ယနေ့(၂ဝ၁၃ခုနှစ်၊
ဇန်န၀ါရီလ၊ ၁၄ ရက်) နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ
ထွက်ခွာလာခဲ့ကြသော၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊
မနီလာ
လေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ
Centrer
Peace and Conflict Studies မှ တာဝန်ရှိသူများနှင့်
ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်
သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက
လေဆိပ်သို့ လာရောက်ကြို
ဆိုခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည်
မနီလာမြို့ရှိ ခေတ္တ တည်းခိုရာ The Richmonde
Hotel သို့ ဒေသစံတော်ချိန် ၈း
၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအ
ခြေစိုက် Centrer Peace
and Conflict Studies( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့
လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။
0 comments:
Post a Comment