ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်တွင်
သတ္တုရိုင်း
တူးဖော်ရေးစီမံကိန်းများ ပြုလုပ်လာပါကဖြစ်ပေါ်လာနိုင်သောအကျိုးသက်ရောက်
မှုများ လေ့လာစမ်းစစ် သည့်တွေ့ဆုံဆွေးနွေးပွဲတရပ်ကို
စစ်ကိုင်းတိုင်းဒေသကြီး
ကလေးမြို့နယ် စမ်းမြို့ ရပ်ကွက်ရှိ Youth Center
ခန်းမတွင် မနေ့က ကျင်းပခဲ့
ကြသည်။
ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဒေသအသီးသီးတွင် သယံဇာတတူးဖော်မှုကြောင့်
ဖြစ်ပေါ်လာသော အကျိုးဆက်များကို လေ့လာခဲ့ကျပြီး၊
ချင်းတောင်တွင် အဆိုပါ
ကဲ့သို့ သယံဇာတ တူးဖော်မှုများပြုလုပ်လာပါက ဖြစ်ပေါ်လာနိုင်သော အကျိုး
ဆက်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု စီစဉ်ဆောင်ရွက်သူအထက်ချင်းတွင်း
လူငယ်များကွန်ယက်မှ ကိုဇမ်ထွမ်းကပြောသည်။
“ မြန်မာနိုင်ငံဒေသအသီးသီးမှာဖြစ်နေတဲ့ သယံဇာတဖော်ထုတ်မှုတွေကြောင့်
ဖြစ်ပေါ်လာတဲ့ ဆိုး ကျိုးတွေ၊ ဖြစ်ပေါ်တဲ့ ပြသနာတွေကို ကျနော်တို့
ချင်းလူမှု
အဖွဲ့အစည်းတွေပေါ်ချပြတယ်၊ ကျနော်တို့ ချင်းတောင်ဒေသမှာ
ဒီလိုမျိုးစီမံ
ကိန်းတွေ ၀င်လာတယ်ဆိုရင် ဘယ်လိုမျိုးဖြစ်ပေါ်လာနိုင်သလဲ ဆိုတာကို ကျနော်တို့ဆွေးနွေးတာဖြစ်ပါတယ်၊ အဲဒီကတော့ မြွေတောင်၊
ဖားတောင်
ကိစ္စမှာ ဘယ်လိုမျိုး ဆိုးကျိုး
ကောင်းကျိုးတွေဖြစ်လာနိုင်သလဲဆိုတာကို
ကျနော်တို့ဆွေးနွေး တာဖြစ်ပါတယ်’’ ဟု
ကိုဇမ်ထွမ်း ကပြောသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူများ၏ပြောဆိုချက်အရ မြွေတောင်၊
ဖားတောင်တွင် စီမံကိန်းများ အကောင် ထည်ဖော်လာမည်ဆိုပါက ကလေး
ကဘော် နှင့်
ချင်းတောင်တွေမှာ အက်စစ်မိုးများ နှစ်တိုင်းပုံမှန် ရွာချမှုဖြစ်ပေါ်
လာနိုင်ခြေရှိနေပြီး ချင်းတွင်းမြစ်ကို မှီခိုအားထားနေရသော တောင်ယာ
အမြောက်အများ ပျက်စီးနိုင်ခြေဖွယ်ရှိသည်ဟု လည်း ကိုဇမ်ထွမ်းက
ပြောသည်။
“ ပညာတတ်တွေရဲ့ခန့်မှန်းချက်အရ ကလေးကဘော် နဲ့ ချင်းတောင်မှာ
အက်စစ်မိုးတွေ နှစ်တိုင်းပုံမှန် ရွာချနိုင်တဲ့ ခြေအနေမှာရှိပါတယ်၊
စီမံကိန်း
တွေ စတင်လာပြီဆိုရင် မီးခိုးလုံးတွေက ထွက်ပေါက်မရှိ ဘူးလေ ခံရမှာက
ကလေး ကဘော် နဲ့ ချင်းတောင် ပေါ့၊ အက်စစ်တွေ စွန့်ပစ်မယ်ဆိုရင် ကလေး
ကဘော်ချိုင့်ဝှမ်းရဲ့ ရေထွက်ပေါက်ကလည်း အများကြီးရှိတာမဟုတ်ဘူး၊
တခု
ထဲဘဲရှိတယ်လို့ပြော လို့ရပါ တယ်၊ ချင်းတွင်းမြစ်ပေါ့၊
ရေထွက်ပေါက်တခုထဲဘဲ ရှိတဲ့နေရာဆိုတော့ ရေထွက်ပေါက် ကို အမှီပြုတဲ့
တောင်ယာတွေ၊ လယ်တွေ အများကြီးပျက်ဆီးနိုင်စရာရှိပါတယ်’’ ဟု၎င်းကပြောသည်။
နီကယ် နှင့် ခရိုမီယံ သံ သတ္တုရိုင်းများထွက်ရှိသည်ဟု ယူရဆရသော
မြွေတောင်၊
ဖားတောင်တွင် လွန်ခဲ့သော ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီ ကင်ဘိုက
စမ်းသပ်
တူးဖော်မှုများပြုလုပ်ခဲ့ပြီး နီကယ်သတ္တုရိုင်း ၁၁၀ ဒသမ ၇ သန်းတန်
နှင့် ခရိုမီယ့
၃ သောင်းတန်ကျော်ခန့် ထွက်ရှိနိုင်ကြောင်း ကင်ဘိုကုမ္ပဏီ၏
လေ့လာမှုစစ်တမ်း
အရ သိရသည်။
ယခုလက်ရှိအခြေအနေတွင် မြွေတောင် ဖားတောင် စီမံကိန်းကို မည်သည့်
ကုမ္ပဏီက
တူးဖော်မည်ဆို သည်ကို အတိ အကျမသိရှိသေးသော်လည်း
စီမံကိန်းအကောင်အထည်ဖော်မည်ဆိုပါက ဒေသခံပြည် သူများထံ ဖြစ်ပေါ်
လာနိုင်သော
ဆိုးကျိုး ကောင်းကျိုးများကို အရင်ချပြရန်လိုအပ်ကြောင်းလည်း
ကိုဇမ်ထွမ်းက
ပြောသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကစပြီး တရုတ်ကုမ္ပဏီ Asia Guiding Star
Service ကုမ္ပဏီလီမီ တက်မှ တာ ၀န်ရှိ သူများက မြွေတောင် ဖားတောင်ကို
လာရောက်လေ့လာမှုများပြုလုပ်ခဲ့ကြကြောင်း ယင်းကုမ္ပဏီက မကြာခင်တွင်
စီမံကိန်းများစတင်နိုင် ဖွယ်ရှိသည်ဟုလည်း ဒေသခံများက ခန့်မှန်းကြ သည်။
မနေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့
အစည်းများ၊ တသီး ပုဂ္ဂလ နှင့် ကျောင်း သားလူငယ်
အယောက် ၃၀ခန့်တက်
ရောက်ခဲ့ကြသည်ဟုသိရသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Thursday, 14 February 2013
မြွေတောင် ဖားတောင်းအရေး ချင်းလူမှုအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲလုပ်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment