Monday 28 May 2012

မြောက်ကိုရီးယားအရာရှိ(၃၀)ဦးအား တောင်ကိုရီးယားနှင့်ဆွေးနွေးမှုတွင် ပါဝင် သုတ်သင်ခံရ

၂၀၁၂/မေ/၂၈ရက် (တနလာင်္)

ယမန်နှစ်က မြောက်ကိုရီးယားရှိ အရာရှိ ၃၀ မှာ အစိုးရ၏ သုတ်သင်ပစ်မှုကို ခံခဲ့
ရကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ အဆိုပါ အရာရှိများမှာ

မော်တော်ယာဉ် မတော်တဆ မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်
တပ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း Amnesty International ၏ အပြောကို
Telegraph မှ ကိုးကား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ထပ်လူ ၂၀၀မှာလည်း ယခုနှစ် ဇန်နဝါရီလက နိုင်ငံပိုင်လုံခြုံရေး
အေဂျင်စီမှ ဝိုင်းရံထားကာ ယင်းသို့သော လူ ၂၀၀ ထဲတွင် အချို့မှာ သတ်ဖြတ်
ခံလိုက်ရပြီး ကျန်ရှိသူများမှာလည်း နိုင်ငံရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း
ခံခဲ့ရကြောင်း Amnesty International က ဖော်ပြသည်။

မြောက်ကိုရီးယား နိုင်ငံမှာ ဗြူရိုကရက်များ အနေဖြင့် တိုင်းပြည်နှင့် နိုင်ငံအပေါ်
တွင် လုပ်ဆောင်ချက် မအောင်မြင်ပါက သုတ်သင်ပစ်သည့် အကျင့်ရှိကြောင်း
အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။သို့ရာတွင် ယခင်က အဆင့်မြင့်အရာရှိများနှင့်
တော်ဝင် မိသားစုများ အပေါ်တွင် ပြုလပ်ခဲ့ဖူးသည့် ထုံးစံမရှိဘူးကြောင်းလည်း
ယင်းသတင်းတွင် ပါရှိခဲ့သည်။

source : telegraph.co.uk

0 comments:

Post a Comment