Tuesday 26 February 2013

ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပိုင်ကားအတွင်း အခိုးခံရ

ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ
ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ 
မှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် 

ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်
အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ Double cab ပုံစံမျိုး ကားက ရန်ကုန်-မန္တလေး အမြန်

လမ်းမကြီး ၁၁၅ မိုင်မှာ ၀င်နားနေတုန်း အခုလို အခိုးခံခဲ့ရတာပါ။ ကားပေါ်မှာ ပုံး
အလွတ်၊ ခွက်အလွတ်တွေ တင်ထားတယ်။ ကားမောင်းတဲ့သူနဲ့ အခြားကားပေါ် 
ပါလာတဲ့ သူနှစ်ယောက်က ကားကိုရပ်ထားခဲ့ပြီး လက်ဖက်ရည် ဆင်းသောက်
တယ်။ ပြန်လာတော့ ပစ္စည်းတစ်ချို့ မတွေ့ရတော့ဘူး။ အဲလိုဖြစ်တာကို ရဲတွေသိ
သွားပြီး အနီးအနား ရွာတွေအထိ လိုက်ရှာပေးပါတယ်။ ကျွန်တော်တို့ကလည်း 
 သေချာစိစစ်လိုက်တော့ အခိုးခံရတဲ့ ပစ္စည်းက တန်ဖိုးကြီးတဲ့ ပစ္စည်း မဟုတ်တာ
ကြောင့် ရဲစခန်းမှာ အမှုမဖွင့်တော့ပါဘူး။ အခိုးခံရတဲ့ ပစ္စည်းက ဒေါ်အောင်ဆန်း
စုကြည် ပစ္စည်းတော့ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားခဲ့သည်။(Eleven)

0 comments:

Post a Comment