28.07.2012
ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြား ချက်တွေကြောင့် ဒီကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီး မစ္စနာဗီပီလေး (Navi Pillay) က ဇူလိုင်လ (၂၈) ရက်နေ့ က တောင်းဆို လိုက်ပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး (UNHCR) ရုံးကလည်း ရခိုင်ပြည်နယ်မှာ အကြမ်း ဘက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး နေကြသူ (IDP) တွေ ရှစ်သောင်းလောက်ရှိနေပြီး ဒီ IDP အများစုဟာ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတာကြောင့် သူတို့အတွက် ရွက် ဖျင်တဲတွေကို လေကြောင်းကနေ ပို့ပေးနေတယ်လို့ ပြောဆိုပါတယ်။
ရှေ့သီတင်းပတ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် သော မတ်(စ်) အိုဟေး ကင်တားနား (Tomas Ojae Qunitana) ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လာရောက်ခွင့်ပြုတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း မဟာမင်းကြီး မစ္စ နာဗီ ပီလေးက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီလို မစ္စတာကင်တားနား မြန်မာနိုင်ငံကို သွားရောက်ခြင်းက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေးနဲ့ အလဲအလှယ်အစားထိုးဖို့ မဟုတ်ဘူး လို့လည်း မစ္စပီလေးက ဆိုပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသူ (IDP )တွေဟာ နေရပ်ကိုပြန်သွားကြဖို့ သိပ်ကြောက်ရွံ့နေကြတယ် လို့ UNHCR ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ အယ်န်ဒရက်(ဂ်ျ) မဟီဆစ် (Andrej Mahecic)က ပြောဆိုပါ တယ်။
မြန်မာနိုင်ငံမှာ လူနည်းစုလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ထားရှိရေးအတွက် မကြာသေးခင်ကပဲ ပြည်သူ့လွှတ်တော်မှာ အာဏာရ ပြည်-ခိုင်-ဖြိုးပါတီက တင်သွင်းတဲ့အဆိုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အများအပြားလုပ်ဆောင်နေပေမဲ့ နိုင်ငံရဲ့ တချို့ ဒေသတွေမှာ ပဋိပက္ခတွေ မငြိမ်မသက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။(VOA)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
▼
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Sunday, 29 July 2012
ရခိုင်ပဋိပက္ခစုံစမ်းရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
1 comments:
hello စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နောင်ပကျစ်ဈေးနှင့် အနည်းစပ်ဆုံး ဖုန်း
နံပါတ် သို့ မဟုတ် အီးမေးလ် လိပ်စာများလိုချင်နေပါတယ် ရရှိက hlaingzarkyi@gmail.com သို့ ဆက်သွယ်၍ကူညီပေးပါရန် kmms အဖွဲ့ 
Post a Comment