ
ိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှလည်းထြို
ဖစ်စဉ်ကိုသတင်းရရှိသွားပြီးကိုယ်စားလှယ်များ
ကိုစေလွှတ်စုံစမ်းနေကြောင်းသိရှိရပါသည်။ဒေါ်အောင်ဆန်းစုကြည်မှ
လည်းရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဟုသိရှိရပါသည်

မအူပင်မြို.နယ် အမှတ်(၁၂)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁.၄. ၂၀၁၂) တနင်္ဂနွေနေ. နံနက် (၉း၀၀) နာရီ အချိန်ခန်.တွင် မဲဆန္ဒ ဖော်ထုတ်လိုသူ ပြည်သူတစ်ဦး ဖြစ်သည့်မြို.သစ်(၂)လမ်း အမှတ်(၁၂)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပေါက်စ အသက် (၅၁) နှစ်ဆိုသူသည် မဲပေးရန် မဲရုံသို.အရောက်တွင် မိမိ မဲပေးရာတွင် လက်တုန်နေသောကြောင်. ကူညီပေးပါရန်နှင်. မိမိသိသည်မှာ ခွပ်ဒေါင်းကိုဘဲ သိသည်သာဖြစ်ကြောင်း ပြောဆိုသည်ကို မဲရုံမှုးဖြစ်သူ ဆရာမကြီးဒေါ်ဝင်းမြင့်သန်းက ဒေါ်ပေါက်စ ထံမှ မဲပြားကို ယူဆောင်ပြီး ဒီလိုခြစ်ရသည်ဟု ပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီနေရာကို အမှန်ခြစ်ပြီး မဲဆန္ဒဖုံးထဲသို. ထည့်လိုက်ကြောင်း သိရှိ မှတ်တမ်းတင်လိုက်ပါသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆင်ရှည်ကျေးရွာ၌ မဲဆန္ဒပေးရာတွင် မဲလက်မှတ် ၁၀၀ ကျော်၌ ဖယောင်းများသုတ်လိမ်းထားသည်ကို တွေ့ရှိရပြီး ပြန်လဲခွင့်တောင်းရာ လဲမပေးကြောင်းသိရသည်။


Myanmar News Now

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့ နယ် အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်တို့တွင် မဲစာရင်း မပါရှိသူများ ရှိနေပြီး ရပ်ကွက်ကော်မရှင်ရုံး များကလည်း ထိုကဲ့သို့ မပါရှိခြင်းကို မည်သို့မျှ လုပ်ဆောင်ပေး၍ မရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ စာရင်း ပေးပို့ချက်များအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။
=====================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၂၀)
အောင်ပန်းမြို့ မှ အိမ်ထောင်စု ဇယား
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အမှတ် ( ၃ )ရပ်ကွက်တွင် အိမ်ထောင်စု ဇယားများလည်း ရှိပြီး လူဦးရေ ( ၁၇၀ )ခန့်မှာ မဲစားရင်းတွင် မပါသဖြင့် မဲမပေးရကြောင်း ယင်းရပ်ကွက်နေ မဲမပေးရသော အမျိုးသမီးတစ်ဦးက ပြောပြပါသည် ။နောက်ထပ် မဲစားရင်းတွင် မပါသူများ ထပ်မံ တိုးလာနိုင်ကြောင်း ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ပြေပါသည်။
အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် ဇောတိ မဲရုံ တွင်လည်း မဲစားရင်းနံပါတ် ( ၉၁၇ ။ ၉၁၈ ) နစ်ခု တို့သည် နစ်နေရာတွင် ဖော်ပြထားပြီး မဲပေးရမယ့်သူအမည်မှာ နစ်မျိုးဖြစ်နေကြောင်း သိရပါသည်။
ယင်းကိစ္စ နှင့်ပတ်သက်၍ မဲ ရုံမှုး အားမေးမြန်းစုံစမ်းရာ ပထမနှစ်ဦးမှာ သေဆုံးသွားပြီးဖြစ်ကြောင်း နှောက်နစ်ဦးမှာ ရပ်ကွက်ရှုံးမှ တာဝန်ရှိသူက အမှတ်စဉ် အတိုင်းပြုစုခြင်းမရှိပဲ မှုလ 2010 ခုနစ်က
စားရင်းကို ပြုစု၍ ပြုလုပ်ကြောင်း ရှင်းပြပါသည်။ အဆိုပါဇောတိရပ်ကွက်တွင် မဲဆန္ဒ ပေးရမည့် စားရင်းစုစုပေါင်းမှာ ၁၁၃၂ ဦးရှိပြီး တပ်နယ်မြေတွင် အများဆုံးဖြစ်ကြောင်း သိရပါသည်..။
မအူပင်မြို့နယ် အောင်ဘုံကျေးရွာမဲရုံတွင် ရာအိမ်မှူး ဦးမြင့်အောင်မှ ကြိုတင်မဲ (၁၅) မဲကို ၄င်းလုပ်ပိုင်ခွင့်ရှိသည်ဟုပြောဆိုပြီး မဲရုံအတွင်းဝင်ထည့်သွားသည်။ မဲရုံမှူးဒေါ်မူမူခင်မှ NLD ပါတီကိုယ်စားလှယ် အကူကိုယ်စားလှယ်များဝင်ရောက်ခွင့်မပြုပဲ အခြားပါတီကိုယ်စားလှယ်များကို ၀င်ခွင့်ပြုပါသည်။ မအူပင်မြို့နယ် ကန်စုကြီးကျေးရွာမဲရုံတွင်လည်း ဆယ်အိမ်မှူး ဦးကံမြင့်မှ ကြိုတင်မဲ (၅) မဲကို သူ့သဘောနှင့်သူ ၀င်ထည့်သွားပါသည်။
Myanmar News Now
======================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၂၁)
နိုင်ငံတော်သမ္မတ ယနေ့နေ့လည် (၁၁) နာရီတွင် မဲဆန္ဒနယ်အမှတ်တစ်တွင် မဲလာထည့်စဉ်..Messenger News Journal
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ရာ ကော့မှူး မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်း မဲရုံများသို့ လာရောက်ကြည့်ရှုခြင်းမရှိကြောင်း
နှင့် ကြံ့ခိုင်ရေးပါတီ၏ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
---------------------------------------------------------------------------------
ဒဂုံဆိပ်ကမ်းတွင် မဲဝယ်မှု၊ မဲလိမ်မှုများ အကြီးအကျယ် ဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် မဲဝယ်မှု၊ မဲလိမ်မှုများ အကြီးအကျယ် ဖြစ်ပွားလျက်ရှိကြောင်း
weekly express times သတင်းထောက်က သတင်းပေးပို့သည်။
မနက် ၇း၄၀မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးဌေးဝင်းက ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ရက်ကွက်မှာ ငွေ၃၀၀၀ပေးပြီး မဲဝယ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
၈၈ရပကွက်မဲရုံ ၆၊၇ မှာမဲစစ်ခွင့်မရသည်သာမက ၈၉ရပ်ကွက်မဲရုံ ၃ တွင် ကြိုတင်မဲ ၁၂မဲရှိကြောင်းသိရသည်။
မဲနံပတ် ၈၇၀ အောင်မြတ်တင် မဲနှစ်ခါထည့်၊သကဲ့သို့ ၈း၃၅ ၉၂ရက်ကွက်မှာ မသန်းသန်းဆင့် မဲအမှတ်၁၁၁၆၊ ၉၂၀ နဲ့မဲနှစ်ခါထည့် သို့သော်မှတ်ပုံတင်မရှိသဖြင့် မဲပေးခွင့်မရသူ၅၀ရှိခဲ့သည်။
မဲရုံ၁၂မှာ မဲစာရင်းမပါသဖြင့် အော်ဟစ်ဆူပူမှုဖြစ်ပွားခဲ့ပြီး ၈း၄၀ ၉၃ရက်ကွက်မှာ ဓာတ်ပုံကိုင်ဆန္ဒပြရန်ကြိုးစားမှုဖြစ်ခဲ့ပြီး မည့်သည့်ဓာတ်ပုံမှန်းမသိလိုက်ရပေ။
၆၇ ရက်ကွက် ကြံ့ခိုင်ရေးမှဦးခင်ဇော် ရွှေကျီးကိတ်မုန့်ကျွှေးပြီး ကားနံပါတ် ၈င/၂၈၆၀ကားနဲ့ မဲရုံများကိုလိုက်လံပို့
၉၃ ရက်ကွက် မုခ်ဦးမှာ ကြံ့ခိုင်ရေးအလံထောင်ထားရာ မဲရုံနဲ့ ကိုက်၁၅၀ပဲကွာသည်။

၈း၄၀ ၉၈ရက်ကွက် မထားစုအပိုင် စားအုန်းဆီစက်ရုံမှာ မန်နေဂျာ ၀င်းထက်ပိုင်၊ စက်ရုံမှုး ဦးဝင်းကို အလုပ်သမား ၇၀ ရဲ့မှတ်ပုံတင်တွေကို ကြံ့ခိုင်ရေးကိုပေးခဲ့ကြောင်း သိရသည်။
The Express Times
------------------------------------------------------------
၈၈ ရပ်ကွက် ဒဂုံဆိပ်ကမ်းမှာ ဖြစ်နေသော မသမာမှုများ မဲရုံ ၆၊၇ တွင်
ဆရာမများ မှာပါလာသော မဲပြား၊ မဲထုတ်များကို ကိုယ်စားလှယ်များ မကြည့်ရ
ပုံစံ(၁၃)တွင်ဖြေ့မရကြိုတင်မဲများပါပါလာသည်။
မဲရုံ ၇ တွင် မဲလက်မှတ်တိုင်းမှာ မဲရုံစီးတံဆိပ်တုံး ရိုက်နှိပ်မထားပါ
ကြံခိုင်ရေးမှ ဦးသိန်းဝင်းမှ မဲရုံအတွင်း အသံဖမ်း ဓါတ်ပုံရိုက်
မဲရုံ ၅ မှာ မဲပေးတဲ့နေရာမှာ မီးချောင်းတွေကြွင်းနေတယ်။
NLD ပုံစံ (၁၁)နဲ့ ၁၃ တွေမှာ လက်မှတ်လုံဝ မထိုးပေး
မရင်ရင်အေး အမှတ်(၅၀) ခ ယုဇနလမ်း
နေသူသည် မဲရုံတွင်မဲပေးဖို့သွားတာကို ရာအိမ်မှုးဦးခင်မောင်ထွေးမှ
ငါတို့ကြံခိုင်ရေးအားနည်းနေလို့ နင်တို့မဲတွေပေးလိုက်ပါလို့ပြော
မရင်ရင်အေး မဲမပေးခဲ့ရ။
တချို့ဆိုမိသားစုလိုက် မဲမပေးရသူများရှိနေ
၂၀၁၀ တုန်းကမဲပေးလိုက်ရပြီးခုချိန်မှ မဲမပေးရသူများရှိ
မှတ်ပုံတင်နံပါတ်များလွဲနေသူမျာ
းရှိ
၁၆၈ ရပ်ကွက် မှာ ကြံခိုင်ရေး စည်းမှူးဒေါ်ဥမ္မာညွန့် နှင့် လူ၂၀ ခန့်
မဲရုံအနီးတွင် ကြံခိုင်ရေး ကိုမဲပေးဖို့စည်းရုံး
ခုပို့လိုက်သော ပုံများမှာ မဲမထည့်ရသောသူများဖြစ်ပါသည်။
Myanmar News
=========================================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း(၂၂)
မြောင်းမြ

ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကာယကံရှင်မသိပဲ ကြိုတင်မဲ ပေးပြီးဖြစ်

မြောင်းမြမြို့ရှိ မုဆိုးကွင်းကျေးရွာအုပ်စု၊ သမ္မန်ချိုင်ရပ်ကွက်တွင် နေထိုင်သော GTC ဒုတိယနှစ်ကျောင်းသား ကိုခန့်ကျော်နိုင် မဲသွားပေးရာတွင် ကြိုတင်မဲပေးပြီးပြီဖြစ်၍ ထပ်မံပေး၍ မရကြောင်း ပြောသည်။

ကိုခန့်ကျော်နိုင် တက်ရောက်ရသော ပုသိမ်မြို့ GTC ကျောင်းတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မတိုင်ခင် ကျောင်းခန်းထဲတွင် ကိုယ်ရေးအကျဉ်းစာရွက်ဖြည့်ခိုင်းကြောင်း၊ ဘာအတွက်ဖြည့်ခိုင်းသည်ကို မေးကြည့်သော်လည်း ဆရာမမှ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုကဲ့သို့ ကိုယ်ရေးအကျဉ်း ဖြည့်ရသော ကျောင်းသားဦးရေ ၁ဝ၀ လောက်ရှိကြောင်း ကိုခန့်ကျော်နိုင်မှပြောသည်။ ယခုအခါ ကိုခန့်ကျော်နိုင် မဲသွားပေးရာ ကြိုတင်မဲပေးပြီးဖြစ်၍ မဲမပေးခဲ့ရကြောင်းသိရသည်။


ကလော၊
ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကြံ့ခိုင်ရေးက မဲတစ်ပြား ကျပ် ၃၀၀၀ နှင့်ဝယ်

ကလောမြို့ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်ချို့က သူတို့ပါတီကို မဲပေးဖို့ မဲတစ်ပြား ကျပ် ၃၀၀၀ နှုန်းနဲ့ ၀ယ်နေကြောင်း မြို့ခံတွေက ပြောပြပါတယ်။

ကလောမြို့ နန်းနိုင်ကျေးရွာ အုပ်စု ကန့်ကော်ပင်ကျေးရွာနဲ့ ညောင်ပင်ကုန်း ကျေးရွာအကြားမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်စုက ဖြတ်သွားဖြတ်လာ လူတွေကို မဲပေးဖို့ သွားမှာလား။

မဲသွားပေးရင် ကျွန်တော်တို့ပါတီကို မဲပေးပါ ဆိုပြီး ကြံ့ခိုင်ရေး ပါတီ စာရွက်နဲ့ ငွေကျပ် ၃၀၀၀ ကိုပါခေါက်ပြီးပေးကြောင်း သိရပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နေမှုကို အင်န်အယ်လ်ဒီ အပြင်စည်းစောင့်ကြည့်အဖွဲ့ကလည်း တွေ့မြင်ခဲ့ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ ကော်မရှင်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

အဆိုပါနေရာ အနီးမှာ အမက ညောင်ပင်ကုန်း နဲ့ အမက မြင်းကပေါ် မဲရုံတွေ တည်ရှိကြောင်း သိရပါတယ်။


မန္တလေး၊ ပခုက္ကူ ၊
ဧပြီ ၁ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၁၅ မိနစ်၊ YPI

၁။ မဲရုံရှေ့တွင် မဲပေးသူများ စောင့်စား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် အနောက်ရပ်ကွက်တွင် နေထိုင်သော ဒေသခံအများစုမှာ မဲစာရင်းတွင် မပါသူ များပြားသောကြောင့် လူ (၃၀၀) ၀န်းကျင် အဝေရာ ဓမ္မာရုံ မဲရုံရှေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

အဆိုပါ လူများ မဲပေးခွင့်ရရန် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ကိုင်ဆောင်ပြီး မဲရုံမှူးကို သွားရောက်ပြောဆိုရာ မဲရုံမှူးက မြို့နယ်ကော်မရှင်ရုံးကို သွားတင်ပြရန် ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န်အယ်လ်ဒီ ပါတီကို ထောက်ခံသူ များကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူ မဲဆန္ဒနယ်တွင်လည်း မဲရုံ တစ်ရုံစီမှာ လူဦးရေ ရာနဲ့ချီ မဲပေးခွင့်မရလို့ စောင့်ဆိုင်းနေကြောင်း အင်န်အယ်လ်ဒီ ပါတီမှ ဦးကြည်ဝင်းက ပြောသည်။

မူလက ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းရှိရင် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မပါရင်လည်း မဲပေးခွင့်ရမည် ပြောခဲ့ပေမယ့် မတ်လ ၃၀ ရက်နေ့မှာတော့ ကော်ရှင်အဆင့်ဆင့်ကို ၂၄ ရက်အထိ နောက်ဆုံးရရှိတဲ့ စာရင်းကိုသာ အတည်ယူမည်ဟု ညွှန်ကြားထားတာကြောင့် မဲပေးခွင့်မရတော့တာဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။

မြို့မ လမ်းပေါ်က အမှတ် (၁၅) ရပ်ကွက် မဲရုံအမှတ် (၁) အနီးမှာလည်း လူရာနဲ့ချီ စောင့်ဆိုင်းနေကြောင်း၊ အခြား မဲရုံတွေမှာလည်း အလားတူစောင့်ဆိုင်းနေသူ အများအပြား ရှိပြီး ညနေ မဲရုံပိတ်ချိန် မတိုင်မီအထိ စောင့်ဆိုင်းနေကြမယ် ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။


Yangon Press International




0 comments:

Post a Comment