Saturday 27 October 2012

ကလေး-ရိဒ် ဂျစ်ကားတစင်း တိမ်းမှောက်

October 28, 2012

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး အမှတ် (၂) လမ်းမပေါ် တွင် ကလေး-ရိဒ် ကုန်တင် ယာဉ်လိုင်းတခုမှ ဂျစ်ကား တစီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ကလေး-ရိဒ်ကုန်တင် ယာဉ်လိုင်းတခုဖြစ်သော ဂျစ်ကား (၆ဂ/၆၁၇) သည် တီးတိန်မြို့နယ်၊ Laitui ရွာ အနီး၊ မိုင်တိုင်အမှတ် (၉/၇) နှင့် (၁၀/၀) အကြားတွင် လမ်းခရီးဆိုးရွားခြင်းနှင့် ယာဉ်မောင်း ဖြစ်သူ၏ မဆင်မခြင် ဂီယာလွှတ်ကာ မောင်းခြင်း ကြောင့် ယာဉ်မတော်တဆဖြစ်ကာ ပေ (၅၀) ခန့် လိမ့်ကာ တိမ်းမှောက်သွားရခြင်း  ဖြစ်သည်ဟု သိရ သည်။
ထိုသို့ယာဉ်တိမ်းမှောက်ခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသည့် (၉) ဦးအနက်  Pu Vungh Lian Pau ၏ သမီးဖြစ်သော Lia Cing Sian Lun (အသက် ၂၁ နှစ်) သည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန် (၈) ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသော (၈) ဦးမှာ- Lailo ရွာမှ Pa Zam Deih Piang (အသက် ၃၂ နှစ်)၊ Lia Mang Suan Ngaih (အသက် ၁၈ နှစ်) နှင့် ကလေးငယ် Tg Hang Cin Mang (အသက် ၈ နှစ်)Vangteh ရွာမှ Pa Thang Deih Mung (အသက် ၂၇ နှစ်)၊ Lia De Don (အသက် ၁၈ နှစ်) နှင့် Tg. Thang Ngaih Tuan (အသက် ၂၂ နှစ်)၊ တီးတိန်မြို့ Leilum ရပ်ကွက်မှ Pa Langh Khan Thang (အသက် ၃၇ နှစ်)၊ ဒရိုင်ဘာ ဖြစ်သော Pa Zam Sawm Lian တို့ ဖြစ်ပြီး၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူ လျက်ရှိသည်ဟု သိရသည်။

မဆင်မခြင်မောင်းနှင်သော တီးတိန်မြို့ Sakollam ရပ်ကွက်တွင်နေထိုင်သော Pu Khup Khan Mang ၏ သား Pa Zam Sawm Lian (အသက် ၃၂ နှစ်) အား တီးတိန်မြို့နယ်ရဲစခန်းတွင်  ပြစ်မှု (၃၀၄-က/၃၇) နှင့် အမှုဖွင့်ထားသည်ဟု သတင်းရရှိပါသည်။

ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားလှပြီး၊ မိုးရာသီတွင် မြေပြိုခြင်း၊ လမ်းချော်ကာ ယာဉ်တိမ်းမှောက်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

0 comments:

Post a Comment