Wednesday, 29 September 2010

ရွှေဝါရောင်(၃)နှစ်ပြည့်

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်ပြည့်အဖြစ် ကာတွန်းဟန်လေးရဲ့ ဖန်တီးမှုကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။

(ဆက်ဖတ်ရန်.......)

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကနားစီး၃၇မင်းများ

စဉ် ပါတီအမည်
၁ မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
၂ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၃ လားဟူအမျိုးသားဖွံ့ဖြိုးရေးတိုးတက်ရေးပါတီ
၎ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
၅ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
၆ ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၇ ကယန်းအမျိုးသားပါတီ
၈ မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
၉ ကရင်ပြည်သူ့ပါတီ
၁၀ '၀'အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
၁၁ တအာင်း(ပလောင်)အမျိုးသားပါတီ
၁၂ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၁၃ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၁၄ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၁၅ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)
၁၆ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
၁၇ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
၁၈ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
၁၉ ချင်းအမျိုးသားပါတီ
၂၀ ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)
၂၁ ခေတ်သစ်ပြည်သူ့ပါတီ
၂၂ ပြည်ထောင်စုဒီမိုကရေစီပါတီ
၂၃ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
၂၄ ချင်းတိုးတက်ရေးပါတီ
၂၅ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၆ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
၂၇ '၀'ဒီမိုကရက်တစ်ပါတီ
၂၈ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
၂၉ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
၃၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၃၁ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
၃၂ ကမန်အမျိုးသားတိုးတက်ရေးပါတီ
၃၃ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၃၄ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
၃၅ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)
၃၆ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၃၇ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ

(ဆက်ဖတ်ရန်.......)

Zogam galkap ZRA Training


Part,2

(ဆက်ဖတ်ရန်.......)

ZOMI NUMEI KHATIN LEITUNG BOXING CHAMPION NGAH

Zomi numei khat ahi Mangte Chungneijang Mary Kom @ Mary Kom in leitung bup Numei khuttum kitupna ( World Women Boxing Championship) ah kizom in a 5 veina gualzawhna pen abeisa Sept.18, 2010 ni’n Barbados gam Garfield Sobers Sports Complex pan ah AIBA World Championship ngah cih kiza hi.

Tua bang a leitungbup huam a numei khuttum kitupna ah khatna a ngahna pen India gambup ading in a masa penpen hipah hi. Mary Kom (48kg)in hih Champion ngahna Final ah a kituppih nu Romania gammi Miss. Steluta Duta pen Mark 16-6 tawh kician takin zo hi. Mary Kom lawhcinna hangin Manipur Govt. in pahtawina sangpen leh State level a vaidawnna Sept.25 ,2010 ni’-in, thupitak a neih banah lungdampihna Rs.10,00,000 (10 lakhs) pia khia hi.

Pasian deihsakna om leh Mary Kom in hong tung ding London Olympic numei Boxing kitupna ah nasiatak a panlak sawm mahmah lai cih kiza hi. Tua banah Mary Kom gualzawhna tungah Kuki Innpi Manipur ,President Pu Thang Kho Sei Haokip in zong lungdampihna thu genna ah " Manipur singtang mite sung bek hi loin India gambup ah singtang Zomi numeite’ dinmun nasiatak hong lamto ahihna thu gen hi.


Mary Kom in Boxing tupna tawh kisai a gualzawhnate anuai abang in kimu thei hi.

National level:


- Gold – Ist Women Nat. Boxing Championship, Chennai 6-12.2.2001,
- The East Open Boxing Champ, Bengal 11-14.12.2001,
- 2nd Sr World Women Boxing Championship, New Delhi 26-30.12.2001,
- National Women Sort Meet, N. Delhi 26-30.12.2001,
- 32nd National Games, Hyderabad 2002,
- 3rd Sr World Women Boxing Champ, Aizawl 4-8.3.2003,
- 4th Sr WWBC, Kokrajar, Assam 24-28.2.2004,
- 5th Sr WWBC, Kerala 26-30.12.2004,
- 6th Sr WWBC, Jamshedpur 29 Nov-3.12.2005,
- 10th WNBC, Jamshedpur lost QF by 1-4 on 5.10.2009

International level:


- Ist Asian Women Boxing Championship (AWBC), Bangkok 2001,
- 2nd AWBC, Hissar, Haryana 19-22.11.2003,
- 3rd AWBC, Kaohsing City, Taiwan 5-12.8.2005,
- Silver medal – 2001 Women’s World Amateur Boxing Championships, Scranton, Pennsylvania, USA.,
- Gold medal – 2002 Women’s World Amateur Boxing Championships, Antalya, Turkey,
-Gold medal – 2005 Women’s World Amateur Boxing - Championships, Podolsk, Russia.,
-Gold medal – 2006 World Women’s Boxing Championship, New Delhi, India.,
-Ist WWB Tournament, Norway 2004,
-Venus Cup International Women Box Tourn, Vejla (Denmark ) 8-23.10.2006,
-Gold medal- 2008 AIBA Women’s World Boxing Championship, Ningbo, China.,
-Gold medal – 2010 AIBA Women’s World Boxing Championship, Barbados.

Pahtawina angahte (Award ):

-Arjuna Award (Boxing) 2004,
-Padma Shree (Sports) 2006;

-Contender for Rajiv Gandhi Khel Ratna Award 2007;

-People of the Year- Limca Book of Records 2007;

-CNN-IBN ‘Real Heroes’ Award 14.4. 2008 Mon;

-Pepsi MTV Youth Icon 2008 23.12.2008 Tue;

-Magnificient Mary’, AIBA 2008;

-Rajiv Gandhi Khel Ratna 29.8.2009 Sat, New Delhi (27.7.2009 Wed); I

-Int’l Boxing Association’s Ambassador for Women’s Boxing 2009 leh

-India gam a kimawl mite pahtawina sangpen Rajiv Gandhi Khel Ratna Award, August 29, 2009

Hih bangin Zomi numei khatin India gam bup huam bek hi loin, leitung bup dinmun ah 2010 kum Numei Khuttum kitupna ah a khatna a ngahna hangin International Tongsan Media Groups pan lungdampihna i pulak hi.

Source by - Zolengthe,Posted by - Tongsan Tanute

(ဆက်ဖတ်ရန်.......)

Tuesday, 28 September 2010

ရွေးကောက်ပွဲ လွတ်တော်တက်ရောက်ရန် လူထုအဆုံးအဖြတ်

Politic

(ဆက်ဖတ်ရန်.......)

ZIM Awging

Awging_24

(ဆက်ဖတ်ရန်.......)

ACR News

ACR_News_(26.9.10)

(ဆက်ဖတ်ရန်.......)

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ

ရဲဘော်ဖိုးသံချောင်း / ၀၅ ဖေဖော်ဝါရီ ၂၀၁၀

စစ်အစိုးရများလည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ကြပါဘူး။ ဒင်းတို့တတွေ အာဏာလက်လွှတ်ရတဲ့အဖြစ်ကို မရောက်မီမှာဘဲ အပြောင်းအလဲတွေကို ဒင်းတို့ဖြတ်သန်းရတတ်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းလှန်မှု၊ ဖိအား၊ နိုင်ငံတကာဖိအား စတာတွေကြောင့် ဒင်းတို့အနေနဲ့ လက်ရှိတည်ရှိနေတဲ့ပုံစံနဲ့ ဆက်မသွားနိုင်တော့တဲ့အခါမှာ ဒင်းတို့ဟာ အသွင်ပြောင်းရတာ၊ အမွေလွှဲရတာတွေ လုပ်ရပါတယ်။ နအဖရဲ့ လာမယ့်ရွေးကောက်ပွဲဟာလည်း အဲဒီလိုပဲ သူတို့အနေနဲ့ ၈၈ ခုနှစ် အာဏာသိမ်းတုန်းက ပုံစံအတိုင်း၊ နဝတ အစိုးရလွှဲထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်လို့ အရေခွံလဲတာတမျိုး ဖြစ်တယ်ဆိုရင် မမှားပါဘူး။

အခုအခါမှာ နအဖရဲ့ ရွေးကောက်ပွဲ ဘယ်မှာမှန်း အတိအကျ ဘယ်သူမှ မသိရသေးပေမယ့် နအဖဟာ ကောင်းတဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်ပိုင်ပြုလုပ်ပြီး နောက်အစိုးရအတွက် အညံ့အဖျင်းတွေကိုချန်ထားတာ၊ နိုင်ငံပိုင်လုပ်ငန်းတွေကို သူတို့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပိုင်တဲ့ ကုမ္ပဏီတွေကို ရောင်းချပေးတာ စတဲ့ “လက်လွှဲခြင်း” များ စလုပ်နေတာကို တွေ့နေကြရပါပြီ။ နောက်ပြီး ဝန်ကြီးဌာနတွေအတွင်း၊ တပ်တွေအတွင်းမှာလည်း လူအပြောင်းအလဲ၊ အရွှေ့အပြောင်းတွေ အများအပြား တွေ့နေရပါတယ်။ ပြောရရင် ဒီနေ့အထိ ရွေးကောက်ပွဲလုပ်မယ့်ရက်နဲ့ ရွေးကောက်ပွဲကို မကြေညာနိုင်သေးတာရဲ့ အဓိကအကြောင်းရင်းတခုက သူတို့အမွေကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေရ၊ လက်လွှဲစရာတွေ ပြင်ဆင်နေရလို့ ဖြစ်ပါတယ်။

မဆလစစ်အစိုးရဟာ လူထုအုံကြွမှုကြီးကြောင့် ပလ္လင်ပေါ်က ဆင်းရတဲ့အခါမှာ နဝတစစ်အစိုးရကို အာဏာအမွေနဲ့ ကုလသမဂ္ဂ သတ်မှတ်ပေးတဲ့ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ထူးကို ချန်ပေးခဲ့ပါတယ်။ နောက်တခုကတော့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးရေးဆိုတဲ့ သူတို့မလုပ်နိုင်ခဲ့တဲ့ တာဝန်ကိုလည်း ဗိုလ်စောမောင်တို့ကို လွှဲပေးခဲ့ပါတယ်။ ဒီအခါတုန်းက ဗိုလ်နေဝင်းဟာ (ဗိုလ်စိန်လွင်၊ ဒေါက်တာ မောင်မောင်ကို စာရင်းထဲမထည့်တော့ပါ) နောက်လူတွေကို မင်းတို့ အဲဒီကြေးစားတပ်ကြီးနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကို အရင်းပြုပြီး တော်သလိုသာ လုပ်စားကြပေတော့ ဆိုတဲ့သဘောမျိုးနဲ့ ထွက်တော်မူနန်းကခွာတယ် လုပ်သွားတာဖြစ်ပါတယ်။ ဗိုလ်စောမောင်တို့ အနေနဲ့ကတော့ ဆိုးမွေ-ကောင်းမွေ၊ အကုန်လုံးကို လက်ခံရတာပါပဲ။ အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်ပါဘူး။

အခုလည်း နအဖစစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ တက်လာမယ့်အစိုးရကို ဘာတွေလွှဲပေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပထမဆုံးနဲ့ အဓိက အကျဆုံး လွှဲပေးမယ့်အရာကတော့ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေဆိုးဟာ ဒီအစိုးရအတွက် တမင်ဖန်တီးထားတာပဲမဟုတ်ပါလား။ ဒီလိုလွှဲပေးပြီးတယ်ဆိုရင် ဒါဟာ ဗမာပြည်သမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတခုနဲ့အညီ ထိန်းသိမ်းတဲ့ ဒုတိယမြောက်အစိုးရ ဖြစ်လာပါလိမ့်မယ်။ (မဆလ အစိုးရကပထမပါ)။ အဲဒီနိုင်ငံတော်ကို ကျားကန်ဖို့အတွက် အင်အားမတန်တဆ ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ ပုလိပ်တပ်ဖွဲ့လို တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ကြံ့ဖွံ့နဲ့စွမ်းအားရှင်လို (၂၁) ရာစုနှစ် ပြူစောထီးအဖွဲ့များကိုလည်း ချန်ပေးထားခဲ့ ပါလိမ့်မယ်။ ဒါမှလည်း အဲဒီအစိုးရဟာ လိုအပ်ရင် ဒိုင်းဝန်ထက်ကဲနိုင်မှာ မဟုတ်ပါလား။

နောက် ချန်ပေးထားခဲ့မှာ သေချာတာကတော့ ပြည်တွင်းနိုင်ငံရေးဘက်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရင်ဆိုင်နေရတဲ့ပြဿနာ၊ အပစ်ရပ်အဖွဲ့တွေရဲ့ပြဿနာ စတဲ့ အာဏာရှင်ဗိုလ်ချုပ်တွေအဖို့ ဗြဟ္မာမင်းဦးခေါင်း ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ စစ်တပ်အတွင်း မကျေနပ်မှုလို၊ အမှုထမ်းများအကြား မကျေနပ်မှု၊ မင်းစေကနေ ဝန်ကြီးအထိ အကျင့်ပျက်လာဘ်စား၊ ခြစားတဲ့ ကိစ္စမျိုးတွေကတော့ နောက်လူတွေလည်း တကယ်တမ်းမဖြေရှင်းနိုင်ဘူးဆိုတာသိနေလို့ ဘာမှအထူးမှာမနေမယ့် သဘောရှိပါတယ်။

နောက်တမျိုးက နိုင်ငံတကာက တမေးတည်းမေးနေတဲ့ နျူကလီးယားလက်နက်စီမံကိန်းလိုဟာမျိုးတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ တာဝန်ကိုလည်း နအဖဟာ နောက်လူတွေကို ချန်ထားပေးခဲ့မှာ သေချာပါတယ်။ နိုင်ငံတကာရေးရာမှာတော့ ဝါရှင်တန်ကို အခုအတိုင်း လှိမ့်မြဲတိုင်း ဆက်လှိမ့်တဲ့တာဝန်နဲ့ အာဆီယံအပါ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ “မချစ်သော်လည်းအောင့်ကာနမ်း” နှစ်ပါးသွားဇာတ်လမ်းကို ဆက်ကဖို့ တာဝန်ကိုလွှဲသွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ လူ့အခွင့်အရေးပြဿနာလို၊ ကလေးစစ်သားပြဿနာလို နိုင်ငံတကာက အပြစ်တင်နေတာတွေအတွက်တော့ ဆက်ခံသူတွေဟာ သူတို့လိုပဲ အရေထူဖို့ လေ့ကျင့်ပေးထားပြီးမို့ ဘာမှ အထူးတာဝန် လွှဲပေးနေစရာမလိုဘူးဖြစ်မှာပါ။ နာဂစ်ဒုက္ခသည်တွေ ကိစ္စလိုဟာတွေကိုတော့ ဘာမှလက်လွှဲစရာ မရှိပါဘူး။ အကြောင်းက သူတို့ကိုယ်တိုင် ဘာမှမလုပ်လို့ ဖြစ်ပါတယ်။

စီးပွားရေး၊ ဘဏ္ဍာရေး နယ်ပယ်ဘက်မှာဆိုရင်တော့ နအဖဟာ မပြီးပြတ်သေးတဲ့ ဆင်ဖြူတော်စီမံကိန်းတွေ၊ ဘတ်ဂျက်လိုငွေ ပြဿနာတွေ၊ ငွေဖောင်းပွမှုပြဿနာ၊ လယ်ယာမြေပြဿနာတွေ စတဲ့ အနိဋ္ဌာရုံအချင်းအရာတွေ တပြုံတခေါင်းကြီးနဲ့ ငွေရိုက်စက်တလုံး ထားပေးခဲ့မှာဖြစ်ပါတယ်။ ရေနံ၊ ဓာတ်ငွေ့၊ သစ်၊ သတ္တု၊ ရေ၊ မြေကြီး စတဲ့ မြေပေါ်မြေအောက်နဲ့ ရေပေါ်ရေအောက် သဘာဝသယံဇာတ အရင်းအမြစ်တွေကတော့ သူတို့သယ်မကုန်လို့ ကျန်တာလောက်ပဲ နောက်လူတွေ အတွက် ထားခဲ့မှာပါ။ ဒါ့အပြင် ပြည်သူလူထုမျိုးဆက် အဆက်ဆက်ပိုင်ဆိုင်တဲ့ ဒီသယံဇာတတွေကို သူတို့တတွေ ဆက်ထုတ်ယူခွင့်၊ အသုံးပြုခွင့်တွေ ဆက်ရနေအောင်လည်း တာဝန်ယူခိုင်းပါလိမ့်မယ်။

နို့ပေမယ့် သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ်လို့တော့ လုံးဝ စိတ်ကူးမယဉ် လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီဝေစားကောင်းစားမှာပါ။ ဒီနတ်စည်းစိမ်တွေကိုတော့ ဝေမျှမခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ချန်ထားခဲ့ပါလိမ့်မယ်။

နအဖက ဒီလိုအမွေလွှဲတာတွေထဲမှာ စိုးရိမ်စရာအင်မတန်ကောင်းတဲ့ အချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါ အိမ်ချုပ်ကျခံနေရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လက်လွှဲပေးခဲ့မလားဆိုတာပါပဲ။ တနည်းပြောရရင် နိုင်ငံရေးအကျဉ်းသားတွေ အပြည့်ရှိနေတဲ့ ထောင်တွေ၊ စနစ်တွေကိုပါ မူလပကတိအတိုင်း နောက်အစိုးရလက်ထဲ လွှဲမယ့် ပြဿနာဖြစ်ပါတယ်။ ဗိုလ်နေဝင်းကနေ ဗိုလ်စောမောင်ကိုလွှဲတုန်းကတော့ ဒီပြဿနာမရှိပါဘူး။ အရေးတော်ပုံကြီးက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နဝတကနေ နအဖကို လွှဲတဲ့အခါမှာကျတော့ ပိုက်ဆံစုဘူး လွှဲပေးသလို ထောင်တွေ၊ အချုပ်တွေကို လွှဲပေးသွားတယ်ဆိုတာ ပြည်တွင်းပြည်ပ ဘယ်သူကမှမမေ့ပါဘူး။ အခုလည်း ဒီလိုမလုပ်ဘူးလို့ ထင်စရာ အကြောင်းတချက်မှ မတွေ့ရသေးပါဘူး။

မှန်ပါတယ်။ အထက်မှာ ရေးခဲ့တာတွေဟာ နအဖအနေနဲ့ ရွေးကောက်ပွဲလုပ်ခဲ့သော်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့အလိုအတိုင်း ချောချောမွေ့မွေ့ဖြစ်ပေါ်ခဲ့သော် ဆိုတဲ့ “ခဲ့သော်” အပေါ်မှာ အခြေခံစဉ်းစားပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ “ခဲ့သော်” စဉ်းစားနည်းဟာ နိုင်ငံရေးလှုပ်ရှားလုပ်ကိုင်စရာ “စပေ့စ်” ဖြစ်ပေါ်လာမယ်၊ အနာဂတ်ဒီမိုကရေစီ ထွန်းကားမှုအတွက် လမ်းခင်းရာ ကျလိမ့်မယ်ဆိုတဲ့ စဉ်းစားနည်းတွေနဲ့ ကွာပါတယ်။ မသေချာလှသေးဘူးလို့ ဆိုနိုင်ပါတယ်။

သေသေချာချာ ပြောနိုင်တာကတော့ အပြောင်းအလဲဆိုတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာပါပဲ။(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်

ရဲဘော်ဖိုးသံချောင်း / ၂၀ စက်တင်ဘာ ၂၀၁၀

နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည်နိုင်ငံရေးသဘောနဲ့ပြောရရင် ဒါဟာအင်မတန်အရေးပါတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်းနှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ်အကောင်အထည်ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကစပြီး လူထုရဲ့ ထောက်ခံမှု အများဆုံးရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို အာဏာနဲ့ဖျက်သိမ်းလိုက်တဲ့ အမိန့်ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ်ခဲ့ပါဘူး။

အကြောင်းနှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့အမြန်ဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသားဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထလာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန်ဝါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ဝန်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ်ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်းနိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့အတိုင်း ရှင်းသထက်ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ကိုင်ပြလိုက်တာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့မရကြောင်း အားလုံးကိုထပ်ပြီး သတိပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီထဲမှာ စပေ့စ်လုံးဝမရှိကြောင်း ပြသလိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီအနေနဲ့ရော လူတဦးချင်းအနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူးမယဉ်ကြဖို့ သတိပေးလိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရားဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာမစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကိုသွားပြီး မျက်နှာချိုသွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာမောင်းခတ်နေကြပါတယ်။ ပညာတတ်ဖောက်ပြန်တော့ သူများထက်ကဲတယ်ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကိုဆန့်ကျင်နေမယ့်အစား ကျနော်တို့နဲ့ လာဆွေးနွေးလှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြောနေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်တန်စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှမဆွေးနွေးဘဲ အကြမ်းကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း-လိုက်သတ်လို့ ရှောင်ထွက်လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အခုဘာဖြစ်သွားပြီလဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ရော၊ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီဆွေးနွေးပွဲတွေကို နအဖက ဘာလို့လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေးအတွက်လား၊ အမျိုးသားသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရေးအတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာမပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာဖြစ်ကြောင်း လူတိုင်းသိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည်နိုင်ငံရေးဟာ အဲဒီအဆင့်ကိုကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ်ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက်လာပါသလား။ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သားလူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရသလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့လူတွေနဲ့ သူတို့ရဲ့ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီအောက်က မီဒီယာများကလည်း ပြောင်ပဲနှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့်အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရဆိုလို့ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာပဲဖြစ်မှာပါ။ အခု နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ အဲဒီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှတပါး အခြားအားကိုးစရာမရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့ အကောင်းမြင်စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့အကျပ်အတည်းကို ရင်ဆိုင်ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူးလိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)

View Myanmar

Myanmar News In Burmese Version : 18th Sep, 2010

(ဆက်ဖတ်ရန်.......)

Saturday, 18 September 2010

View Myanmar

Myanmar News In Burmese Version : 17th Sep, 2010

(ဆက်ဖတ်ရန်.......)

View Myanmar

Myanmar News In Burmese Version : 15th Sep, 2010

(ဆက်ဖတ်ရန်.......)

View Myanmar

Myanmar News In Burmese : 14th Sep, 2010

(ဆက်ဖတ်ရန်.......)

Burma Election, Refugees and Media’s Role

Burma Election, Refugees and Media’s Role
A day-long media workshop on the forthcoming military sponsored election in Burma (Myanmar) and its implication on hundred thousand Burmese refugees will take place in the Indian capital on September 27.

Organised by Burma Centre Delhi and Burma Center Prague, the workshop will accommodate journalists from both Europe and Asia.
The workshop on September 27 will be followed by a press conference in the Press Club of India, New Delhi.

It may be mentioned that the military regime of Burma named State Peace and Development Council has recently announced November 7 as its poll date. After 1990, the Southeast Asian country is witnessing the general election for the first time.

Shockingly, the main opposition party of Burma, National League for Democracy is out of the electoral exercise. Its acclaimed leader, the pro-democracy icon Aung San Suu Kyi is also serving house arrest for years and she will not be entitled to stand as a candidate in the proposed election.

Dr Tint Swe, an exiled Member of Parliament, NCGUB will speak on the Burmese perspective on 2010 election. Dr Swe is living in India for many years and pursuing with the Indian media and civil society for supporting the pro-democracy movement in Burma. The workshop will also be graced by Miloslav Stašek, the Ambassador of the Czech Republic to India.

“Burma is ruled by one of the world's harshest regimes, which have attracted criticism for its poor human rights record, the suppression of ethnic minorities, and an economy that excludes the large majority of Burma's population from its benefits. Several million of Burma's citizens have been forced to leave the country in search of safety and to make a living,” said in a statement from Burma Center Prague.

Sangtae, editor of Khonumthung News will highlight on the situation inside Burma with a focus on Chin state and Burma's election, where as Sumit Chakravarty, editor of Mainstream, Jyoti Malhotra, senior editor & freelance Indian journalist, Vijay Jolly, an Indian politician will discuss about India's probable role in the developments.

K. Yhome, associate fellow, Observer Research Foundation will specifically speak on New Delhi's policy on Burma election keeping an eye on the Burmese refugees in India. Soe Myint, editor of Mizzima News will elaborate about the role of Independent Media in the Burma polls, where as N. J. Thakuria will speak about the expected role of Northeast Indian media in the forthcoming Burma election.

Burma's giant neighbour India, which has emerged as an important business partner is seemingly competing with China for its influence on the military regime led by Than Shwe. New Delhi honoured Suu Kyi, the daughter of general Aung San, with prestigious awards. Later, of course, New Delhi adopted Look East Policy and started engaging the military rulers of Burma in various strategic options.

“We have chosen the topics according to their urgency and the apparent disproportion between their high relevance and at the same time low visibility in the media: first, the elections in Burma, scheduled for November 7, and, second, the situation of Burmese refugees living in India. We encourage participants to take a fresh look at these issues from the angle of humanity and to help us in fostering tangible cooperation and partnership on the local level for mutual benefit in the entire region,” commented Christoph Amthor of Burma Center Prague.

Amthor, however, admitted that while most possible solutions to the problem have been probed by regional and global players and found ineffective, recent developments have prompted the regime to call elections, which are criticized for entrenching present power constellations under the pretence of democracy. Still, many observers are optimistic that any change, even if only superficial, could increase the chances of actual transformation, Amthor concluded.

“It is the need of the hour to organize such workshop before the election in Burma and we anticipate that the Indian media will be well informed about the upcoming election in Burma through this workshop,” said Alana Golmei of Burma Centre Delhi commented adding that the main target (of the initiative) is to highlight about this issue in the mainstream Indian media with an effective and progressive way.(ACCRA DAILY MAIL)



(ဆက်ဖတ်ရန်.......)

ACR News

ACR News 19-09-2010


(ဆက်ဖတ်ရန်.......)

Tuesday, 14 September 2010

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) ကို ၂၀၁၀ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

ကမ္ဘာ့ဒေသ အသီးသီးမှ လူ့အခွင့်အရေး ကာကွယ်ပေးနေသူများ နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး၊ သည်းခံရေး နှင့် ဒီမိုကရေစီရေး အတွက်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲကြီး (Second Geneva Summit for Human Rights, Tolerance and democracy) တွင်အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

တက်ရောက်ကြသော ကိုယ်စားလှယ်တော်ကြီးများသည် အင်တာနက် လွတ်လပ်ခွင့် နှင့်ပတ်သတ်၍ ဆွေးနွေးပြီး အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်သည့် ကြေညာချက် ကိုချမှတ်နိုင်ခဲ့သည်။

လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် နှင့် ထုတ်ဖော်ပိုင်ခွင့် ကိုပြဋ္ဌာန်းပေးသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on the Civil and Political rights- ICCPR) တို့၏ လမ်းညွှန်ချက်အရ ဆောင်ရွတ်ခဲ့ကြသည်။ ယင်းစာချုပ်များတွင် လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိခြင်း၊ မီဒီယာများမှ သတင်းအချက်အလက်များ၊ အတွေးအခေါ်များ ကိုအတားအဆီးမရှိ ရှာဖွေနိုင်ခြင်း၊ ရယူနိုင်ခြင်း နှင့် ဖြန့်ဝေနိုင်ခြင်းတို့ ပါဝင်ပါသည်။

အင်တာနက် (Internet) ကိုအတွေးအခေါ်များဖလှယ်ရာ နှင့် ကူးလူးဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာ နေရာလေးတစ်ခု (a universal space) အဖြစ် အသိအမှတ်ပြုလာကြသည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီ အနေအထား နှင့် စီးပွားရေး အခြေအနေများကို ထောက်ထားစရာမလိုဘဲ လူအချင်းချင်း အပြန်အလှန် နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကို မြှင့်တင်ပေးနိုင်သည်။

အင်တာနက် (Internet) သည်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများရှိ လူမှုဘဝ အစိတ်အပိုင်း အားလုံး၏ ကူးလူးဆက်သွယ်ရေး အတွက် အရေးပါသော ယာဉ်တစ်မျိုး (a primary vehicle) ဖြစ်လာနေသည်။ အင်တာနက် ကိုအဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် အပြန်အလှန် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး နှင့် ပွင့်လင်းမှု လိုကြောင်းကိုလည်း သတိထားမိလာကြသည်။

အင်တာနက် (Internet) ကို လွတ်လပ်စွာ အသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင် ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ် လိုအပ်သည်ဟုလည်း ယုံကြည်လာကြသည်။

ကမ္ဘာ့ဒေသ အများစုတွင် အင်တာနက် (Internet) လွတ်လပ်ခွင့် အခြေအနေများသည် အန္တာရာယ်ရှိလာနေပြီး တားဆီးတိုက်ခိုက်မှုကို ခံနေကြရကြောင်း ကိုလည်း သတိပေးမှုများ ရှိလာကြသည်။

အင်တာနက် (Internet) ကိုထိန်းချုပ်ဖို့ နှင့် တားမြစ်ကန့်သတ်မှုများ လုပ်ရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်းနှင့် နည်းပညာများ အသုံးချခြင်းသည် အခြေအနေဆိုး ကိုသာ ဖန်တီးသလိုဖြစ်နေသည်ကို အသိအမှတ် ပြုလာကြသည်။

လူတစ်ဦးတယောက်၏ အတွေးအခေါ်ကို နှိပ်ကွပ်လိုသဖြင့် ဝက်စ်ဆိုက်များ (Websites)၊ အွန်လိုင်းစာများ (Online content)၊ ဘလော့ခ်များ (Blogs)၊ နှင့် မက်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) များကို ကန့်သတ်စီစစ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပိတ်ပင်ခြင်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် ၁၉ ကိုချိုးဖောက်ရာ ရောက်နေသည်ဟုလည်း အခိုင်အမာ ဆိုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) ကို နိုင်ငံအားလုံးက လိုက်နာကျင့်သုံးရန် ဝတ္တရားရှိသည် ဟုလည်း အသိအမှတ်ပြုလာကြသည်။

အင်တာနက် နည်းပညာများ လုံခြုံစိတ်ချရပြီး လွတ်လပ်စွာ အသုံပြုနိုင်သော နိုင်ငံများ အနေနဲ့လည်း အင်တာနက်ကို ဖိနှိပ်လိုသော၊ တားမြစ်ပိတ်ပင်လိုသော သဘောရှိသည့် ဆက်သွယ်ရေး နည်းပညာများကိုလည်း တားဆီးပေးရန် ဝတ္တရားရှိသည်။ ထိုပြင် အင်တာနက် ကုမ္ပဏီများ (Internet companies) ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံဖော်ကြံဖက်လုပ်ခြင်း (Complicity) ၊ တာဝန်ယူပေးခြင်း (Liability) များမှ ရှောင်ရှားနိုင်ရန် သင့်တော်သော ခြေလှမ်းများကို ဆောင်ရွတ်ထားသင့်သည်ကို အလေးထားလာကြသည်။

ယနေ့အခါတွင် လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ ရုန်းကန်မှုသည် အင်တာနက် (Internet) အဖြစ် အွန်လိုင်းပေါ်သို့ ရွေ့ပြောင်းလာကြသည်။ အင်တာနက်သည် တကမ္ဘာလုံးရှိ နိုင်ငံရေး အတိုက်အခံများ၊ ဒီမိုကရေစီ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်ပေးသူများ နှင့် လွတ်လပ်သော ဂျာနယ်လစ်များ အတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာနေသည်ကို အသိအမှတ် ပြုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) အခြေအနေများ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရသော နိုင်ငံများတွင် နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ်လစ်များ နှင့် ဘလော့ခ်ဂါများ (Bloggers) သည် အကျဉ်းကျခံနေကြရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီး လိုအပ်နေသည်။

အီယူ (EU) ၏ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်း လွတ်လပ်ခွင့် အက်ဥပဒေ (EU Global Online Freedom Act) နှင့်ဆက်စပ်သော ဥရောပ ပါလီမန်၏ ၂၀၀၈ ညွှန်ကြားချက် (2008 directive of the European Parliament) ကို သတိထားလာကြသည်။ ယင်းတွင် Belarus, Burma, China, Cuba, Egypt, Ethiopia, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam နိုင်ငံများတွင် ဆိုက်ဘာ ရဲများ (cyber police) နှင့် မှတ်ပုံတင်ခြင်း (registration) များမှတဆင့် အင်တာနက် အသုံးပြုသူများကို ခြိမ်းခြောက်ခြင်း၊ စီစစ်ဟန့်တားခြင်း၊ ဝက်စ်ဆိုက်များ (websites) ကို ပိတ်ပစ်ခြင်းဖြင့် အင်တာနက်ကို ဆင်ဆာလုပ်နေကြောင်း ဖော်ပြလာကြသည်။

တရုတ်နိုင်ငံတွင် အာဏာပိုင်များက ကွန်ပြူတာများကို သိမ်းဆည်းခြင်း၊ အွန်လိုင်းများမှတဆင့် သတင်း အချက်အလက် ဖလှယ်သူများကို ထောင်ချနေခြင်း၊ ဘလော့ခ်များ (Blogs) နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများ (online service) ကို ပိတ်ပစ်ဖျောက်ဖျက်နေခြင်း၊ အွန်လိုင်း လှုပ်ရှားမှုများကြောင့် ဂျာနယ်လစ်များ နှင့် လူမှုရေးဆောင်ရွတ်နေသူများ ကို အကျဉ်းချခံနေရမှုများအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဖော်ပြလာကြသည်။

အီရန်နိုင်ငံတွင် အာဏာပိုင်များက အင်တာနက် လိုင်းကြောင်းများ (Internet traffic) ကို ဖြတ်တောက်ခြင်း၊ အီးလ်မေး လမ်းကြောင်းများ (Email providers) နှင့် မတ်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) ကို ရပ်ဆိုင်းပစ်ခြင်းဖြင့် လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုကို နှိပ်ကွပ်ဖို့ ဆောင်ရွတ်နေသည်။ ထိုပြင် အစိုးရကို ဆန့်ကျင်စော်ကားပြီး မုသား ဖြန့်ဖြူးနေသူများ (“insults and spreading of lies”) စွပ်စွဲချက်ဖြင့် အင်တာနက် အသုံးပြုသူများ (Internet users) ကို ခြေရာခံရန် အထူးရဲများ ထားရှိနေမှုအပေါ် သတိပေးလာကြသည်။

ကျုးဘားနိုင်ငံတွင် အာဏာပိုင်များက အင်တာနက် အသုံးပြုမှုအပေါ် အခွန်အခများ၊ အနည်းငယ်သော အများပြည်သူသုံးနေရာများသာ ပေးထားခြင်း၊ လိုင်းအားနှေးကွေးခြင်း နှင့် အင်တာနက် ဝန်ဆောင်မှုကို အစိုးရပိုင် လုပ်ထားခြင်းဖြင့် အလုံးစုံနီးပါး တင်းကြပ်ထားခြင်း (near-total restrictions) အတွက် အလွန်အမင်း စိတ်ပျက်မိကြောင်း ဖော်ပြလာကြသည်။

ထိုထိုသော အကြောင်းရင်းများကြောင့် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း (Declaration on Internet freedom) ကို ၂၀၁၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ (Switzerland)၊ ဂျီနီဗာမြို့ (Geneva) တွင် အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ကုလသမဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council) ၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးပွဲကြီးတွင် ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံ အားပေးရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်း ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် တိုက်တွန်းခဲ့သည်။

လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး ကို ထောက်ခံအားပေးလိုစိတ် ရှိသူများကလည်း အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် အလားတူ ကြေငြာချက်များ (Declarations)၊ ဆုံးဖြတ်ချက်များ (Resolutions) နှင့် ထုတ်ပြန်ချက်များ (Statements) များထုတ်ပြန်ကြရန် နှင့် ကုလသမဂ (United Nations) သို့တင်ပြကြရန်လည်း တိုက်တွန်းခဲ့သည်။


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) တွင် အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်ပါသည်။

အပိုဒ် (၁) လူတိုင်း လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု (သို့) ပထဝီဆိုင်ရာ အနေအထား ခွဲခြားမှုမရှိ အင်တာနက် (Internet) ကို ညီတူညီမျှ အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၂) လူတိုင်း ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် နှင့် သတင်းအချက်အလက်များ စီးဆင်းပိုင်ခွင့်ရှိသည်။

အပိုဒ် (၃) လူတိုင်း လိုင်စင်လုပ်ခြင်း (သို့) တားမြစ်ခြင်း နှင့် အခွန်အခများ အဆမတန်ကောက်ခံခြင်း စသည်ဖြင့် ခွဲခြားဆက်ဆံမှု မရှိဘဲ အင်တာနက်ကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၄) လူတိုင်းတွင် သူတို့၏ အတတ်ပညာ ပိုင်ဆိုင်မှု (Intellectual property) ကို ထိန်းသိမ်း ကာကွယ်ပိုင်ခွင့်ရှိသည်။ ကျုးကျော်ခြင်း၊ သိမ်းဆီးခြင်း (သို့) ထိန်းချုပ်ခြင်းမှ ကင်းလွတ်နေရမည်။

အပိုဒ် (၅) လူတိုင်းတွင် အင်တာနက် အသုံးချခြင်း၊ အင်တာနက် အဆောက်အအုံများ နှင့် အင်တာနက် ကူးလူးဆက်သွယ်ချက်များကို အစိုးရမှ သိမ်းဆီး ထိန်းချုပ်ခြင်းမှ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် (၆) လူတိုင်းတွင် နိုင်ငံတော် (သို့) အခြားအဖွဲ့တခုခုမှ အတင်းဝင်ရောက် ထိန်းချုပ်ခြင်းမှ ကင်းလွတ်စေရန် နာမည်ဝှက် (Anonymity) (သို့) အွန်လိုင်း နာမည် (Online privacy) ပေးပိုင်ခွင့်ရှိသည်။

အပိုဒ် (၇) လူတိုင်းတွင် သူတို့၏ အမှတ်အသားများ (Identities) နှင့် အချက်အလက်များ လုံခြုံရေးအတွက် စာဝှက်သုံးခြင်း (Encryption) နှင့် ကာကွယ်ပိုင်ခွင့်များရှိသည်။

အပိုဒ် (၈) လူ့အခွင့်အရေး ချိုးဖောက်ရန် ရည်ရွယ်၍ အင်တာနက် အသုံးပြုခြင်း နှင့် အင်တာနက် ဆက်သွယ်ရေး များကို ကန့်သတ်ထိန်းချုပ်နိုင်သော နည်းပညာများ (Technologies)၊ ပစ္စည်းများ (Equipments)၊ ဆော့လ်ဝဲလ် များ (Software) ကို တင်ပို့ရောင်းချခြင်းကို မည်သူကိုမျှ ခွင့်ပြုမထားသင့်ပေ။

အပိုဒ် (၉) အင်တာနက် ကုမ္ပဏီများ (Internet providers) ကလည်း အစိုးရများ၊ ကော်ပိုရေးရှင်းများ နှင့် တတိယအဖွဲ့အစည်းများ (Third parties) သို့ အင်တာနက် အသုံးပြုသူများ ၏ သတင်းအချက်အလက်များကို သူတို့၏ အလိုဆန္ဒမပါဘဲ မပေးပို့သင့်ပေ။

အပိုဒ် (၁၀) ကန့်သတ်တားဆီးမှုများ (သို့မဟုတ်) ခြိမ်းခြောက် အကြပ်ကိုင်မှုများ မရှိဘဲ အင်တာနက်ကို ဆင်ဆာမရှိ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရမည်။


အပိုဒ် (၁၁) အင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များသည် အကျိုးအကြောင်းဆီလျှော်သော ကန့်သတ်ချက်များဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းတို့ကို လွတ်လပ်၍ ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းမှာသာ အထင်အရှား အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ယင်းအင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထိခိုက်ပျက်စီးစေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မပါဝင်ပါ။

Adopted by consensus, Geneva, March 9, 2010


ဘာသာပြန်သူ…ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ
၉. သြဂုတ်လ.၂၀၁၀



GENEVA DECLARATION ON INTERNET FREEDOM

Adopted by the Human Rights Defenders and Civil Society Representatives assembled
at the 2nd Geneva Summit for Human Rights, Tolerance and Democracy, March 9, 2010.

Preamble

We, human rights defenders and representatives of civil society from all regions of the world, having assembled here at the Second Geneva Summit for Human Rights, Tolerance and Democracy,

Guided by the Universal Declaration of Human Rights and the International Covenant on Civil and Political Rights, which guarantee the right to freedom of opinion and expression, including the freedom to hold opinions without interference, and to seek, receive and impart information and ideas through any media and regardless of frontiers,

Recognizing that the Internet is a universal space for communication and the exchange of ideas that can promote freedom and mutual understanding among all people, regardless of race, religion, geography or economic status,

Mindful that the Internet has become a primary vehicle for communication in all sectors of life in a globalized economic and civil society, requiring its transparency and openness to function properly,

Believing that the preservation of a free Internet is essential to the full enjoyment of human rights, civil liberties and a free and democratic society,

Alarmed that the situation of Internet freedom in many regions of the world is increasingly perilous and under assault,

Acknowledging that the intimidation and the use of technologies aimed at the restriction and monitoring of Internet creates an environment of repression,

Affirming that suppression of independent thought by filtering, monitoring and censoring of websites, online content, blogs and messaging services constitutes a violation of Article 19 of the Universal Declaration of Human Rights,

Recognizing that all countries have obligations to guarantee Internet freedom,

Emphasizing that countries which enjoy secure and open Internet technologies are obliged to prevent exported communications technologies from being used as a vehicle for suppression and censorship, and that Internet companies should take reasonable steps to avoid complicity with, and liability for, violations of human rights,

Recognizing that the struggle for freedom of expression has today largely shifted online as the Internet has become the means of choice for political dissidents, democracy activists, human rights defenders and independent journalists worldwide,

Considering that there are particular countries in which the situation of Internet freedom is under a grave and gathering threat, with imprisoned political dissidents, journalists and bloggers who are in urgent need of protection by the international community,

Recalling the proposed 2008 Directive of the European Parliament concerning the EU Global Online Freedom Act, in particular its finding that authoritarian states such as Belarus, Burma, China, Cuba, Egypt, Ethiopia, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam censor the internet by blocking websites and filtering search results and intimidate internet users through cyber police and obliged registration,

Deeply concerned that authorities in China have seized computers, imprisoned individuals for sharing information online, blocked and deleted blogs and other online services, and incarcerated journalists and social activists for online activity,

Alarmed that authorities in Iran have acted to suppress the free flow of information by blockading Internet traffic and suspending email providers and messaging services, and have created a special police division to hunt down Internet users suspected of so-called “insults and spreading of lies” against the regime,

Deeply disturbed that authorities in Cuba imposed near-total restrictions on access through prohibitive user fees, few public access points and slow connection speeds, and restricted distribution of service to a state-controlled provider,

Decide to hereby adopt this Declaration on Internet Freedom, in Geneva, Switzerland, on March 9, 2010;

Urge the United Nations Human Rights Council, now meeting in its 13th Regular Session, to endorse this Declaration and support the cause of Internet freedom in the face of repression;

Urge all other relevant United Nations and international bodies to endorse this Declaration and support the cause of Internet freedom in the face of repression;

Urge all like-minded supporters of freedom, human rights and democracy to adopt similar declarations, resolutions, or other statements to support the cause of Internet freedom in the face of repression, and urge that these be submitted to the United Nations.

Article 1
Everyone has the right to equal access to the Internet, regardless of race, religion, ethnic or geographical origin.

Article 2
Everyone has the right to the free flow of information and freedom of expression without fear of discrimination.

Article 3
Everyone has the right to a transparent and open Internet without the subjection of individual licensing or prohibitive, discriminatory requirements such as heavy tolls.

Article 4
Everyone has the right to preserve and protect their intellectual property, kept private and confidential from invasion, seizure or monitoring.

Article 5
Everyone has a right to protect Internet access, Internet infrastructure and communication technologies from government seizure.

Article 6
Everyone has a right to anonymity and online privacy, free from intrusive monitoring by the state or third parties.

Article 7
Everyone has the right to encrypt or otherwise secure their identities and the security of their information as it travels across the Internet, to protect themselves and their information from unwarranted monitoring.

Article 8
No one should be allowed to export or sell technologies, equipment or software that enables the restriction of Internet use or access for the purpose of violating human rights.

Article 9
Internet providers should not be allowed to provide governments, corporations or third parties any information about their users without their legal consent.

Article 10
Any attempt to restrict or intimidate people from free, uncensored, and secure access of the Internet constitutes a fundamental abridgement of human rights and undermines the promotion of peace and world order.

Article 11
The rights and freedoms set out in this Declaration are guaranteed subject only to such reasonable limits, prescribed by law, as can be demonstrably justified in a free and democratic society. Nothing in this Declaration may be interpreted as implying for any person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set forth in the Universal Declaration of Human Rights.

Adopted by consensus, Geneva, March 9, 2010

Shared by Blogger Demowaiyen, Alinsek and Kamikaze

(ဆက်ဖတ်ရန်.......)

Sunday, 12 September 2010

ကျွန်တော်ပြောချင်တဲ့ ကိုရီးယား

ကိုရီးယားမှာ ဘတ်စ်ကားစီးရတဲ့အကြောင်း

စာမရေးဖြစ်တာ ကြာပြီ။ ကိုရီးယားအကြောင်းလေးရေးဦးမှလို့ စိတ်ကူး ရတာနဲ့ “ကျွန်တော်ပြောချင်တဲ့ ကိုရီးယား” ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတော့မယ်။

နှစ်တွေအတော်ကြာပါပြီ။ ပြည်ပအသံလွှင့်ဌာနတစ်ခုရဲ့ ပေးစာကဏ္ဍမှာ ”ကိုရီးယားက ဘတ်စ် ကားတွေကို ဒရမ်မာဇာတ်ကားတွေမှာ ကြည့်ပြီး အားကျမိတယ်။ ကျမတို့ မြန်မာပြည်မှာ ဘယ်တော့များမှ စီးရမှာပါလိမ့်မလဲ” ဆိုပြီး မြန်မာပြည်မှာ ဘတ်စ်ကားစီရတဲ့ ဒုက္ခအကြောင်း ရင်ဖွင့်ထားတဲ့ သောတရှင် တစ်ဦးရဲ့ ပေးစာကို နားထောင် လိုက်ရပါတယ်။ ကြုံတဲ့အခါ ကိုရီးယားက ဘတ်စ်ကားတွေ အကြောင်း ပြောပြ ဦးမယ်လို့ အတွေး ဝင်လာတာ အခုတော့ အဆင်သင့်ပါပြီ။

ရွှေပြည်တော်မှာလဲ ဝပ်သောက် မော်တော်ကားတွေကို တရားဝင်မှတ်ပုံတင်ပေးနေပြီ။ (သူခိုးလက်ခံလို့ မပြောချင်ပါဘူး၊ စဉ်းစားကြည့်လေ တစ်ခြားနိုင်ငံကနေ တရားမဝင်နည်းလမ်းနဲ့ ကိုယ့်နိုင်ငံထဲ ခိုးသွင်းလာ၊ ပြီးတော့ ကျွန်တော့ကား တစ်ခြားနိုင်ငံထဲကနေ တရားမဝင် တင်သွင်းလာမိပါတယ်ဆိုပြီး ရဲစခန်းမှာ အဖမ်းပြ၊ ပြန်ထုတ်။မှတ်ပုံတင်။တရားဝင်ကားဖြစ်ရော။ နိုင်ငံတကာ ကုန်သွယ်ရေးမူဝါဒတွေနဲ့ ကိုက်ညီတယ် မကိုက်ညီဘူးတော့ ကျွန်တော် သိပ်နားမလည်ဘူး။ သိန်းပေါင်းထောင်ချီတန်တဲ့ ကားတစ်စီး ကတော့ တကယ် တန်းမှာ ကားပိုင်ရှင်အတွက် ဘာအာမခံချက်မှမရှိတာအမှန်။)
ဒီကိုရီးယားမှာ ကားဝယ်စီးတဲ့ အကြောင်းနည်းနည်းပြောမယ်။

ကားတစ်စီးကို ကိုဝင်းလတ်တို့ သူဌေး ဝယ်စီးတာ မြင်ဘူးတယ်။ ကားအရောင်းစင်တာမှာ ကြိုက်တဲ့ကားကို သွားကြည့်၊ပြီးတော့ အရောင်းဌာနမှာ ပြောပြခဲ့ပြီးပြန်လာ။ နောက်နေ့ကျတော့ အရောင်းဌာန တာဝန်ခံရယ်၊ ကားအတွက် တာဝန်ယူထားတဲ့ ရှေ့နေအကျိုးတော်ဆောင်ရယ်၊ ကားရယ် ရောက်လာတယ်။(ရွှေပြည်တော် ကလို ပွဲစားတွေ ခြေချင်းရှုတ်မနေဘူး) လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးတယ်၊ ကားထား ခဲ့ပြီးပြန်သွားတယ်။ ကားတန်ဘိုးကို bank to bank ရှင်းလိုက်ကြတာပဲ။
ရွှေပြည်တော်ကလို ငွေထုတ်ကြီးပိုက်၊ကားပွဲစားတန်းမှာ ခြေညောင်းအောင်လျှောက်ကြည့် မကြိုက်ရင် လှည့်ပြန်၊နောက်နေ့ သွားကြည့်မယ် လုပ်ရော ငွေမဲဖြစ်လို့ ရူးမတတ်ခံလိုက်ရတဲ့ ဇာတ်လမ်း တွေမှတ်မိသေးတယ်။ ငွေအတွက်လဲ အာမခံချက် အပြည့်မရှိတာပြောပါတယ်။ နောက်ပြီး ဒီမှာက ငွေသိန်းပေါင်း မြောက်များစွာ အကုန်ခံ ဝယ်ထားတဲ့ကား တစ်ခုခုဖြစ်ရင် ထုတ်လုပ်တဲ့ ကုမ္မဏီက တန်ရာတန်ဘိုးပေးပြီး ကားပြန်သိမ်းရင်သိမ်းမယ်။ ဒါမှမဟုတ် ပြုပြင်ပေးဦးမယ်။ ရွှေပြည်တော်ကြီးမှာတော့ သိန်းထောင်ချီတဲ့ ကားတစ်စီးအတွက် ဘာမှ အာမခံချက်မရှိဘူး။ ဝပ်လျော့ဆရာတွေလက်ထဲမှာပဲ လက်ပူတိုက်ရင်း အစဉ်ပြေသလို စခန်းသွားလိုက် ကြရတာမဟုတ်လား။
ကားအတွက်နှစ်စဉ်သက်တမ်းတိုးတော့လဲ ကြည့်ပါဦး။ ဘယ်လောက်ခက်ခဲသလဲ။ ဒီမှာတော့ အွန်လိုင်းကနေ သက်တမ်းတိုးလိုက်တာ လွယ်မှလွယ်။ ကျသင့်တဲ့ကုန်ကျငွေကို ဘဏ်ကပဲလွဲပေးလိုက်တယ်၊ပြီးရော။ အိမ်ထောင်စုဇယားတို့၊ရယက ထောက်ခံစာတို့ဆိုတဲ့ ဘာညာ စာရွက်စာတမ်းတွေလဲ မလိုပါဘူး၊ ဒါတောင်အခု ထပ်ကြားနေရတာက ကညနကို ထူးကုမ္မဏီက လွှဲယူဦးမယ်ဆိုပဲ။ ယာဉ်စစ်ဆေးတဲ့ဌာနစိတ်ကို မောင်ပိုင်စီးမယ်လို့ စုံစမ်းသိရှိရပါတယ်။ အင်း တေဇ ဖြစ်နေလို့ ရွှေသွေးတို့ ဒို့ကျောင်းသားတို့များဖြစ်ရင် မလွယ်ဘူးနော်။
သိန်းထောင်ချီတန်ပြီး ဘာအာမခံချက်မှ တကယ်တန်းမရှိတဲ့ မြန်မာပြည်က ကားပိုင်ရှင်တွေအကြောင်း တစ်စေ့တစ်စောင်းပါ။ ကိုရီးယား ဘတ်စ် ကားတွေ အကြောင်းပျောက်သွားဦးမယ်။
ကိုဝင်းလတ်တို့ ကိုရီးယားမှာ Bus ကားစီးရတာ ရွှေပြည်တော်နဲ့ ကွာတာတော့အမှန်ပါပဲ။ ဒါကတော့ တိုးတက်တဲ့ နိုင်ငံတိုင်းက ဘတ်စ်ကားတွေဒီလိုပါပဲ။ တစ်ခါတစ်လေ ဘတ်စ်ကားတစ်စီးလုံးကို တစ်ယောက်ထဲငှားစီလာသလားထင်ရတယ်။
ဘတ်စ်ကားတစ်စီးလာလို့ လုယက်တက်နေစရာမလိုဘူး။ စပယ်ယာလဲမရှိဘူး။ဒရိုင်ဘာကပဲ စပယ်ယာပေါ့။မြန်မြန်တက် မြန်မြန်တက်လို့လဲ ဟောက်လားဟန်းလားမရှိဘူး၊ ကားခပိုက်ဆံကိုလဲ ဒရိုင်ဘာ ဘေးက ပိုက်ဆံပုံးထဲကို ထည့်လို့ ကားခပိုက်ဆံမှန်မမှန် မေးလားမြန်းလား စစ်လားဆေးလားမရှိဘူး၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိတာပြောပါတယ်။ ပိုက်ဆံမသုံးချင်ရင် ဘတ်စ် ကားခ ရှင်းတဲ့ ကဒ်လေးတွေ လုပ်ထားပြီး အဲဒါနဲ့ ကားခရှင်းလို့ရတယ်။ စက်တ တီတီ ဆိုမည်ပြီး ကားခ ကျသင့်ငွေ ဖြတ်သွားမှာပဲ။
ကားဒရိုင်ဘာက ကားစီးတဲ့ ခရီးသည်တွေအပေါ်မှာ စိတ်ရှည်သည်းခံတယ်၊ လူလူချင်း စာနာ နားလည်မှု ရှိတယ်။
ကားစီးတဲ့ခရီးသည်တွေကလဲ ဘတ်စ်ကားအပေါ်မှာရော ဘတ်စ်ကား ဒရိုက်ဘာအပေါ်မှာကော အပြန်အလှန် နားလည်မှု လေးတွေ ပေးထားတယ်။
ကားမှတ်တိုင်ရောက်လို့ ကားပေါ်ကဆင်းတော့လဲ အလုအယက်ဆင်းစရာမလိုဘူး၊ပြောရရင် ဘတ်စ်ကားစီးလို့ ခရီးသည်အတွက်စိတ်မချမ်းသာစရာ၊အသက်အန္တရာယ်ဖြစ်စရာ ဘာမှ မရှိဘူး။လိုရာခရီးကို စိတ်အေး လက်အေးသွားနိုင်တယ်။
မကွာဘူးလား ရွှေပြည်တော်က ဘတ်စ်ကားတွေနဲ့။
တစ်ခါက ဘတ်စ်ကားပေါ်မှာ ခလေးအရွယ်မောင်နှမနှစ်ယောက် တွေ့တယ်။ အမ အသက်က ၆နှစ် ရနှစ် လောက်ရှိလိမ့်မယ်။မောင်ငယ်ကတော့ လေးငါးနှစ်လောက်ပေါ့။ရေခဲမုန့် တစ်ယောက်တစ်ခုစီ စားပြီး ဘတ်စ်ကားစီးလာကြတာပေါ့။ သူတို့တွေလက်ထဲက ရေခဲမုန့်လဲ ကုန်ရော စက္ကူအမှိုက်တွေကို အမလုပ်သူက မောင်ငယ်ဆီကပါ ယူပြီး ကားပေါ်မှာရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်တာတွေ့ရတယ်၊ ကျွန်တော်စဉ်းစားတယ်.. ”အော်..ခလေးအရွယ်တွေတောင် စည်းကမ်းရှိပါလား၊ တွေ့ကရာနေရာလွင့်မပစ်ကြပဲကို။ ဒါအတုခိုးသင့်တယ်။ ရွှေပြည်တော်က ဘတ်စ်ကားစီးခရီးသည်တွေနဲ့ကွာပ၊ ကွမ်းတံတွေးတွေ နေကြာစေ့ကွာစေ့အမှိုက်ခွံတွေ ပစ်စ လက်ခပ် ဟိုပစ်ဒီပစ်သမားတွေ မြင်စေချင်စမ်းပါဘိ...”လို့။
ဘတ်စ်ကားတွေမှာလဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေတဲ့ စွံ့အ မသန်မစွမ်း ခရီးသည်တွေအတွက် အလွယ်တကူတက်လို့ဆင်းလို့ရအောင် လမ်းပလက်ဖေါင်းနဲ့ တပြေးညီ အတက်ဆင်းလုပ်နိုင်တဲ့ မော်တော်ကားအခင်းကြမ်းပြင်တွေ ပြုလုပ်ပေးထားတယ်။ ကားပေါ်ကို အောက်စလွတ်အောင် ခြေထောက် မြှောက်တက်စရာမလိုဘူးလို့ ပြောချင်တာပါ။ အသာလေးလှမ်းတက်ရုံပါပဲ။ ဘီးတပ် ကုလားထိုင်ဆိုလဲ အသာလေး ဘီးလှိမ့်လိုက်ရုံနဲ့ ကားထဲရောက်သွားတာပါ။
ကားခပေးတယ်ဆိုရင် ကျောင်းသား၊အသက်အရွယ်ကြီးရင့်သူ့ စွံ့အ၊ နာမကျန်းတွေကို သက်သာတဲ့နှုန်းနဲ့ တစ်ဈေးသတ်မှတ်ထားတယ်။ ကျွန်တော့ကိုတောင် ကျောင်းသားထင်ပြီး ကားခလျော့ယူတာ ခံရဘူးတယ်။ တကယ်...ကိုယ်တွေ့။
ကောင်းတာတွေပြောနေတယ် မကောင်းတာကော မပြောတော့ဘူးလားမေးဦးမယ်။
လွတ်လွတ်လပ်လပ် ဘတ်စ်ကားစီးရတော့ ကားပေါ်မှာတင် ကောင်လေးနဲ့ ကောင်မလေး အရှက်မရှိ ကစ်စ်ပေးနေတာမြင်ရတာတွေ၊ ကားမှားစီးလို့ အကူအညီတောင်းမိတာ အအော်အငေါက်ခံရတာတွေ၊ အနည်းငယ်သော မကောင်းတာလေးတွေတော့ရှိပါတယ်။
ထားပါတော့..
ကိုရီးယားမှာ ဘတ်စ်ကားစီးရတဲ့အကြောင်းပြောရရင် အများကြီးပါ..။ ရွှေပြည်တော်က သဘောကျနေတဲ့ ကိုရီးယားအကြောင်းထဲက ဘတ်စ်ကားစီးခြင်းအကြောင်း သိတာလေးတွေဖေါက်သည်ချခွင့်ရတာ ကျေးဇူးပါ။
နောက်တော့ ကျွန်တော်ပြောချင်တဲ့ ကိုရီးယား အကြောင်းထဲက အိမ်ထောင်ရေးအချစ်ရေး သိတာလေးတွေ မျှဝေပါဦးမယ်။ မိန်းခလေးက ယောကျာင်္းလေးကို ဂုံးပိုးစီးတာတွေ့တိုင်း အားကျနေတဲ့ ကောင်မလေးတွေ အတွက်ပေါ့။
ကဲ..ဒီတစ်ပတ်တော့ ဒီမျှနဲ့ပဲ ကျေနပ်ပါ။ ရွှေပြည်တော်က ခရီးသည်တွေ ဘတ်စ်ကားကြပ်တဲ့ဘေးက ဝေးပါစေ။

ကျွန်တော့်ရဲ့ ဒီပို့စ်ကို ကိုရီးယားနိုင်ငံအကြောင်းစိတ်ဝင်စားနေတဲ့ မြန်မာပြည်က ဒါမှမဟုတ် တစ်ခြား နိုင်ငံတစ်တစ်နိုင်ငံကမြန်မာတွေအတွက် ဗဟုသုတဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ (လာရောက်ဖတ်ရှုကြတဲ့ ညီအကို မောင်နှမများကို ကျေးဇူးတင်ပါတယ်။)

(ဆက်ဖတ်ရန်.......)

View Myanmar

Myanmar News In Burmese : 11th Sep, 2010

(ဆက်ဖတ်ရန်.......)

Saturday, 11 September 2010

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့

စိုင်းဇွမ်ဆိုင်း Friday, September 10, 2010

Share/Save/Bookmark စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား လိုက်သဖြင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း သိရသည်။၂၀၀၈ ဧပြီလက ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မဲပေးရန် မြန်မာ သံရုံးရှေ့တွင် စောင့်ဆိုင်းနေသော စင်ကာပူရောက် မြန်မာများက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကို မြှောက်ပြစဉ် (ဓာတ်ပုံ - Reuters)
စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြား ထားခြင်း ဖြစ်ပြီး မလုပ်ဆောင် သူများကို သက်တမ်း ထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့ တွင်လည်း စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်က PR များကို နိုင်ငံသား အဖြစ် ခံယူကြရန် တိုက်တွန်း ထားသည်။

“စင်ကာပူနိုင်ငံမှာ PR ဦးရေ ၅ သိန်း လောက်ရှိပါတယ်။ အဲဒီထဲကမှ ၅ သောင်းလောက်က စင်ကာပူ နိုင်ငံသား အဖြစ် ခံယူမယ်ဆိုရင် ဒါဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ပြုလိုက်တာနဲ့ အတူတူပါပဲ” ဟု ဂိုချုပ်တောင်က ပြောကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော် စင်ကာပူနိုင်ငံမှ PR လက်မှတ်ရ မြန်မာနိုင်ငံသား အများစုသည် နိုင်ငံသားခံယူရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံသားအဖြစ် ခံယူရန် ငြင်းဆန်လျှင်လည်း ၎င်းတို့၏ လက်ရှိအနေအထားမှာ ပို၍ ကျပ်တည်းသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ဘေးကျပ်နံကျပ် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်သိရသလောက်က PRကိုင်ထားတဲ့သူ အများစုက မိသားစုတွေနဲ့လေ။ တကယ်လို့ သူတို့က နိုင်ငံသား ခံယူဖို့ ငြင်းမယ်ဆိုရင် PRကို သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘူး။ EP (Employment Pass) နဲ့ပဲ နေရမယ်။ အဲဒါဆိုရင် သူတို့အတွက် အခွန်တွေ၊ ကလေး ကျောင်းစရိတ်တွေကအစ ဈေးပိုကြီးလာတော့မယ်” ဟု ရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် PR လက်မှတ် ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံသားများအပြင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသားဦးရေ အများဆုံးဖြစ်သည်ဟု သိရသည်။

PR လက်မှတ်ကို ဆယ်နှစ်ကျော် ကိုင်ဆောင်ထားပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခြင်း မရှိသေးသူ မြန်မာတဦးက “ဒီကို ရောက်ခါစ ကျောင်းတက်တုန်းက အရမ်း အနှိမ်ခံရတယ်။ ဆရာ၊ ဆရာမတွေကအစ နှိမ်တယ်။ အဲဒါက ကလေးဘဝတုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အခုထက်ထိ စွဲနေတယ်။ နောက်တခုက တနေ့တနေ့ကို လူတွေ အကုန်လုံးက ပိုက်ဆံနောက် လိုက်မယ်ဆိုတာပဲ တွေ့နေရတယ်။ အဲဒီလိုနေရာမျိုးက ကိုယ်အသက်ကြီးသွားရင် ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံသား မခံချင်တာလည်းပါတယ်” ဟု သူ၏ သဘောထားကို ပြောပြသည်။

မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှုသည် တဦးချင်းစီ၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်ကြောင်း၊ စင်ကာပူနိုင်ငံသားအဖြစ် ခံယူသူ မြန်မာပြည်မှ လူအများစုမှာ မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသားကတ် (FRC) ကိုင်ဆောင်ကြသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားတွင် အမြဲ အခြေချ နေထိုင်ရန် ဆုံးဖြတ်ထားသူ လူငယ်အများစုဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “Passport လေး ပြောင်းလိုက်တာနဲ့ ကိုယ်က မြန်မာ မဟုတ်တော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလေ။ ကိုယ်က မြန်မာပြည်ကို ချစ်နေတုန်းပဲ” ဟု ဆိုသည်။

စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် နေထိုင်လာသူ မြန်မာတဦးက “စင်ကာပူမှာ ရှိနေတဲ့ PR တော်တော်များများက ပညာတတ်တွေ၊ အလုပ်အကိုင် အတွေ့အကြုံရှိတဲ့သူတွေ၊ အရည်အချင်း ရှိတဲ့သူတွေများတယ်။ အဲဒီလိုလူတွေကို နိုင်ငံသားပေးလိုက်တာက စင်ကာပူနိုင်ငံအတွက် အကျိုးယုတ်စရာ လုံးဝမရှိဘူးလေ” ဟု ပြောသည်။

PR လက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံသားခံယူခွင့် ပေးခြင်းသည် တိုးပွားမှုနှေးနေသော စင်ကာပူလူဦးရေ အတွက် အထောက်အကူဖြစ်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် စင်ကာပူအစိုးရက ရည်ရွယ်ထားခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဆိုသည်။

စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ခြင်းအားဖြင့် ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများလည်း ရှိနိုင်သည်ဟု စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာတဦးက ပြောသည်။

စင်ကာပူနိုင်ငံသား ဖြစ်လာလျှင် အခွန်မြင့်မားစွာ ပေးဆောင်ရန် မလိုတော့ခြင်း၊ စင်ကာပူ နိုင်ငံကူးလက်မှတ်သည် တခြားနိုင်ငံကြီးများသို့ သွားလာရန် လွယ်ကူခြင်း၊ စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဈေးနှုန်း ချိုသာခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် မြန်မာတဦးက “တချို့ Citizen ခံလိုက်တဲ့သူတွေ ပြောတာကတော့ မြန်မာ သံရုံးမှာ အခွန်မဆောင်ချင်ဘူး။ အဲဒီဆောင်ရမယ့် ငွေတွေကို မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီလိုက်တာ ပိုကောင်းတယ်လို့ ပြောကြတယ်”ဟု ပြောသည်။

စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံသား ၂ မျိုး (Dual Citizenship) ခံယူမှုကို ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်မည်ဆိုပါက ဗီဇာကြေး နှစ်ဆ ပိုပေးရခြင်း၊ မြန်မာနိုင်ငံတွင်းမှ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားစရိတ်များကိုလည်း နိုင်ငံခြားသားတဦးအနေဖြင့် ပေးဆောင်ရခြင်း၊ အသက်အရွယ် ကြီးရင့်သူများအနေဖြင့် မြန်မာပြည်သို့ ပြန်လည်နေထိုင်လိုပါက ခက်ခဲခြင်းများသည် ဆိုးကျိုးများဟု ဆိုနိုင်ကြောင်း စင်ကာပူနိုင်ငံသား ခံယူထားသူ မြန်မာက ရှင်းပြသည်။

၂၀၀၉ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် လူဦးရေ ၄.၉၈ သန်းရှိပြီး ကုန်ပစ္စည်း တင်ပို့ခြင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း နှင့် ရေနံဓာတုလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ရွေးကောက်ပွဲကို ချင်းပြည်သူများ စိတ်ဝင်စားမှုနည်း



(ဆက်ဖတ်ရန်.......)

လက်ဝါးကပ်တိုင်ဖျက်မှု ချင်းအမျိုးသားများဆန္ဒပြ



(ဆက်ဖတ်ရန်.......)

ACR News

ACR News (12 09 2010)

(ဆက်ဖတ်ရန်.......)

View Myanmar

Myanmar News In Burmese : 10th Sep, 2010

(ဆက်ဖတ်ရန်.......)

View Myanmar

Myanmar News In Burmese : 9th Sep, 2010

(ဆက်ဖတ်ရန်.......)

Friday, 10 September 2010

ZNC Boycotts 2010 Election

.05 September 2010: The Zomi National Congress (ZNC) last Wednesday announced it will refuse to participate in Burma's upcoming 2010 election, saying it is 'very undemocratic' and against the whole structure of democracy.

In a statement released on 1 September 2010, ZNC said: "We have no confidence in the regime and its election committee. They do whatever they like regardless of the laws they made."

"We have decided to boycott unanimously. In every free and fair election, every free voter has the right to cast his/her vote or not to cast his/her vote. It is his/her birthright."

The main objective of the election is to confirm the so-called constitution that will enable the Defence Services to participate in the national political leadership role of the state, the statement added.

Meanwhile, two new major Chin political parties that were recently formed have decided to contest the elections. The Chin National Party (CNP) and the Chin Progessive Party (CPP) are set to contest in all the constituencies in Chin State.

According to Article 441, the so-called constitution shall come into operation throughout the Union from the first session of the Pyidaungsu Hluttaw (Union Assembly).

ZNC argued there is no ratified constitution as the Pyidaungsu Hluttaw is not yet convened, and the election committee, against the Article, called for representative application forms for the respective constituencies, adding: "This is a grave violation of the so-called constitution that they made even before its ratification."

Earlier this year, the United Nationalities Alliance (UNA), which is a coalition of 12 ethnic political parties including ZNC, announced they would not contest in the military-planned 2010 election.

The Election Committee of Burma has announced the election is to be held on 7 November 2010.

The Zomi National Congress, founded in 1988, is a political party committed to restoring and establishing democratic government and federal union of Burma with Pu Chin Sian Thang, an elected MP during the 1990 General Election, as its chairman.



(ဆက်ဖတ်ရန်.......)

ACR News

ACR news (5.9.2010)

(ဆက်ဖတ်ရန်.......)

CRC,Letter

5th, September, CRC letter

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Awging 21

(ဆက်ဖတ်ရန်.......)