Friday 28 September 2012

CNF ဆက်ဆံရေးရုံး တီးတိန်တွင်ဖွင်လှစ်၍ ဆန္ဒထုတ်ဖော်

 ချင်းအမျိုးသားတပ်ဦး (CNF) ၏ တတိယမြောက် ဆက်ဆံရေးရုံးဖြစ်သော ချင်းအ
မျိုးသားတပ်ဦးနှင့် အစိုးအရအဖွဲ့ဆက်ဆံရေးရုံးကို တီးတိန်မြို့စကောလမ်းရပ်ကွက်
တွင် စက်တင်ဘာလ (၂၅) ရက်၊ နံနက် ၈ နာရီ၌ သိက္ခာတော်ရဆရာဇင့်ထောင်း၏
ဆုတောင်းခြင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
၎င်းအခမ်းအနားဖွင့်ပွဲနှင့်ဧည့်ခံပွဲကို တီးတိန်မြို့ကမ်းဟောက်ခန်းမတွင် ပြည်နယ်
အစိုးရ ကိုယ်စားလှယ်များ၊မြို့နယ်အစိုးရဌါန အသီး သီးမှပုဂ္ဂိုလ်များ၊ချင်းအမျိုးသား
တပ်ဦးမှကိုယ်စားလှယ်များ၊ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့်မြို့နယ်အတွင်း
မှ စိတ်ဝင်စားသူ ပြည်သူများအားလုံးပေါင်း (၂၅၀) ခန့် တက်ရောက် ပြုလုပ်ခဲ့
 ကြောင်း သိရသည်။ 
အဆိုပါ အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ချင်းအမျိုး
သားတပ်ဦးတွဲဘက်အထွေထွေအတွင်းရေးမှူး ပူခွါအုပ်လျှန်၊ ပူထလန်ကျဲ ၊တီးတိန်မြို့
နယ် ချင်းအမျိုးသားပါတီမှ  ပူကျင့်ဇကမ်း ၊ ဖလမ်းမြို့ မှ ပူ ထန်ကိမ်း တို့မှ အသီးသီး
မိန့်ခွန်းပြောကြား ကြပါသည်။

ထို အခမ်းအနား၏ နိဂုံးချုပ် မိန့်ခွန်းကို ထန်တလန်မြို့CNF ဆက်ဆံရေးရုံး တာဝန်ခံ
ပူးရာလ်နင်းမှ ပြောကြားပြီးအခမ်းအနားကို မနက် ၁၀း၄၅မိနစ်တွင် အောင်မြင်စွာပြီး
ဆုံးခဲ့ပါသည်။

ထို့အပြင် တက်ရောက်လာကြသူ ဧည့်သည်တော်များကို နေလည်စာဖြင့် ဧည့်ခံတည်
ခင်း ကျွေးမွေးသွားကြောင်း သတင်းရရှိပါသည်။

တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းအား ယခင်ကာလ
များတွင် လူထုဆန္ဒလက်မှတ်များနှင့်သော်၎င်း၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) မှလည်း သမ္မတနှင့်တွေ့ဆုံစဉ်တွင် ကန့်ကွက်ပြောကြားခဲ့သကဲ့သို့ ရုံးဖွင့်သည့် စက်တင်ဘာလ
(၂၅) ရက်နေ့တွင်လည်း ဒေသခံလူငယ်များမှ ကန့် ကွက်ဆန္ဒပြခဲ့ကြရာ လူဦးရေ
(၁၅၀) ခန့်မှ ဆန္ဒပြခဲ့ကြသည်။
ချင်းပြည်နယ်တွင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပထဆုံးအကြိမ်ပြုလုပ်သော ဤ
ဆန္ဒဖော်ထုတ်ပွဲအား နံနက် ၁၀ နာရီတွင်စတင် ရန် ခွင့်ပြုထားခြင်းဖြစ်သော်လည်း
အထက် အမိန့်အရ ရဲဌါနမှ ၁၁ နာရီအချိန်တွင် အစပြုစေခဲ့ပြီး၊ ဆန္ဒပြချိန် (၄၅) မိနစ်
ခန့်ကြာမြင့်ခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ (၂၆) ရက် ည (၇) နာရီခန့်တွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စား
လှယ်များ၊ တီးတိန်မြို့နယ်မှ မြို့မိ/ဖများအပါအ၀င် ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော လူငယ်အချို့ တွေ့ဆုံမှုတရပ်အား  တီးတိန်မြို့ မြို့မရပ်ကွက်ရှိ ဆန္ဒပြခေါင်းဆောင်တဦး
ဖြစ်သော ကမ်းလျန်းထန် (ခ) ထန်းပီး၏ နေအိမ်တွင် ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲတွင် နှစ်ဖက်လိုလားချက်များနှင့် သဘောထားများကို အပြန်အလှန်ပြော
ကြားကြကာ၊ တစုံ တရာ ဆုံးဖြတ်ချက်ချခြင်းမျိုး မလုပ်ခဲ့ကြဟု သိရသည်။

အဆိုပါ ရုံးတာဝန်ခံအဖြစ် ယခင် ချင်းအမျိုးသားပါတီဝင်တစ်ဦးဖြစ်သူ ပူးဂိုခန့်နန်မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရုံးအဖွဲ့ဝင်များကိုလည်း တီးတိန်၊တွန်ဇံမြို့
နယ် အတွင်းလူများဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment