Tuesday 26 February 2013

"မအူပင်မြို့နယ်တွင် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လူအသေအပျောက် ရှိနေကြောင်း သတင်းထွက်"

ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု ၊
ပလောင်ကျေးရွာတွင် လယ်ယာမြေ ကိစ္စကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကာ ပြည်သူနှင့် ဒေသ အာဏာပိုင်ကြား အခင်းဖြစ်ပွားခြင်းကြောင့်
ပြည်သူတစ်ချို့ အသေအပျောက်ရှိနေကြောင်း မအူပင်ဒေသခံတစ်ဦးကယနေ့
ည ၁၀ နာရီ ခန့်တွင် ပြောသည်။


ယခုလ ၂၄ ရက်နေ့မှ စ၍ မအူပင်ဒေသခံတောင်သူတို့မှကွင်းအမှတ် ၉၆၉ မှ လယ်မြေသိမ်းယူထားမှု နှင့်ပတ်သတ်၍ ဆန္ဒပြရန် ၄င်းကျေးရွာရှိ ကန်ဘောင်တွင်
 တောင်သူအင်အား ၂၀၀ ခန့်ဖြင့် စုစည်းထားခဲ့သောကြောင့် ယနေ့ညနေ ၃ နာရီ
ဝန်းကျင်တွင် ရဲအင်အား ၂၀၀ ခန့်မှ ကန်ဘောင်သို့ ရောက်ရှိလာခဲ့ပြီးခရိုင် အုပ်
ချုပ်ရေးမှုး လက်မှတ်ဖြင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ကြောင်းသိရသည်။
 
" ကန်ဘောင်မှာ ရဲတွေ ၁၀ ယောက်နီးပါးက ပြည်သူတွေဘက်ကို တုတ်တွေနဲ့ ကျွံလာတာမှာ တောင်သူတစ်ယောက်က ဆွဲလိုက်တာကနေ ရိုက်တာတွေ ဖြစ်
ခဲ့တယ်၊ခုထိတော့ ဆေးရုံမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေတုန်းပဲ၊
သေတာတွေ ရှိတယ်ဆိုတာ ပဲကြားတာ၊စာရင်းအတိအကျမရသေးဘူး၊" ဟု
 ဒေသခံတစ်ဦးကဆိုသည်။

0 comments:

Post a Comment