Friday, 8 March 2013

ဖိလစ်ပိုင် တိုက်ခိုက်ရေး သမားများ မလေးရှားသို့ ထပ်မံ ထွက်ခွာ

ဖိလစ်ပိုင် အစိုးရကို ဆယ်စုနှစ် များစွာ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သည့် မိုရို အမျိုး
သား လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့မှ ပြောက်ကျား တပ်ဖွဲ့သည် မလေး
ရှား တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆင်နွှဲနေသော ဖိလစ်ပိုင် ဆူလ်တန် မျိုးနွယ်စု
များအား အင်အား ဖြည့်တင်းရန် အတွက် ဖိလစ်ပိုင် နိုင်ငံမှ မလေးရှားသို့ ထွက်ခွာ 
ခဲ့ကြကြောင်း ၎င်းအဖွဲ့ မှ ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။

ယင်း တိုက်ခိုက်ရေး သမားများသည် MNLF အဖွဲ့၏ တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြ
ပြီး ၁၉၉၆ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် မရေးထိုးမီက ဖိလစ်ပိုင် အစိုးရကို ဆန့်
ကျင်သည့် တိုက်ပွဲများအား ဆယ်စုနှစ် များစွာ ဆင်နွှဲ ခဲ့ကြကြောင်း မူအာဂျက်ဘ် 
ဟာရှင်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းတို့သည် တိုက်ပွဲရှိရာ နေရာသို့ သွားရောက်ရန် အတွက် မလေးရှား 
လုံခြုံရေး တပ်ဖွဲ့ဝင် များအား ကျော်ဖြတ်ခဲ့ကြောင်း၊ ၎င်း တိုက်ခိုက်သူများသည် 
ယခင်က ၎င်း ဒေသများ၌ လေ့ကျင့်ရေးများ ပြုလုပ် ခဲ့ကြသောကြောင့် နယ်မြေ 
အနေအထားကို ကောင်းစွာ သိရှိထားကြောင်း သိရသည်။ သို့ရာတွင် အင်အား
ဖြည့်တင်းရန် ထွက်ခွာခဲ့သော တိုက်ခိုက်ရေးသမား အရေအတွက်ကို ဟာရှင်က
ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။( MWD)

0 comments:

Post a Comment