Monday, 11 March 2013

ကုလသမဂ္ဂ ချမှတ်သည့် ပိတ်ဆို့မှုများက နိုင်ငံ၏ နျူကလီးယား အစီအစဉ်အား ပိုမို ခိုင်မာလာစေဟု မြောက်ကိုရီးယား ပြောကြား

ကုလသမဂ္ဂ၏ တားမြစ် ပိတ်ဆို့မှု များသည် မိမိတို့၏ နျူကလီးယားနှင့် ဒုံးကျည် အစီ
အစဉ်များ ပိုမိုခိုင်မာ လာစေလိမ့်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက မတ် ၉ ရက်တွင် ပြောကြားထားသည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှုများကိုလည်း ထပ်
မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အရိပ်အမြွက် ပြော
ကြားထားသည်။

နောက်ဆုံး ထုတ်ပြန်လိုက်သော ကုလသမဂ္ဂ၏ တားမြစ် ပိတ်ဆို့မှု များသည် နိုင်ငံ
အနေဖြင့် နျူကလီးယား လက်နက်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေရေး အတွက် တွန်း
အားများကိုသာ ဦးတည် ဖြစ်ပေါ် လာစေမည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဌာနက 
ပြောကြားထားကြောင်း နိုင်ငံပိုင် မီဒီယာ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြ 
ပါရှိသည်။

မြောက်ကိုရီးယား နိုင်ငံ၏ ပြီးခဲ့သော လအတွင်း ပြုလုပ်ခဲ့သည့် နျူကလီးယား 
စမ်းသပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မတ် ၇ ရက်တွင် 
၎င်းနိုင်ငံအပေါ် ပိုမိုပြင်းထန်သော တားမြစ်ပိတ်ဆို့မှုများ ချမှတ်ခြင်း မပြုလုပ်မီ ကပင်လျှင် မြောက်ကိုရီးယား နိုင်ငံသည် အနာဂတ်တွင် အဏုမြူနှင့် တာဝေးပစ် 
ဒုံးကျည် စမ်းသပ်မှုများ ပိုမို ပြုလုပ် သွားမည်ဟု နိုင်ငံခေါင်းဆောင် ပိုင်းက ပြော
ကြားထားသည်။(MWD)

0 comments:

Post a Comment