
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈မျိုးဆက်များ
သည် အဖွဲ့ ၂ ဖွဲ့ခွဲပြီး ချင်းပြည်နယ်ခရီးစဉ်ကို ထွက်ခွာခဲ့ရာ မင်းကိုနိုင်နှင့် ကိုကိုကြီး
တို့သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ယနေ့ မတ်လ ၆ ရက်၊ နံနက် ၁၀း ၁၅ နာရီ
တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး အံ့ဘွယ်ကျော်၊ မာကီ၊ စမ်းချောင်းကို
ကိုကြီး၊ မျိုးသန့်၊ ကိုကိုလှိုင်၊ မီးမီး၊ မာမာဦး၊ မာယာ နှင့် တဉ္စာဦးတို့ သည် ယနေ့
နံနက် ၁၀း ၃၀ နာရီတွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။
ထိုသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၂း ၄၅ နာရီက ကလေးမြို့၊ တာဟန်း
တောင်ဖီလာရပ်ကွက်၊ ရာပြည့် နှစ်ခြင်းခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့
အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကြပြီး ဒေသခံများ၏ လက်ရှိအခက်အခဲဆိုင်ရာများ
ကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ညနေ
၎း ၄၅ တွင် ရုတ်သိမ်းခဲ့ကြပြီးနောက်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သို့ သွား
ရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

0 comments:
Post a Comment