Tuesday 26 February 2013

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး ကျမ်းသစ္စာ ကျိန်ဆို

ဆိုးလ် ဖေဖော်ဝါရီ ၂၅

တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာသူ ပတ်ဂွန်ဟေးသည် 

သူမ၏ သမ္မတ ရာထူး အတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်း အနားကို ဖေဖော်ဝါရီ 
၂၅ ရက်တွင် ကျင်းပခဲ့သည်ဟု သိရသည်။

ပတ်ဂွန်ဟေး၏ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုဆိုးလ်မြို့ရှိအမျိုးသားညီလာခံ အဆောက်အအုံ ရှေ့၌ ပြည်သူလူထု အင်အား ၇ဝဝဝဝ ၏ ရှေ့မှောက်တွင် ပြုလုပ် 
ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပတ်ဂွန်ဟေးက မြောက်ကိုရီး
ယား နိုင်ငံကို ၎င်းတို့၏ နျူကလီးယား အစီအစဉ်အား စွန့်လွှတ် ရန်နှင့် နိုင်ငံတကာ 
အဖွဲ့ အစည်းများနှင့် ပြန်လည် ပေါင်းစည်းရန် တောင်းဆို ခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုသည် ကိုရီးယား လူမျိုးများ၏ 

အနာဂတ် ရှင်သန် ရပ်တည်မှု အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း၊ နျူကလီးယား 
အစီအစဉ်နှင့် ပတ်သက်ပြီး အကြီးမားဆုံး ထိခိုက်ရမည်မှာ မြောက်ကိုရီးယား နိုင်ငံ
သားများ ကိုယ်တိုင်ပင် ဖြစ်လိမ့်မည် ဖြစ်ပြီး ထိုအမှားမျိုး မပြုလုပ် သင့်ကြောင်း
တောင်ကိုရီး ယား သမ္မတ ပတ်ဂွန်ဟေးက ပြောကြားသည်။

မိမိနိုင်ငံ၏ လုံခြုံမှုနှင့် မိမိနိုင်ငံသားများ အပေါ် ခြိမ်းခြောက်လာမည့် မည်သည့် လုပ်

ရပ်မျိုးကိုမဆို မိမိ အနေဖြင့် သည်းခံသွားမည် မဟုတ်ကြောင်း၊ မြောက်ကိုရီးယားနှင့် 
ယုံကြည် မှု တည်ဆောက်ရေး မူဝါဒကို ချမှတ် လုပ်ဆောင်သွားရန် ကတိ ပေးခဲ့ပြီး 
 နိုင်ငံအတွက် အခြေခံကျသည့် လုပ်ငန်းစဉ် များကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် 
ချမှတ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပတ်ဂွန်ဟေးက ထပ်လောင်း ပြောကြား
ခဲ့သည်။

တောင်ကိုရီးယား သမ္မတ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသည် နှစ်နာရီခွဲ ကြာ

မြင့်ခဲ့ပြီး အခမ်းအနား ကို ဂုဏ်ပြုသည့် အနေဖြင့် သေနတ် ၂၁ ချက် ပစ်ဖောက် ခဲ့
ကြောင်းနှင့် အခမ်းအနားတွင် ကိုရီးယား ရက်ပ်ပါ Psy မှ ၎င်း၏ ဂမ်နမ်စတိုင် သီချင်း
ဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment