Tuesday 26 February 2013

ဦးသိန်းစိန် ဥရောပခရီးစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နော်ဝေ၊ ဖင်လန်၊ သြစတြီး
ယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဖေဖော်ဝါရီ
(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့်
ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေ
ဆိပ်သို့ ညပိုင်းတွင်ရောက်ရှိသည်။
နိုင်ငံတော်သမ္မတအားထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးMr. IsornPocmontri နှင့်
တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးတင်ဝင်း၊ စစ်သံမှူးဗိုလ်မှူးကြီး ဝင်း
မောင်နှင့် သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများက ကြိုဆိုကြသည်။ 
 ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းလေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ
(၂၆)ရက် ဒေသစံတော်ချိန် နံနက်(၆)နာရီ(၁ဝ)မိနစ်တွင် နော်ဝေနိုင်ငံအော်စလိုမြို့သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံသံတမန်ဌာနအကြီးအကဲ Ms. Merete Brattested၊ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Mr. KatjaNordgaard၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံရုံးဝန်ထမ်းများ
က အော်စလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Hotel Continental သို့မော်တော်ယာဉ်ဖြင့် ရောက်ရှိသည်။

0 comments:

Post a Comment