Thursday, 14 February 2013

ငြိမ်းချမ်းရေးဆု လက်ခံဖို့ ကိုမင်းကိုနိုင် နော်ဝေ သို့ထွက်ခွါ

နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေး ဆုကို လက်ခံရယူဖို့ ၈၈ မျိုး
ဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ ဒီနေ့ 
ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
 
 ဒီခရီးစဉ်မှာ နော်ဝေနိုင်ငံ စထရာဟမ်းမြို့က ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု
ကို မနက်ဖန်မှာ လက်ခံရယူသွားမယ်လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုပြုံးချိုက RFA ကို
 အခုလို ပြောပါတယ်။
" ဒီနေ့ ၁၄ ရက်နေ့ ရန်ကုန်ကနေ စထွက်မယ်၊ ၁၅ ရက်နေ့မှာ နော်ဝေနိုင်ငံမှာ ပြုလုပ်
မယ့် ထာဝရ ငြိမ်းချမ်းရေး ဆုယူဖို့ရှိတယ်၊၁၆ရက်နေ့မှာ မြန်မာကျောင်းသားတွေနဲ့
မြန်မာမိသားစုတွေနဲ့ တွေ့မယ်၊ ၁၇ရက်နေ့မှာတော့ အော်စလိုကိုရောက်မယ်"
ဒီခရီစဉ်အတွင်းမှာ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ ဆုံမှာဖြစ်ပြီး မြန်မာ
အသိုင်းအဝိုင်းနဲ့ လည်းတွေ့ ဆုံသွားမယ့်အပြင် အဲဒီနိုင်ငံမှာပဲ ခရီးစဉ်နဲ့  ပတ်သက်
ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ လဲ ကိုပြုံးချိုက ပြောပါတယ်။ 
ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ နော်ဝေနိုင်ငံခရီးစဉ်အပြီးမှာ ပြင်သစ်နဲ့  ဒိန်းမတ်နိုင်
ငံတွေကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၄
ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ထိ ၉ ရက် ကြာသွားရောက်မယ်လို့ သိရ
ပါတယ်။

0 comments:

Post a Comment