Tuesday 26 February 2013

ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ဆောင်ရွက် ပေးမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၆

ပြည်နယ်နှင့် တိုင်းဒေသ ကြီးရှိ မြို့နယ် အချို့တွင် မတ် ၁ ရက်မှစတင်ကာ One 
Stop Service ဖြင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်
ပေးမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီး ဌာနမှ 
သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ အကူအညီဖြင့် ဆောင်ရွက် သွားမည်
ဖြစ်ပြီး ကယား ပြည်နယ်ရှိ မြို့နယ်ရှစ်ခု၊ တနင်္သာရီတိုင်း ဒေသကြီးရှိ မြို့နယ် ၁ဝခု
နှင့်ပဲခူးတိုင်း ဒေသကြီးရှိ ကျောက်ကြီးမြို့နယ်၊ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ 
သုံးမြို့နယ်၊ မြို့နယ်ခွဲ နှစ်ခုနှင့် မွန်ပြည်နယ်ရှိ မြို့နယ် ခုနစ်ခု တို့တွင် ပြုလုပ်
ပေးမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် မိုးပွင့်အဆင့် ၅ စီမံချက်ဖြင့် ဧပြီ ၁ ရက်မှ
စတင်ကာ အချိန်နှစ်လ ကွင်းဆင်း ဆောင် ရွက်ပေးမည်ဖြစ်ပြီး ကျန်နှစ်လကို
လည်း မြို့နယ် ရုံးများတွင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment