Tuesday, 15 January 2013

CNF ဥက္ကဌ CNA သင်တန်းသားများအား ကြည့်ရှုစစ်ဆေး


ချင်းအမျိုးသားတပ်ဦး၏ ၂၀၁၃ – ၂၀၁၄ သက်တမ်း ဥက္ကဌ Pu Lian Uk  ယနေ့
၉း၀၀ နာရီခန့် က ချင်းအမျိုး သားတပ်မ တော်အခြေခံ စစ်သင်တန်း သားများအား
ကြည့်ရှုစစ်ဆေးသည်။

ဥက္ကဌသည် ၀ိတိုရိယ ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် ချင်းအမျိုးသားတပ်မတော်
အပတ်စဉ် (၂၁) အခြေခံစစ် သင်တန်းကို ကြည့်ရှုစစ်ဆေးခြင်းဖြစ် ရာအထွေထွေ
အတွင်းရေးမှူးချုပ်၊ စစ်ဦးစီးချုပ်နှင့် ဗျူဟာမှူးများလည်း ပါဝင်တက်ရောက်ကြောင်း
သိရသည်။

ဥက္ကဌက အမှာစကားပြောကြားရာတွင် အခြေခံစစ်သင်တန်းဆိုတာ ရဲဘော်တွေ
စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ခံနိုင်ရည် ရှိရေး၊ ကျန်းမာ ကြံ့ခိုင်ရေး၊ ၀ိရိယ ရှိရေး၊ စည်းကမ်း
လိုက်နာရေး ၊ စည်းလုံးညီညွတ်ရေး အတွက် ပြုလုပ်ခြင်းဖြစ် ပြီး ရဲဘော်သစ် တွေ
အနေဖြင့် အပတ်တကုတ် ကြိုးပမ်းကြဘို့ လို အပ်ကြောင်း မှာကြားခဲ့သည်။

ထို့အပြင် ဘိုးဘွားခေတ် ချင်းမျိုးချစ်တွေဟာ ဗြိတိသျှတို့ကို  သူ့ကျွန် မခံလိုမှု၊
မျိုးချစ်စိတ်ဓါတ်ပြင်း ထန်မှု တို့ကို  အခြေ ခံပြီး စည်းလုံး ညီညွတ်မှု အားနဲ့ တော်
လှန်တိုက်ခိုက်ကြကြောင်း အဲဒါကို ရဲဘော်တွေ အတုယူသင့်ကြောင်း သမိုင်းအ
ထောက်အထားများနဲ့အတူ ဆက်လက် မှာ ကြားသည်။

ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ ခုနှစ် တွင် ကချင် ကေအိုင်အိုထံတွင် အခြေခံ
စစ်ပညာကို ရယူပြီး ချင်းအမျိုး သားတော်လှန်ရေး တိုက်ပွဲကို ဆင်နွဲ့လာခဲ့သည်မှာ
ယခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ၂၅ နှစ်တင်းတင်း ပြည်တော့ မည်ဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် UNFC တွင် အမြဲတမ်း
အဖွဲ့ဝင်အဖြစ် ပါဝင်လျက် ရှိသည်။(ခုန်နုမ်ထုန်)

0 comments:

Post a Comment