ချင်းမျိုးနွယ်စု ၅၃ စု၌ နာဂမျိုးနွယ်စု ပါဝင်သည်ဟု
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးဝင်းမြင့်၏ ပြောကြားမှုအား နာဂလူမျိုးများ
က ပြင်းထန်စွာ ကန့်ကွက်ကြောင်း
သဘောထား ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြခဲ့သည်။
မတ်လ ၁၁ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
ယုဇနဟိုတယ်တွင်
ကျင်းပပြုလုပ်ခဲ့သည့် နာဂလူမျိုးများအား
ချင်းတိုင်းရင်းသားအဖြစ် ထည့်သွင်းခြင်း
ကိစ္စအား ကန့်ကွက်သည့်အကြောင်း
သတင်းစာ ရှင်းလင်းပွဲတွင် နာဂတိုင်းရင်းသား
များက သဘောထား ကြေညာချက်
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြီမ်
ပြည်သူ့လွှတ်
တော် ဆဌမပုံမှန် အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်သိန်းမှ တိုင်းရင်းသား
လူမျိုးနွယ်စု ၁၃၅ မျိုးနှင့်
ပတ်သတ်ပြီး မေးခွန်းများ မေးမြန်းရာ၌ ဒုတိယ၀န်ကြီး ဦး
ဝင်းမြင့်၏
ဖြေကြားမှုတွင် ချင်းမျိုးနွယ်စု ၅၃ စု၌ နာဂမျိုးနွယ်စု ပါဝင်သည်ဟု
ဖြေ
ကြားခဲ့မှုအပေါ် နာဂလူမျိုးများမှ သဘောထား ကြေညာချက် ထုတ်ပြန်ပြီး
ကန့်
ကွက်ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နာဂကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ အဖြစ်
သတ်မှတ်ပြဌာန်း ခဲ့ကြောင်း၊ နာဂလူမျိုးများအား
ချင်းမျိုးနွယ်စု ၅၃စုတွင် ပါဝင်သော
မျိုးနွယ်စု တစ်ခုအဖြစ် ထည့်သွင်း
ဖြေကြားမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ
ပြဌာန်းချက် ပုဒ်မ (၃၆၄)နှင့် ဆန်ကျင်နေပြီး နာဂလူမျိုးများအားအခြားတိုင်းရင်းသား
လူမျိုးနွယ်စု
အတွင်းရှိ မျိုးနွယ်စု တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခြင်းကို ပြင်းထန်
စွာ
ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်တွင် ပါဝင်သည်။
နာဂတိုင်းရင်းသားများ၏ သဘောထား ကြေညာချက်တွင် နိုင်ငံတော်မှ တရားဝင်
ထုတ်ပြန်ထားသည့် တိုင်းရင်းသား လူမျိုးများ စာရင်းကို ပြန်လည်ပြင်ဆင်ပြီး
တိကျ မှန်ကန်စွာ ပြန်လည်ထုတ်ပြန်ပေးရန်နှင့် နာဂလူမျိုးများ၏
ရိုးရာယဉ်ကျေးမှု အသုံး
အဆောင် ပစ္စည်းများကို ချင်းတိုင်းရင်းသား
လူမျိုးများ၏ ရိုးရာအသုံးအဆောင် ပစ္စည်းများအဖြစ် ဖော်ပြထားမှုများအား
အမြန်ဆုံး ရုပ်သိမ်းဖယ်ရှားပေးရန် တောင်း
ဆိုထားသည်။
“နာဂလူမျိုးဆိုတာ သီးခြားတိုင်းရင်းသား မျိုးနွယ်စုဆိုတာ သိလို့ပဲ ၂၀၀၈
ဖွဲ့စည်းပုံ
အခြေခံဥပဒေရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ပေးခဲ့ပြီး
ဖြစ်တယ်။ ဒီလောက်
ရှင်းလင်း တိကျနေတာကို ဒီလိုချင်းတိုင်းရင်းသား တွေထဲမှာ
ထည့်သွင်းဖြေကြား
ခြင်းဟာ ရည်ရွယ်ချက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ
နာဂလူမျိုးတွေအတွက် စိတ်အနာတရ ဖြစ်စေပါတယ်” ဟု နာဂကျောင်းသားလူငယ်များ
အဖွဲ့ချုပ်
(ရန်ကုန်) ၏ ဥက္ကဌ ဦးနော်အောင်ဆန်းက ပြောသည်။
ထို့ပြင် ၁၉၈၃ ခုနှစ်မှ စတင်၍ လက်ရှိအချိန်ထိ စစ်တမ်းကောက်ယူခြင်း
မရှိသေး
မှုနှင့် မှတ်ပုံတင် ပြုလုပ်ရာ၌ အခက်အခဲများကြောင့် မြန်မာနိုင်ငံရှိ
နာဂလူမျိုးများ
၏ ဦးရေကို ခန့်မှန်းရန် ခက်ခဲကြောင်း၊ သို့သော်လည်း ဘာသာရေး
အသင်းအဖွဲ့
များ၏ စာရင်းဇယားအရ နာဂဦးရေမှာ သုံးသိန်းခွဲဝန်းကျင်ခန့်
ရှိကြောင်း အိန္ဒိယ
နိုင်ငံတွင်မူ ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်သော
စာရင်းဇယားများအရ နာဂဦးရေ
နှစ်သန်းနီးပါး ရှိကြောင်း ဦးနော်အောင်ဆန်းက
ဆက်လက်ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို နာဂရိုးရာ ယဉ်ကျေးမှုမြို့နယ်ခွဲ ကော်မတီ
(ရန်ကုန်)၊ နာဂတောင်တန်း ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊
နာဂကျောင်းသားလူ
ငယ်များ အဖွဲ့ချုပ်(ရန်ကုန်)၊ နာဂနှစ်ခြင်း
ခရစ်ယာန်အဖွဲ့ချုပ်၊ နာဂနှစ်ခြင်း
ခရစ်ယာန် တပည့်တော်စု(ရန်ကုန်)တို့မှ
ပြုလုပ်ခဲ့ပြီး နာဂတိုင်းရင်းသားတို့၏ ဖြစ်
တည်ရာ သမိုင်းကြောင်း၊ ယဉ်ကျေးမှု
အစဉ်အလာတို့ကိုပါ ရှင်းလင်းပြောဆိုသွား
ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော နာဂတိုင်းရင်းသား
တို့၏ မြို့ နယ်သုံးခုမှာ
စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့်
နန်းယွန်း
မြို့နယ်တို့ ဖြစ်ကြောင်း ပြောကြားလိုက်သည်။(Eleven)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Monday, 11 March 2013
လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီးမှ နာဂလူမျိုးများသည် ချင်းမျိုးနွယ်စုတွင် ပါဝင်ခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment