Tuesday 26 February 2013

အိန္ဒိယနိုင်ငံ Sriharikota အာကာသ လွှတ်တင်ရေး ဌာနမှ ဂြိုဟ်တု ၇ လုံးအား အောင်မြင်စွာ လွှတ်တင်

 
အိန္ဒိယနိုင်ငံအနေဖြင့် Andhra Pradesh ပြည်နယ်တောင်ပိုင်းရှိ Sriharikota အာကာ
သ လွှတ်တင်ရေး ဌာနမှ SARAL ဟုခေါ်ဆိုသော အင်ဒို- ပြင်သစ် ဂြိုဟ်တုတစ်လုံး 
အပါအဝင် အာကာသ အတွင်းသို့ ဂြိုဟ်တု ၇ လုံးအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့
တွင် အောင်မြင်စွာ လွှတ်တင်နိုင် ခဲ့ကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြ
ခဲ့ ပါသည်။

အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်း (ISRO) ၏ ပြည်တွင်းလုပ် ဝင်ရိုးစွန်း 
ဂြိုဟ်တု လွှတ်တင်ရေးယာဉ် (PSLV) အား ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၁ မိနစ်
အချိန်ခန့်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနှင့် ဒိန်းမတ်
နိုင်ငံတို့မှ အသေးစား ဂြိုဟ်တု ၆ လုံး ပါဝင်ပြီး သမုဒ္ဒရာ ဆိုင်ရာ အချက် အလက်
များကို လေ့လာရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment