Friday 28 September 2012

CUFC တစ်နှစ်အတွင်း တန်းပြန်တက်ရန် ကြိုးစားမည်

၂၀၁၂ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်၌ စတင်ဝင်ရောက်ယှဉ်ပြိုင်သော ချင်းယူနိုက်တက်အသင်းသည် အသင်း (၁၄) သင်းအနက် အဆင့် (၁၄) နေရာဖြစ်ကာ တန်းဆင်းသွားရပြီဖြစ်သည်ဟု သိရသည်။
ချင်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် တွင် ဆက်လက်တင်ကျန်ရစ်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံသို့ သြဂုတ်လအတွင်းတွင် အသနားခံစာ တင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Chin United F.C ပိုင်ရှင် Dr. James Lian Sai မှ “တန်းတက်မရှိပဲ တန်းဆင်းရတာဟာ အဓိပ္ပာယ်မရှိပါ ဘူး။ အခုလိုမျိုးတန်းဆင်းရတဲ့အတွက် ကျနော်တို့ အတွက် တအားနစ်နာပါတယ်။ ဒါပေမယ့် အပျော်တမ်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး၊ ချက်ခြင်းတန်းပြန်တက် လာအောင် ကြိုးစားပါ့မယ်။ အားလုံးဝိုင်းဝန်းအားပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟု Chin World Media သို့ပြောသည်။
အပျော်တမ်းလိဂ်ပြိုင်ပွဲတွင် အသင်း (၁၄) သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိ ပြီး၊ မြန်မာနေရှင်နယ်လိဂ်မှ တန်းဆင်း (၂) သင်းဖြစ်သော ရှမ်းပြည် (မြောက်) မှ မောရ၀တီနှင့် ချင်းယူနိုက်တက်အပါအ၀င် အသင်း (၁၆) သင်းဖြင့် ၂၀၁၃ ဘောလုံးရာသီအတွက် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

၂၀၁၄ ဘောလုံး ရာသီတွင်မူ အပျော်တမ်းလိဂ် ပြိုင်ပွဲမှ ထိပ်ဆုံး(၂) သင်းမှာ မြန်မာ နေရှင်နယ်လိဂ်သို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ် သည်။တန်းဆင်းသွားရသော်လည်း ချင်းယူနိုက်တက်အသင်းသည်
 နိုင်ငံခြားသား ကစားသမား (၃) ဦးအား ခေါ်ယူရန် ပြင်ဆင်လျက်ရှိပြီး၊ ယခင်စီးပွား/ကူးသန်းအသင်း အသုံးပြုခဲ့သော လှိုင်သာယာမြို့နယ်ရှိ အားကစားသမားအဆောင်နှင့် လေ့ကျင့်ရေးကွင်းအား ငှားရမ်းထားသကဲ့သို့၊ လစာပိုင်းကိုလည်း တိုးမြှင့် ပေးကာ၊ စည်းကမ်းပိုင်းကိုလည်း ပိုမိုတင်းကျပ်စွာ ကိုင်တွယ်သွားမည်ဟု Dr. James Lian Sai မှ ပြော သည်။

အပျော်တမ်းလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော အသင်းများမှာ- ACE F.C ၊ ကာကွယ်ရေး၊
 ရွှေသိမ်းမင်း၊ ရွှေဝါမြေ၊ စွမ်းရည်ထက်၊ Elite Tech F.C ၊ MOE၊ MOD ၊ Horizon ၊ Dagon F.C ၊ MOAI ၊ Yangon City ၊ All Star ၊ GFA တို့ဖြစ်ကြပြီး၊ လက်ရှိချန်ပီယံမှာ- ACE F.C ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၏ F.A ရှုံးထွက်ပြိုင်ပွဲကဲ့သို့သော MFF Digitel Cup ရှုံးထွက်ပြိုင်ပွဲ (၂၀၁၂) အား အောက်တိုဘာလ (၁၇) ရက်နေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ချင်းယူနိုက်တက်အသင်းမှာ- အောက်တို ဘာလ (၁၈) ရက်နေ့၌ ကမ္ဘောဇအသင်းနှင့် တောင်ကြီးမြို့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

0 comments:

Post a Comment