Monday, 28 May 2012

ကျောင်းအပ်လျှင် ငွေငါးသောင်းရှိရမည်


စစ်ကိုင်တိုင်းဒေသကြီး မုံရွာမြို့ ဆူးလေကုန်းရပ် အမက (၄)ကျောင်းကတော့ အလှူ
ငွေကောက်ပါတယ်။ ဒီကျောင်းကတော့ သူငယ်တန်းကျောင်းသားသစ် အပ်လျှင် အ
နည်းဆုံးငါးသောင်းကျပ်တိတိအလှူငွေအဖြစ်(အလှူရှင် ၏ ဆန္ဒရှိ ရှိမရှိရှိ)ကောက်ခံ
နေပါတယ်။

ကျောင်းသားသစ်လျှောက်လွာများကို ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး ကော်မတီ
လူကြီးများ ဟုဆိုသူများကကောက်ခံလျှက်ရှိနေပါတယ်။

ထိုသို့ကောက်ခံရာတွင် ငါးထောင် တစ်သောင်းနဲ့တော့မလာခဲ့နဲ့ဟု ခေတ်ဟောင်းက
ဥက္ကဌ လုပ်ခဲ့ဖူးသူ ဦးချိုတူး မှ အများကြားအောင်ပြောပါတယ်။ ကျောင်းအကျိုးတော်
ဆောင် ဆိုသူ ဒေါ်မီမီတိုးမှလည်း တစ်သိန်းအောက်တော့မလာခဲ့နဲ့ဟုရင်းနှီးသူများ
ကို ပြောဆိုကောက်ခံပါတယ်။

အလှူငွေကောက်သည်ဆိုသည်မှာ ပေးလှူမည်သူ၏ စေတနာအလျှောက် ကြည်ဖြူစွာ
လှူဒါန်းသည်ကိုသာ လက်ခံရမည်ဖြစ်သည်။ယခုလိုငါးသောင်းအနည်ဆုံးဟုဖိအားပေး
အလှူခံခြင်းမှာမဖြစ်သင့် ကြောင်း မုံရွာမြို့ ဆူးလေကုန်ရပ်ကွက်က ကျောင်းသားမိဘ
များကပြောပြပါတယ်။

0 comments:

Post a Comment