Thursday 28 January 2010

၆၃နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား ဖိတ်ကြားစာ

Union Day,Invitation UMEO,Korea


(ဆက်ဖတ်ရန်.......)

Wednesday 27 January 2010

THE CHIN HILLS REULATION

The Chin Hills Regulation



(ဆက်ဖတ်ရန်.......)

Tuesday 26 January 2010

ချင်းအမျိုးသားနေ့ဂုဏ်ပြုတေး

သီချင်းကိုနားစဉ်ပြီး ချင်းပြည်အတွက် ကြိုးစားလုပ်ဆောင်ကြပါစို့ စည်းလုံးခြင်းသည်အင်အား
စည်းလုံးရေးတေးသီချင်း

ချင်းတို့ဌာနေ


ချစ်တဲ့တောင်ဇလပ်နှင့်ချင်းတောင်တန်း



(ဆက်ဖတ်ရန်.......)

Monday 25 January 2010

ချင်းအတွက်ချင်းအဆက်

ချင်းဟူသမျှ -မရှိရ ဟု
ဆိုကြပါမူ - ခေါင်းယူစေခြင်း
လည်ကို စင်း၍ - ရှင်းလင်းခံမည်
ချင်းသည်ချင်းသာ - ဖြစ်ပါမည်

ချင်းအရေး ချင်းမှ - မလုပ်ရ ဟု
ဆိုကြစဉ်လတ် - လက်ကို ဖြတ်၍
ခြေထပ်ပိုင်းပါ - ကြွင်းခန္ဓာဖြင့်
ဆက်ကာလုပ်မည် - မဆုတ်ပြီဟု

ချင်းသည် ချင်းအရေး - လက်မနှေး
ချင်းအမျိုးကောင်းရာ - တွေးကြံပါမူ
သံပူချွန်စိုက် -ခေါင်းတွင် ရိုက်၍
ယူနှိုက်ဦးနှောက် - ချေမှုန်းဖျောက်စေ
မကြောက်နေရက် - သေလမ်းထက်က
ချင်းအတွက်ချင်းအဆက် - တွေးကြံလျှက်

တောင်ပေါ်သား



(ဆက်ဖတ်ရန်.......)

ငလျင်ကြောပေါ်တွင်တည်ရှိနေသည့်မြန်မာနိုင်ငံအဖို့ ငလျင် ကြီးများ ဖြစ်နိုင်ခြေ အတွက် လူထု နိုးကြားမှု နှင့် ပြင်ဆင် ထားမှု တို့ လိုအပ် နေဆဲ ဟုသိရ

ကြိုတင် ထုတ်ပြန် ကြေညာ နိုင်ခြင်းမရှိဘဲ ဆုံးရှုံး မှုလည်း ကြီးမား သော ငလျင် ကဲ့သို့ သဘာဝ ဘေးမျိုး အတွက် လူထု နိုးကြား မှုနှင့် ပြင်ဆင် ထားမှု တို့ကသာ ဆုံးရှုံးမှုကို လျော့ချရာ ရောက်နိုင်ပြီး မြန်မာ နိုင်ငံတွင် ယင်းသို့ ပြင်ဆင် ထားမှုများ လိုအပ် နေဆဲ ဖြစ်ကြောင်း ကျွမ်းကျင် သူများ၏ အဆိုအရ သိရှိရသည်။ မြန်မာ နိုင်ငံ သည် မြောက်မှ တောင် အရပ်အထိ ငလျင်ကြောပေါ် တွင် တည်ရှိ နေပြီး လှုပ်ရှား နေသေးသည့် ပြတ်ရွေ့ ရှင်ကြီးများ ရှိနေသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် နှစ်အတွင်းက လည်း ဒေသတွင်းနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများအဖို့ ငလျင်နှင့် မုန်တိုင်းသည် သတိပြုဖွယ်ရာ သဘာဝဘေးအန္တရာယ်များ ဖြစ်လာခဲ့ပြီး ယခုနှစ်ဦးပိုင်းတွင်လည်း ဆုံးရှုံးမှုကြီးမားသော ဟေတီငလျင်ဖြစ် ပေါ်ခဲ့သည့်အတွက် မည်သည့်နိုင်ငံ တွင်မဆို၊ မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် ပတ်သက်၍ ပြင်ဆင်ထားရန်လိုသည်ဟု ပညာရှင်များကသုံးသပ် ကြပါသည်။

''ငလျင်က တခြားသဘာဝ ဘေးအန္တရာယ်တွေလို ကြိုတင်ထုတ် ပြန်လို့မရဘူး။ ငလျင်ဆိုတာ နဂိုကတည်းက ပြင်ဆင်မှုရှိထားမှ၊ မဟုတ်ရင်အန္တရာယ်ကြီးပါတယ်''ဟု မင်္ဂလာမြန်မာမှ ဒေါ်ယူဇာမော်ထွန်းက ပြောကြားသည်။

မုန်တိုင်းကဲ့သို့သော သဘာဝဘေးမျိုးမှာမူ ကြိုတင်ပြင်ဆင်ချိန် ရရှိတတ်ကြောင်း၊ ယင်းသို့ ပြင်ဆင်ချိန်ရရှိသည့် မုန်တိုင်းကြောင့်ပင်လျင် ပျက်စီးဆုံးရှုံးမှု များပြားတတ် သည့်အတွက် ငလျင်မှာကြိုတင်ပြင်ဆင်မှုများစွာ လိုအပ်ကြောင်း ပညာရှင်များက ဆိုကြသည်။

''၂၀၀၄ ခုနှစ် ဆူနာမီပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံမှာငလျင်ငယ် လေးတွေ ဆက်လှုပ်တာ သတိ ပြုမိ ပါတယ်''ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် ကပြော ပါသည်။ ဆုံးရှုံးမှုကြီးမားသော ငလျင် ကြီးများဖြစ်ပွားခဲ့ဖူးသည့် မြန်မာနိုင် ငံအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကို လျော့ချရန်ဆိုသည်မှာ စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု အစီအစဉ်များ လိုအပ်သည်ဟု သိရှိရ ပါသည်။

ကြိုတင်ပြင်ဆင်မှုဟု ဆိုရာ တွင် ပြည်သူလူထုအနေဖြင့် ငလျင် ဖြစ်ပွားလာပါက မည်သို့လုပ်ဆောင်ကာ မိမိကိုယ်ကိုယ် ကာကွယ်သင့်သည်၊ မည်သို့နေထိုင်သင့်သည် စသည့် အခြေခံအချက်များကို သိရှိထားရန် လိုအပ်သကဲ့သို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ကြသူများကလည်း အသက်မသေ ကျန်ရစ်ခဲ့ကြ သူများကို မည်သို့ကယ်ဆယ်ရမည် စသည့်နည်းလမ်းများကို စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်သည်ဟု သိရသည်။

''ငလျင်မှာက early warning မရှိဘူး။ ဒါပေမယ့် ဖြစ်လာရင် ဘယ်ကိုသွားရမယ်ဆိုတာကို သိထားဖို့လိုပါတယ်။ နောက်ပြီး ကိုယ်နေတဲ့ဒေသဟာ ငလျင်ဇုန်မှာ ရှိနေ ရင်ပိုသတိထားရမယ်''ဟု ဒေါ်ယူဇာမော်ထွန်းက ဆိုပါသည်။ မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ ငလျင်ပြင်းထန်ဇုန်တွင် ကျရောက်နေသော မြို့ကြီးများမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ- ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀န်းသို၊ ခန္တီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ကွမ်းလုံတို့ ဖြစ်သည်ဟု သိရှိရ ပါသည်။

''ငလျင်ဖြစ်နိုင်ခြေကတော့ ဘယ်နေရာမဆို ရှိနိုင်တာပါပဲ။ ကင်းလွတ်တဲ့ ဒေသရှိပေမယ့် တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင်တော့ ရာခိုင်နှုန်းနည်း ပါတယ်''ဟု ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း က အင်အားရစ်ခ်ျတာ စကေး၇.၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သော ငလျင်တစ်ခုသည်ကပ္ပလီ ပင်လယ်ပြင်တစ်နေရာတွင် လှုပ်ခတ် ခဲ့ပြီး မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ ရှင်တစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ သည် သတိပြုဖွယ်ရာအဖြစ် ရှိနေပြီး ယင်းပြတ်ရွေ့တစ်လျောက်ရှိဒေသများ မှာ ငလျင်ဖြစ်နိုင်ခြေကို သတိပြုရန် လိုသည်ဟု ဆိုကြသည်။ ငလျင်ဘေးကို အမြဲသတိပြု နေရသည့် ဂျပန်ကဲ့သို့သော နိုင်ငံမျိုးတွင် နိုင်ငံသားများကိုသာမက ခေတ္တလာရောက်နေထိုင်သည့် နိုင်ငံခြားသားများကိုပါ ငလျင်ဖြစ်ပွားလာပါက မည်သို့နေထိုင်ရမည်ဆိုသည့် အခြေခံအသိပညာများကို ဖြန့်ဝေထားသည်ဟု သိရှိရပါသည်။

''ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတဲ့အတွက် တစ်ကမ္ဘာလုံး သဘာဝဘေးဒဏ်တွေ ခံနေရတယ်။ မြန်မာလည်းပဲ ကင်းမနေဘူး''ဟု ပညာရှင်တစ်ဦးက ဆိုပါသည်။ ပျက်စီးဆုံးရှုံးမှုများကို လျော့ချနိုင်ရန်အတွက် ပြည်သူ လူထု၏ နိုးကြားမှု Public Awareness ရှိထားရန် စနစ်ကျသော ပြင်ဆင်မှုများ၊ လေ့ကျင့် ထားမှုများ ရှိရန် လိုအပ်သည်ဟု သိရှိ ရသည်။

''ငလျင်ကြီးတစ်ခု ဖြစ်ပြီးသွား ရင် မရပ်သေးဘူး။ ငလျင်ငယ်လေး တွေရှိသေးတယ်။ ငလျင်ငယ်လေး တွေလှုပ်နေတယ်ဆိုတာ ငလျင်ကြီး ပြီးသွားတယ်လို့ ယူလို့ရသလို ငလျင်ကြီးတစ်ခု ထပ်လှုပ်ဖို့ အားယူနေတယ်လို့လည်း ယူလို့ရပါတယ်။ ဒီလိုအသိမျိုးတွေကအစ ကလေး၊ လူကြီးတွေအားလုံးမှာ ရှိသင့်တယ်။ သတင်းစာ၊ မီဒီယာ၊ ရုပ်ရှင်၊ ပိုစတာ၊ ကြော်ငြာတွေက တစ်ဆင့် အသိပေးထားရပါမယ်''ဟု ဒေါ်ယူဇာမော်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကာလနှင့် အနီးစပ်ဆုံးအချိန်အတွင်း ဆုံးရှုံးပျက်စီးမှုများပြားသည့် အင်အားပြင်းထန်ငလျင်သည် ၁၉၇၅ ခု နှစ်တွင် ပုဂံဒေသ၌လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

(ဆက်ဖတ်ရန်.......)

ACR News Jan 24

ACR News Jan 24,2010



(ဆက်ဖတ်ရန်.......)

Friday 22 January 2010

မလေးရှားတွင် အဖမ်းအဆီးကြမ်း

Friday, 22 January 2010 18:36 ဘစောတင်
မလေးရှား အာဏာပိုင်များက တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ပြင်းထန်စွာ အရေးယူမည် ဟူသော ထုတ်ပြန်ချက် ထွက်ပြီးနောက် ရက်သတ္တ တပတ်ခန့် အတွင်း နိုင်ငံတ၀န်း နေ့စဉ် ရက်ဆက် ဖမ်းဆီးမှု များပြုလုပ်နေသောကြောင့် မလေးရှားရှိ မြန်မာ အလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ထိုကဲ့သို့ ပြင်းထန်စွာ ဖမ်းဆီးနှိမ်နင်းမည်ဟု ထုတ်ပြန်ချက်ပါလာပြီးနောက် ယနေ့အထိ မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံတ၀န်း ရှိ နိုင်ငံခြားသားအလုပ်သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မလေးရှား ဌာနခွဲ) မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် က ပြောသည်။

“ဇန်န၀ါရီ ၁၄ ရက်ကနေ ဒီနေ့အထိ မလေးရှားတနိုင်ငံလုံး ဖမ်းဆီးမှုမှာ လူ ၄၀၀၀ လောက်ကိုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တွင်း၌ မလေးရှား ရဲ များက ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကွာလာလမ်ပူအခြေစိုက် ပြည်ထောင်စု သတင်းစာ ထုတ် ဝေသူ ကိုအောင်ထွန်းဦးကလည်း ပြောသည်။

“KL (ကွာလာလမ်ပူ) မြို့ထဲမှာဆိုရင် ပုလိပ်တွေက နှစ်ယောက်တတွဲ လမ်းထိပ်နားတွေက ရပ်စောင့်ပြီး ဖမ်း တယ်၊ အထူးသဖြင့် ကိုတာရယ တ၀ိုက်မှာ အဆိုးဆုံးပဲ၊ ဖမ်းတာကတော့ တနိုင်ငံလုံး၊ ရပ်ကွက်တွေ ဆိုရင် ပုလိပ်တွေ က အုပ်လိုက်အုပ်လိုက် ၀င်ပြီးရှာနေကြတယ်”ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း မလေးရှားရှိ လူစည်ကားရာ ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ ကုန် တိုက် ကြီးများ၊ ဈေးများနှင့် စားသောက်ဆိုင်တန်းများကို ၀င်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပီနန်းတွင်နေထိုင်သူ ကိုမျိုးသူကလည်း လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖွဲ့ဝင်များနှင့် ရလာ များ ပူးပေါင်း၍ ပီနန်း ၌ ယမန်နေ့က လူ ၁၀၀ ခန့် ဖမ်းဆီးသွားသည်ဟု ပြောဆိုသည်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင်ထားသူများပင် အဖမ်း အဆီးခံရမှုရှိသည်ဟုလည်း ဆိုသည်။

“ကျနော် ကြားသိသလောက် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား ၅ယောက်နဲ့အထက်ကို လက်ခံ ထား တဲ့ အလုပ်ရုံ ကုမ္ပဏီကိုမိရင် ပိတ်ပစ်ပြီး သူဌေးကိုပါ အရေးယူမယ်လို့ ကြားတယ်၊ နောက်တခု ကတော့ U.Nလက်မှတ် ကိုင်ဆောင်သူတယောက်ကို အလုပ်ပေးထားတဲ့အလုပ်ရှင်ဆိုရင် အဲဒီသူဌေးကို ရင်းဂစ် ၄၀၀၀ ကနေ ၅၀၀၀ အထိ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ကိုမျိုးသူက ပြောပြသည်။

ကိုအောင်ကျော်ဆက်ကလည်း“အခု တလော မလေးအနှံ့မှာ ဖမ်းတာဆီးတာဟာ အတော်လေးကို စိပ်လာ တယ်၊ မနေ့က ပီနန်းက စက်ရုံတခုကိုဝင်ဖမ်းတာ မြန်မာ အယောက် ၄၀ ကျော်ပါသွားတယ်၊ ပြီးတော့ မြန်မာ တွေ အနေများတဲ့ ကွာလာလမ်ပူနားက ပူချောင်း (Puchong) မှာဆိုရင် လော်ရီကား ၃ စီးနဲ့ တင်သွားတယ်၊ နောက် ကလန်း (KLang) မှာ လော်ရီကား ၂ စီးစာ လောက်ပါသွားတယ်”ဟုဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် အသုံးပြုသောကားများမှာ စစ်သုံးလော်ရီကားများဖြစ်ပြီး တစီးလျှင် အနည်းဆုံး လူ(၈၀)ခန့် ဆန့်သည်ဟု သိရသည်။

ဇန်န၀ါရီ ၁၄ ရက်က The Star သတင်းစာတွင် “မလေးရှား လူဝင်မှုကြီးကြပ်ရေးက လာမည့် ဖေဖော်ဝါရီ လ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်းတော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ ရလာ (Rala) များက ပူးပေါင်း ကူညီ ကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈ သိန်းခန့်ရှိသည်”ဟု ဖော် ပြခဲ့သည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

(ဆက်ဖတ်ရန်.......)

Thursday 21 January 2010

၂၀၀၉ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆက်လက်ကျဆင်းခဲ့

21 January 2010

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သတ်မှတ် ကြေညာထားတဲ့ ၂၀၁၀ မတိုင်ခင် ၂၀၀၉ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေ ဆက်လက် ဆိုးဝါးနေခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ ၂၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၀ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဖွဲ့စည်းခွင့် အပါအ၀င် နိုင်ငံသားတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မြန်မာစစ်အစိုးရက စနစ်တကျနဲ့ ပြည်သူတွေ မရအောင် လုပ်ထားတယ်၊ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်တို့ဟာလည်း ဖမ်းဆီး ချုပ်နှောင်ခံနေကြရဆဲ ဖြစ်တယ်၊ သူတို့ကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးထားတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ဆက်လက် ချမှတ်လိုက်တာဟာ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အမှန်တကယ် ပါဝင်ခွင့် မပေးချင်လို့ ဖြစ်တယ်၊ ဒါ့အပြင် စစ်အစိုးရဟာ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Human Rights အဖွဲ့ကြီးဟာ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးတွေကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန် သုံးသပ်တဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။(ဗွီအိုအေ)

(ဆက်ဖတ်ရန်.......)

Wednesday 20 January 2010

ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်မည်

20/01/2010


ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်မည် ရွေးကောက်ပွဲက ဒီနှစ်ထဲ မသေချာ(ရင်းမြစ်: ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိတစ်ဦး)

နေအိမ်တွင်အကျယ်ချုပ်ဖြင့်အထိန်းသိမ်းခံထားရသည့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင် လွတ်မြောက်လာနိုင်မည် ဟု ရာနှုန်းပြည့် ဖြစ်နိုင်
ခြေရှိ သော် လည်း ၂၀၁၀ ခုနှစ် တွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုခြင်းမှာ သေချာပြီ ဟု
ကျိန်းသေ တစ်ထစ်ချမပြောနိုင်သေးကြောင်းနေပြည်တော်ရှိစစ်ဗိုလ်ချုပ်များတွင်
သုံးသပ်ပြောကြားနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြန်လည် လွတ်မြောက်လာမည် ရွေးကောက်ပွဲကတော့
လိုအပ်လျှင် ရွှေ့ဆိုင်းမည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ Freedom News Group မှ
အမေရိကန် နိုင်ငံထုတ် Foreign Affairs မဂ္ဂဇင်း လစဉ် ဖတ် သော စစ်တပ်အရာရှိ ဗိုလ်မှုးကြီး
တစ်ဦးထံသို့ မေးမြန်းကြည့်ရာ “သူက (ဗိုလ်ချုပ်မှုးကြီး သန်းရွှေ) အဓိက ဘာလဲဆိုတော့ သူ
ခေါင်းချတဲ့ အချိန် ထိ စစ်တပ်က နိုင်ငံကို အုပ်ချုပ်တာ ကို ပဲမြင်ချင်တဲ့ ပုံရှိတယ်၊Playing Game
နဲ့ ပြောရရင် ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးမယ်။

ပြီးရင်အခု မှ လွတ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘယ်လိုလုပ် ရွေးကောက်ပွဲ ၀င်လို
့ရအုံးမှာ လဲ ဆိုပြီး ရွေးကောက်ပွဲကို နောက်ဆုတ်မယ်။ ဒေါ်စု သေသေချာချာ အချိန် ယူပြီး
ပြင်ဆင် နိုင်အောင် ပေါ့ ။နိုင်ငံတကာ ကို ပြောမယ်။ ကဲ …ဘယ်သူက ဘာပြောလို့ ရအုံး
မလဲ “ သူ၏ ရွေးကောက်ပွဲ နှင့် ပတ်သက် ၍ သုံးသပ်ချက် အား Freedom News Group
သို့ ပြောသည်။

လတ်တလော တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရထံမှမည်
သည့် သတင်းထုတ်ပြန်ကြေညာ ချက်များ မပြုလုပ်သလို ရွေးကောက်ပွဲ အတွက်တရား ၀င်မဲ
ဆွယ်ခွင့် ရရှိသည့် ကြံဖွတ် နှင့် တစည ကဲ့သို့ အဖွဲ့ များက ပင် မည်သည့်အားတက် သရော
ပြုလုပ်ခြင်းမျိုးမှ တွေ့ ရှိရခြင်း မရှိ ဟု ရန်ကုန်မြို့ ရှိ တတိယ အင်အားစု ၀င် တစ်ဦးက ပြော
သည်။

စစ်အစိုးရ ၏ ရွေးကောက်ပွဲ ကို ထောက်ခံ သည့် တတိယ အင်အားစု ၀င် အချို့ မှာရွေးကောက်
ပွဲ ဥပဒေ ကို မထုတ်ပြန် သေး၍ မချင့်မရဲ ဖြစ်ကြသည် ဟု သတင်းရရှိသည်။ထိုကဲ့သို့ ရွေးကောက်
ပွဲအား ယခုနှစ်ထဲ တွင် ကျင်းပရန် စိတ်မပါ ခြင်းမှာ မကြာခင်ကဖြစ်ပွားခဲ့သည့် အီရန် ရွေးကောက်
ပွဲ ဂယက်ကြောင့် လပေါင်းများစွာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး
လှုပ်ရှား တက်ကြွသူ တစ်ဦးက သုံးသပ်သည်။

မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည်မဖော်လိုသော အရာရှိ တစ်ဦးကမူစစ်တပ်က
တစ်သက်လုံး အချိန်ဆွဲ တည့် နည်းဗျူဟာ (Delaying Tactics)တွေ နဲ့ ကစားလာတာ ဘာမှ
ယုံလို့ မရဘူး ဟု ပြောသည်။(ရင်းမြစ် Freedom News Group)

(ဆက်ဖတ်ရန်.......)

Tuesday 19 January 2010

ACR News Malaysia

ACR News Jan 17 2010


(ဆက်ဖတ်ရန်.......)

ACR News

ACR News,Jan2010


(ဆက်ဖတ်ရန်.......)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အင်္ဂလိပ်/မြန်မာ

2008 Spdc Constitution




(ဆက်ဖတ်ရန်.......)

Monday 18 January 2010

ထောက်ခံစာဖြင့်သာ CDMA ဖုန်းဝယ်ယူနိုင်

Monday, 18 January 2010 17:48 လွင်ကို


ရန်ကုန်မြို့တွင် CDMA 800 MHz အမျိုးအစား တယ်လီဖုန်း တသိန်း တိုးချဲ့မည်ဟု ဆိုသော်လည်း အစိုးရ အရာရှိကြီးများ၏ ထောက်ခံစာဖြင့် လျှောက်ထား သူများသာ တယ်လီဖုန်း ၀ယ်ယူခွင့် ရရှိ နေသည်ဟု ဖုန်းဝယ်ရောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဖုန်း အရောင်း အ၀ယ် ပြုလုပ်ရန် လာရောက် စနည်းနာ သူများမှာ အစိုးရ ဝန်ထမ်း အများစု ဖြစ်ကြောင်း ရန်ကုန် မြို့လယ်တွင် ဖုန်းဝယ်ရောင်း လုပ်ကိုင် နေသူတဦးက ဆိုသည်။

“အဲဒီလိုလူတွေ များနေတော့ တကယ် သုံးမယ့်သူတွေ အတွက် လုံလောက် ပါ့မလား လို့တောင် စဉ်းစားမိတယ်” ဟု သူက ရှင်းပြသည်။

တယ်လီဖုန်း လျှောက်ထားသူ မြောက်ဥက္ကလာပ မြို့နယ်မှ ဒေသခံ တဦးကလည်း “ဒီလိုမျိုး ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လက်မှတ် အားကိုးနေမယ် ဆိုရင် အမှန်တကယ် လိုအပ်လို့ လျှောက်ထားတဲ့ သူတွေက နစ်နာတယ်” ဟု ပြောသည်။

အရာရှိကြီးများနှင့် နီးစပ်သူများကိုသာ တယ်လီဖုန်း အသုံးပြုခွင့် ပေးနေခြင်းကြောင့် သာမန် အရပ်သားများ အခက်တွေ့ရသည်ဟု ရန်ကုန်မှ သတင်းအယ်ဒီတာတဦးက ပြောသည်။

“အပြင်ပေါက်ဈေးနဲ့ ၀ယ်သုံးရတော့မယ့် အလားအလာ ဖြစ်နေတယ်” ဟု သူက သုံးသပ်သည်။

ကမ်းရိုးတန်းဖုန်း ဟုလည်း ထင်ရှားသည့် CDMA 800 MHz အမျိုးအစား ဖုန်းတလုံး၏ တန်ဖိုးမှာ ကျပ် ငါးသိန်း ဖြစ်သည်။

မကြာသေးမီက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင် CDMA 800 MHz တပ်ဆင်ပေးမည်ဆိုသောကြောင့် ထို တယ်လီဖုန်းရလိုသူများက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ အလုအယက် လျှောက်ထားခဲ့ကြသည်။

ဒီဇင်ဘာလအတွင်းက မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရုံးများမှ တဆင့် လျှောက်ထားခွင့်ပြုခဲ့ရာ မြို့နယ် အကျယ်အဝန်းပေါ် မူတည်၍ ဖုန်းအလုံးရေ ၁၅၀ မှ ၁၆၀၀ ထိ ချထားပေးရန် လျာထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

“ရန်ကုန်တိုင်းမှာ ၄၅မြို့နယ် ရှိတယ်။ အကုန်လုံး မချပေးဘူး။ စုစုပေါင်း ၃၁ မြို့နယ်ပဲ ချထားပေး မှာပါ။ ဒဂုံဆိပ်ကမ်း၊ မှော်ဘီ၊ တိုက်ကြီးတို့လို နေရာတွေကို မချပေးပါဘူး” ဟု ၎င်းက ဆိုသည်။

CDMA 800 MHz အမျိုးအစား တယ်လီဖုန်းသည် ကြိုးမဲ့ဖုန်း ဖြစ်သည်။ သို့သော်လည်း လျှောက်ထားသူ၏ မြို့နယ် အတွင်းသာ အသုံးပြုနိုင်သည်။ သတ်မှတ်ထားသည့် ဧရိယာပြင်ပသို့ ရောက်သွားပါက ဆက်သွယ်မှု ပြတ်တောက်သွားမည် ဖြစ်သည်။

CDMA 800 Mhzကို ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ပြည်တွင်းခေါ်ဆိုရန် ကျပ်ငွေ ၁သောင်း နှင့် ၃သောင်းတန်ကတ်၊ ပြည်ပ ခေါ်ဆိုရန် FEC ၂၀ နှင့် ၅၀ ကတ်များအဖြစ် အမျိုးအစား လေးမျိုး ခွဲထားသည်ဟု သိရသည်။

၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ လူဦးရေ ၃၅ သန်း ရှိခဲ့စဉ်က တယ်လီဖုန်းလိုင်း ၇၄၈၅၅ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖုန်းလိုင်း ၂ သန်းခန့် တိုးချဲ့တပ်ဆင် နိုင်ခဲ့ကြောင်း၊ လူ ၂၅ ဦးတွင် ဖုန်းတလုံးနှုန်း အသုံးပြုနေကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

သရုပ်ပေါ်လွင်လွန်းသည့် ကြိုးတန်းဇာတ်ကား ယခုနှစ်အကယ်ဒမီ မရနိုင်ဟု ထင်ကြေးပေး

မျိုးချစ်သူ/ ၁၈ ဇန်န၀ါရီ ၂ဝ၁ဝ


ယခုနှစ် နေပြည်တော် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကြိုးတန်း ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ ရရှိမည်မဟုတ်ကြောင်း ရန်ကုန်အနုပညာလောက အသိုင်းအ၀ိုင်းတွင် ထင်ကြေးပေးနေကြသည်။

အကယ်ဒမီ ၂၀၀၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ (၆) ရက်တွင် နေပြည်တော် လေဟာပြင် ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင်ထုတ်ပြန်ကြေညာသည်။

“ဒီနှစ်မှာ ဇာတ်ကား (၁၂) ကား ရှိတယ်။ ဟာသ (၈) ကားပါတယ်။ ဟာသဇာတ်ကားကို ပုံဖော်ကြတဲ့ အနုပညာရှင်တွေလည်း အကယ်ဒမီကို မျှော်လင့်လို့ရတယ်။ ဒီနှစ်ကတော့ ထူးခြားမှု ရှိပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြိုးတန်း ရုပ်ရှင်ဇာတ်ကားကြီးသည် တံငါသည်တို့၏ ဘ၀ကို ပီပီပြင်ပြင် ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပြီး အောက်ခြေ လူတန်းစားများ၏ သရုပ်ကို ပေါ်လွင်ထင်ဟပ်စေသော ရုပ်ရှင်ဇာတ်ကားတကားဖြစ်ကြောင်း ယင်းဇာတ်ကားကို ကြည့်ရှုဖူးသည့် ရုပ်ရှင်ကြည့်ပရိသတ်တဦးက ပြောသည်။

သို့သော် အဆိုပါဇာတ်ကားကို ထုတ်လွှင့်ပြသခဲ့ပြီးသည့်နောက်ပိုင်း အစိုးရက ရုပ်ရှင်နှင့် ဗွီဒီယိုရိုက်ကူးရာတွင် ဆင်းရဲသော အခန်းများ ထည့်၍မရိုက်ရဟူသောအမိန့်ကို ထုတ်ပြန်ခဲ့သည်ဟု ရန်ကုန်မှ ၀ါရင့်ရုပ်ရှင်ဒါရိုက်တာတဦးက ပြောသည်။

“ကြိုးတန်းက သေချာပေါက် အကယ်ဒမီရမယ့် ဇာတ်ကားပဲ။ ဒါပေမယ့် သဘာဝကို ပုံဖော်တာ တိကျသေချာလွန်းနေတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ကလည်း တကယ့်ဝါရင့် သရုပ်ဆောင်တွေ ဖြစ်သလို တော်လည်းတော်ကြတယ်။ မြန်မာနိုင်ငံမှာတော့ ကြိုးတန်းက ပရိသတ် တကယ်နှစ်သက်ခဲ့တဲ့ ဇာတ်ကားတကားပဲ” ဟု အဆိုပါဒါရိုက်တာက ပြောသည်။

ကြိုးတန်း ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာ မီးပွားကိုမေးမြန်းရာ မီးပွားက အကယ်ဒမီနှင့်ပတ်သတ်သက်၍ မည်သည့် အကြောင်းမှ မပြောလိုကြောင်း ငြင်းဆိုသည်။

နေပြည်တော် လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပမည့် အကယ်ဒမီပွဲသို့ တက်ရောက်ရန် ရုပ်ရှင်၊ ဗွီဒီယို၊ စာပေနှင့်ဂီတ အနုပညာရှင်ပေါင်း (၅၀၀) ကျော်ကို ဖိတ်ကြားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုများကို ပေးရာတွင် တနှစ်တာအတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများမှ ဓာတ်ပုံဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ ဇာတ်ကားဆု၊ အသံပိုင်းဆိုင်ရာဆု စသည်တို့ကို ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးအပ်ခဲ့ရာ ပြီးခဲ့သည့်နှစ်က ကျင်းပသော ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီး ဇာတ်ပို့ဆုပေးခြင်း မရှိခဲ့ပေ။

၂၀၀၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် တနှစ်တာလုံး ရုံတင်ပြသခဲ့သော ဇာတ်ကားများမှာ ကြိုးတန်း၊ မြင့်မိုရ်ထက်က သရဖူ၊ ငယ်သူမို့ မသိပါ၊ အများနှင့် မသက်ဆိုင်သောသူ၊ အမည်မဖော်လိုသူ အချစ်နှင့် ဟာသဇာတ်ကားများဖြစ်သော ဟော့ရှော့၊ ရင်ခုန်နှင်းဆီ၊ အချစ်က လန်းတယ်၊ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး၊ အကယ်ဒမီရှော့ခ်၊ ဒီဝါကျွတ်အမီ ခယ်မအမြန် အစွံထုတ်ရန်ရှိသည်၊ ကဝေပျို၏ ပစ္စုပ္ပန်တို့ ဖြစ်ကြောင်း သိရသည်။(ခေတ်ပြိုင်)



(ဆက်ဖတ်ရန်.......)

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

န - န ဂိုကတည်းက မကောင်းဘူ။

အ - အမင်္ဂလာ ဖြစ်နေလို့။

ဖ - ဖခင်ကိုတောင် သတ်တဲ့သား။

လမ်း -လမ်းစဉ်က မှားနေတယ်ဆိုတော့။

ပြ - ပြရုပ်ကလည်း ဆိုးသလားမမေးနဲ့။

မြေ - မြေရိုင်းတောင် မြှုပ်ခွင့်မပေးဘူး (သေရင်)။

ပုံ - ပုံစံလည်း ခက်မိုက်က်၊ စရိုက်ကလည်း(ဒု)။

၇ - (၇) ချက်အတိုင်း ရိုင်းရိုင်းကြီး ဆက်သွားမယ်တဲ့။

ချက် - ချက်ချင်းဆိုသလို - ဟိုပြီးဒါလုပ်။

ရပ် - ရပ်ကြည့်သွားရင် အန္တရာယ်ကင်းမယ် ထင်တယ်။


ဥက္ကာမွန်




(ဆက်ဖတ်ရန်.......)

ဂုဏ်သိက္ခာ

လူချင်းအတူတူ သူ့လူမျိုးမှာတော့
စကားစာပေ ယဉ်ကျေးမှုတွေနဲ့
သမိုင်းအမွေထင်ရှား အားကျစရာပါ။

ဒို့များရဲ့ဘာသာစကား ဒို့များရဲ့စာပေ
ယဉ်ကျေးမှုတွေနဲ့ သမိုင်းအမွေမြုပ်ကွယ်နေတာ
ဖော်ဆောင်စရာအခွင့်အလမ်းမရှိ စိတ်နာစရာရင်ထဲမှာအပြည့်။

သူ့စကား သူ့စာပေ သူ့ယဉ်ကျေးမှုအမွေတွေကို
ဒို့တတွေလိုက်သုံးနေရ ဒို့ဘ၀အလွန်နစ်နာ
ဒို့ဟာအမြဲတမ်းနောက်ကျ ဒို့ဟာ ဒုတိယလူတန်းစား
ထာဝရနောက်လိုက်များအဖြစ်နဲ့ နောက်ဆုံးတော့နစ်မြုပ်သွားရမယ်။

ဒီဘ၀ဖြစ်စဉ်ဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ဆိုပြီး
ကံကြမ္မာကို အပြစ်တင်ရမှာလား လူသားအချင်းချင်း
ကျွန်ဇာတ်သွင်းပြီး နင်းချေထားတာများ
ထင်ထင်ရှားရှားသိ ဒါကိုတွေးမိတိုင်း ရင်နာ။

လူဆိုတာဂုဏ်နဲ့သိက္ခာ လူချင်းမှာတူပါလျှက်နှင့်
ငါတို့ကကျွန် သူတို့ကသခင် ဒီအမြင်ကိုခံယူနိုင်ဖို့
ငါတို့ရဲ့အသိဥာဏ် ငါတို့ရဲ့သတ္တိမာန်က
လက်မခံနိုင်သေးတာဟာ ငါတို့ကို လူရိုင်းပဲမြင်မြင်
အမြင်ကျဉ်းသမားပဲပြောပြော တောထဲဆက်နေ ဆက်တိုက်ဖို့ ဒို့ကိုလမ်းညွှန်နေတာ ဂုဏ်သိက္ခာဆိုတဲ့အရာပဲ။




(ဆက်ဖတ်ရန်.......)

မဟာလူမျိုးကြီးဝါဒ

ကိုယ့်လူမျိုး ကိုယ်ချစ်တာ
ဝံသာနုရက္ခိတ
မြင့်မြတ်လှတယ်ဆိုပြီး
ချီးမွမ်းခံရအောင်လို့
ကိုယ့်လူမျိုးအရေး ရှေ့ထား
တပါးလူမျိုးအပေါ် ချုပ်ချယ်
လူမျိုးငယ်ကို ဝါးမျို
ဒါကိုမှန်တယ်လို့ ထင်နေကြလေရဲ့။

ကိုယ့်ယဉ်ကျေးမှုကိုသာ မြှင့်တင်
ကိုယ့်စာပေကိုသာ သင်ခိုင်း
ကိုယ့်သမိုင်းကိုသာ ဖေါ်ထုတ်
ကိုယ့်လူမျိုးဖြစ်အောင် လုပ်နေတဲ့
ဒင်းတို့ရဲ့လုပ်ဟန်
မှန်တယ်များထင်နေကြ
ဒါ မဟာလူမျိုးကြီးဝါဒပဲ။

ဒီဝါဒဟာ နိုင်ငံရဲ့ရန်သူ
လူမျိုးစုံချစ်ကြည်ရေးကို ဖျက်ဆီး
ပြည်တွင်းစစ်မီးကို ဖန်တီးခဲ့
အေးချမ်းတဲ့တို့နိုင်ငံကို
အိတ်စ် (AIDS) ရောဂါလိုဒုက္ခပေးနေပြီး။

ဒီဝါဒမှာ နစ်မွန်း
အစွန်းရောက်လူတစ်ချို့ကြောင့်
ပြည်သူတွေ ဒုက္ခရောက်ရ
လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေရတာ
ဒင်းကြောင့်ပါပဲ။


ရဲဘော် - မင်းဟံ



(ဆက်ဖတ်ရန်.......)

စနစ်ဆိုးရဲ့မြေခွေးများ

စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ဘာသာစကား
ငါ လွတ်လွတ်လပ်လပ်...ပြောခွင့် မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့စာပေ
ငါ လွတ်လွတ်လပ်လပ်...သင်ကြားခွင့် မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ယဉ်ကျေးမှု
ငါ လွတ်လွတ်လပ်လပ်...ဖော်ထုတ်ခွင့် မရခဲ့။

စနစ်ဆိုးကြောင့်
အမေ့အိမ်ကို ငါ…စွန့်ခဲ့ရတယ်။

ဒီလိုနဲ့……….
စနစ်ဆိုးရဲ့ဖန်တီးမှုကြောင့်
စနစ်ဆိုးရဲ့သားကောင်တို့
ဆုံဆည်းရာ တစ်နေရာမှာတော့
ငါ့မိခင်ရဲ့…ဘာသာစကား
ငါ့မိခင်ရဲ့..စာပေ
ငါ့မိခင်ရဲ့…ယဉ်ကျေးမှု
နောက်ဆုံးမှာတော့
ငါ့ရဲ့ရိုးသားမှုကိုပါ
စနစ်ဆိုးရဲ့..မြေခွေးတသိုက်က
ဖျက်ဆီးနေကြပါလား။

သာထွန်းမွန်




(ဆက်ဖတ်ရန်.......)

မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး

16 January 2010
နေအိမ်မှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပညာရှင်အဖွဲ့ တဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာစစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမဲ့ ခရီးစဉ် ရည်ရွယ်ချက်မှာ ဒီလိုတွေ့ဆုံဖို့ အစီအစဉ်တွေ ပါဝင်ကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပြည်ထောင်စုက သုတေသီ ပညာရှင်အဖွဲ့တဖွဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ်က အာရှ သုတေသနဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jackson) ဦးဆောင်တဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေထံ တောင်းခံထားတာမို့ ဒီလို တွေ့ဆုံဖြစ်ဖွယ် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ပါတီ တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့တာလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က သူတို့ မစ်ရှင် (Mission) အကြောင်းမေးတော့ ကျနော်တို့ကတဲ့ အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ လေ့လာရေးတွေ ဆူဟာတို (Suharto) လက်ထက်က လုပ်ဖူးတယ်ပေါ့။ အာရှမှာ အခု ဗမာနိုင်ငံကို စိတ်ဝင်စားလို့တဲ့။ ဗမာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ NLD ရဲ့ လက်ရှိအခြေအနေ၊ နောင်အနာဂတ်အတွက် မျှော်မှန်းချက် ဘာညာပေါ့ဗျာ၊ အဲဒါကတော့ Facts Finding ပေါ့ဗျာ၊ သတင်းအချက်အလက် စုဆောင်းဖို့ လာတဲ့သဘော သူပြောပါတယ်။

“ဒီမစ်ရှင်အကြောင်း တခုပြောရင်တော့ သူတို့က မလာခင်ကတည်းက ကျနော်တို့ဆီကို ဆက်သွယ်တယ်ဗျ။ ဆက်သွယ်တဲ့ အဓိက အချက်ကတော့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဖို့၊ အဲဒီလိုပြောတယ်။ အဲတော့ ကျနော်က ပြန်ပြီး အကြောင်းပြန်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ မခံဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်မှာ သူ တွေ့ချင်တယ်လို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော် ဒါ အကြောင်းပြန်တာ။

“အစိုးရ ဖိတ်ကြားချက်တော့ မဟုတ်ဘူး။ သူတို့ ပြောပြတာက သူတို့က ၀ါရှင်တန်သံရုံးမှာ လာဖို့လျှောက်တယ်။ သူတို့ တခုပြောတာက ဒီဗီဇာ လျှောက်ကတည်းကိုက ဗမာပြည်ရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါဆိုတာ အဲဒီမှာကတည်းက သူတို့ တင်ပြထားတယ်လို့ အဲဒီလိုပြောတယ်။

“ကျနော်တို့နဲ့ ၁၁ ရက်နေ့ တွေ့ပြီးတော့ ၁၂ ရက်နေ့မှာ သူတို့ နေပြည်တော် သွားမယ်။ နေပြည်တော်မှာ သူတို့ကို ၀န်ကြီး ၃ ပါးနဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ အဲဒီလို ပြောသွားတယ်။ ၀န်ကြီးနာမည်တွေတော့ မပြောဘူး။”

မြန်မာနိုင်ငံမှာ လေ့လာအကဲခတ်တဲ့ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ပါမောက္ခ ဂျက်ဆင်ဟာ အရှေ့နဲ့ အရှေ့တောင်အာရှ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အာဆီယံ၊ အမေရိကန် ဂျပန် စီးပွားရေး ဆက်ဆံမှုရေးရာတွေမှာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ပါမောက္ခ ဂျက်ဆင် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က တရားဝင် ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖြစ်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောဆိုတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ကျနော်တို့ကြားတာက ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ ကားနဲ့လာတယ်၊ လုံခြုံရေးတွေ။ ပြီးတော့ သူတို့တည်းတယ်လို့၊ တည်းတဲ့နေရာလည်း ကျနော်တော့ မရောက်ဖူးပါဘူး၊ ကန်တော်ကြီးစောင်းက ဟိုတယ်မှာ ကျနော်က မနက် ၉ နာရီလောက်မှာ အဲဒီနားဖြတ်တော့ ကားသမားက ကျနော့်ကိုပြောတယ်၊ ဒီမှာ ဘာဖြစ်လို့လဲ မသိဘူးတဲ့၊ လုံခြုံရေးတွေ တင်းကျပ်နေတာပဲတဲ့။

“ကျနော်တွက်တာတော့ သူတို့ ဒီလိုအစီအစဉ်အတွက် လုံခြုံရေး ချတာပဲ။ သိသိသာသာလည်း ချတယ်ပေါ့ဗျာ။ နောက် ကျနော်ကြားရတဲ့ သတင်းကတော့ လုံခြုံရေးကားရယ်၊ Private ဧည့်သည်တွေစီးတဲ့ ကားမျိုးတွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားတာတော့ တွေ့တဲ့လူတွေကလည်း ပြောကြတယ်။ အခု ကျနော်ပြောတာ ကျနော်ကိုယ်တိုင် confirm မလုပ်နိုင်ပေမဲ့ ဒီသတင်း မှန်တယ်လို့ ကျနော်ယူဆတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံအပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ သူရည်ရွယ်ထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် ကြာမြင့်တဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

အခုနောက်ဆုံး ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုဟာ ဆိုရင်တော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။(ဗွီအိုအေ)


(ဆက်ဖတ်ရန်.......)

နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့

ခိုင်လင်း/ ၁၅ ဇန်န၀ါရီ ၂ဝ၁ဝ

မကြာသေးမီက နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိ အလယ်အလတ်အဆင့်ရှိ တပ်မှူးများကို နည်းဗျူဟာမှူး ရာထူးဖြင့် နယ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ပထမတန်း စစ်ဦးစီးမှူးများဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး အောင်ဇော်အေးအား ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူး သိုက်စိုးအား မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ၏ အမှတ် (၃) နည်းဗျူဟာ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး သန်းထွန်းဦးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွမ်းလုံ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး အောင်ဇော်ဦးအား ရခိုင်ပြည်နယ်၊ အမ်းအခြေစိုက် အမှတ် (၅)၊ စကခ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးရုံး စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းသိန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့နေရာချထားခဲ့သည်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

မိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် နေရာပြောင်းရွှေ့ခဲ့ပြီး အလားတူ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုပြောင်းရွှေ့မှုတွင် ယခင်ရှိနေပြီးသည့် ဗျူဟာမှူးများကို မည်သည့်နေရာတွင် အစားထိုးခန့်အပ်ခဲ့သည်ကို မသိရဘဲဖြစ်နေသကဲ့သို့ မကြာသေးမီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က ဆင်းသည့် ဒု-ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများထဲမှ အချို့ကို မူလတာဝန် ပြန်ပေးနေသည့်အတွက် တပ်မတော်အတွင်း ရာထူးတာဝန်ပေးမှုနှင့်ပတ်သက်၍ လုပ်ရိုးလုပ်စဉ် ပုံမှန်မျိုးမဟုတ်ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်၏ အမတ်နေရာများအတွက် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။(ခေတ်ပြိုင်)



(ဆက်ဖတ်ရန်.......)

ပထမဆုံး အမျိုးသမီး လေယာဉ်မှူးများ ကောင်းကင်ယံ ပျံတက်မည်

ခိုင်စု | သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၉ မိနစ်

မလေးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်မှူးသင်တန်း ပြီးဆုံး အောင်မြင်သွားပြီး ဖြစ်သော ပထမဆုံး မြန်မာအမျိုးသမီး လေသူရဲ ၂ ဦးသည် အဲပုဂံ လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် စတင်ပျံသန်းကာ တာဝန် ထမ်းဆောင်နေကြပြီ ဖြစ်သည်။

မြန်မာအမျိုးသမီး ၂ ဦးဖြစ်ကြသော မနှင်းဦးဝေနှင့် မမေချိုဝင်းတို့သည် မလေးရှားနိုင်ငံ လေယာဉ်မောင်း သင်တန်းကျောင်း Integrated Aviation Academy (IAA) တွင် ၂ နှစ်ကြာသင်တန်း တက်ရောက်ကာ ခရီးသည်တင် လေယာဉ်မောင်း လိုင်စင်ကို ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရရှိခဲ့သည်။

''မြန်မာ အမျိုးသမီးလေသူရဲ ၂ ဦးဟာ IAA မှာ သင်တန်းတွေ တက်ရောက်တာ ၂၀၀၉ ခုနှစ် သြဂုတ်လက ပြီးဆုံးသွားပြီး အဲပုဂံမှာ တာဝန် ထမ်းဆောင်ဖို့ မြန်မာနိုင်ငံကို ပြန်သွားကြပါပြီ'' ဟု IAA မှ ဈေးကွက်နှင့် ဆက်သွယ်ရေး အမှုဆောင်အရာရှိ Idi Najeem Bin Khairuddin က မဇ္ဈိမကို ပြောသည်။

နောက်ထပ် မြန်မာအမျိုးသမီး သင်တန်းသူတဦးမှာမူ ဤလေယာဉ်မောင်းသင်တန်း အကယ်ဒမီတွင် သင်တန်း တက်ရောက်နေဆဲ ဖြစ်ကာ နောက်ဆုံးအဆင့် သင်တန်းများ ပြီးဆုံးလျှင် ပျံသန်းရေး လိုင်စင်ကို ၂၀၁၀ ခုနှစ် မတ်လတွင် ရရှိလိမ့်မည်ဟု Khairuddin က ဆက်လက် ပြောဆိုသည်။

မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပုဂ္ဂလိကပိုင်အဖြစ် ပိုင်ဆိုင်သည့် အဲပုဂံ လေကြောင်းလိုင်းမှ အရာရှိတဦးက မဇ္ဈိမကို ပြောကြားရာတွင်မူ အဆိုပါ လေသူရဲ ၂ ဦးသည် သူတို့လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် တာဝန် ထမ်းဆောင်နေပြီ ဖြစ်ပြီး တွဲဖက် လေယာဉ်မှူးအဖြစ် ပျံသန်းချိန်နာရီ ပြည့်ပါက လေယာဉ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့် တာဝန် ပေးအပ်သွားမည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးများသည် ပထမတွင် လေယာဉ်မယ်များအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီစရိတ်ဖြင့် လေယာဉ်မောင်းသင်တန်း သွားတက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အဲပုဂံလေကြောင်းမှ လေယာဉ်မှူးတဦးက ပြောသည်။

''သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲတွေ ဖြစ်လာမှာပါ'' ဟု အဆိုပါ လေယာဉ်မှူးက ဆက်လက် ပြောဆိုသည်။

သူ့အပြောအရ လေယာဉ်မောင်းလိုင်စင် ရရှိရန် သင်တန်းကျောင်းတွင် အနည်းဆုံး ပျံသန်းချိန် နာရီ ၂၀၀ ပြည့်ရန် လိုသည်ဟု သိရသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားဖက်နှင့် လူရင်းလူယုံဖြစ်သူ ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံ လေကြောင်းလိုင်းသည် ယခုလ အစောပိုင်းတွင် ထိုင်းနိုင်ငံ ခရီးစဉ်ဖြစ်သော ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့သည်။

အဲပုဂံအပြင် နိုင်ငံတကာ ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းမှာ အစိုးရပိုင် မြန်မာ နိုင်ငံတကာ လေကြောင်းလိုင်း (MAI) တခုသာ ရှိသည်။(မဇ္ဈိမ)

(မုံပီး တည်းဖြတ်သည်။)

(ဆက်ဖတ်ရန်.......)

Thursday 14 January 2010

၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်


၂၁ ရာစုအတွင်း အချိန်အကြာဆုံး ဖြစ်လာမည့် ငါးနာရီကျော် ကြာမြင့်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာပြည် အလယ်ပိုင်းဒေသများ သောကြာနေ့တွင် တွေ့မြင်ရမည်ဟု မြန်မာနိုင်ငံ ဝေဒ သုတေသန အဖွဲ့ချုပ်က ပြောဆိုသည်။

မြန်မာပြည် အလယ်ပိုင်း မုံရွာ၊ ရွှေဘို၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်တို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ်တွင် နေကြတ်မှုဖြစ်စဉ်ကို ယခုလ ၁၅ ရက်နေ့တွင် တွေ့မြင်ကြမှာဖြစ်ပြီး ဝေဒအဖွဲ့ချုပ် အဆိုအရ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီကျော် ၄ နာရီမထိုးခင် ပြီးဆုံးသွားမည်ဟု သိရသည်။

“နေကြတ်၊ လကြတ်ပြီးရင် နိမိတ်တွေ စောင့်ကြည့်ရတယ်။ ငလျင်တွေ လှုပ်သလား၊ တော်လဲသလား၊ မိုးတွေ ရွာသလား။ အဲဒီနိမိတ်တွေကို ကြည့်ပြီးတော့မှ ဆုံးဖြတ်ရပါတယ်။ နေကြတ်ပြီးတော့ မိုးရွာချလို့ရှိရင် ဆိုးပြစ်တွေ အကုန်မျောပါသွားတယ်လို့ ဆိုပါတယ်။ နေကြတ်တဲ့အခါ ကြတ်တဲ့နေရဲ့ အရောင်အဆင်းကို ကြည့်ရပါတယ်။ ဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ်ဆိုတာ ပြောလို့မရပါဘူး။ တနှစ်ကို နေကြတ်လကြတ် ၂ ကြိမ် ဖြစ်ပါတယ်” ဟု ဝေဒ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

“ရွှေဘို၊ မုံရွာက အတည့်ဆုံး ဖြစ်နေတယ်။ အပြည့်မြင်ရမှာက မန္တလေးလည်း ပါတယ်။ ရန်ကုန်က အပြည့် မမြင်ရပါဘူး။ တစိတ်တပိုင်း ကြတ်တာပဲ မြင်ရမှာပါ။ စစ်တွေဘက်ပိုင်းက စဝင်လာပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘို၊ မုံရွာကနေ ရှမ်းပြည်ဘက်ကို တက်ပြီး တရုတ်ပြည်ဘက်ကို ရောက်သွားမှာ။ နေကြတ်တာ၊ ထွက်လာတာ၊ ဝင်သွားတာတို့ကို ကြည့်ပြီး ကောင်းကျိုး ဆိုးပြစ်တွေ ပါတယ်” နေကြတ်ခြင်းကို အထင်ရှားဆုံး တွေ့မြင်ရမည့်အချိန်မှာ ညနေ ၃ နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ်အတွင်း ဖြစ်မည်ဟု ခန့်မှန်းထားသည်။

''အခုဟာက ကျနော်တို့က ၁၀ နာရီကျော်လောက်မှာ ကြတ်မှာ၊ ညနေ ၃-၄ နာရီလောက်မှ ဆုံးမှာဆိုတော့ ကြတ်ရက်ကြီး ထွက်လာတာလည်း မမြင်ရပါဘူး၊ ဝင်သွားတာလည်း မမြင်ရပါဘူး။ အမဲကြီး ထွက်လာတာတို့၊ အမဲကြီး ဝင်သွားတာတို့ မြင်ရတဲ့ နိုင်ငံတွေမှာတော့ မကောင်းတတ်ဘူးလို့ ဆိုပါတယ်'' ဟု ဦးကျော်မြင့်က ပြောသည်။

နေကြတ်မှုဖြစ်စဉ်သည် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်၍ အိန္ဒိယ တောင်ပိုင်း၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ခ်ျ၊ မြန်မာနှင့် တရုတ်နိုင်ငံများ မြင်တွေ့ရမည် ဖြစ်သည်။(မဇ္စျိမ)
=================================

Solar eclipse 2010 in India: Watch 'Ring of Fire' on Jan 15

2010-01-10 19:30:00
Last Updated: 2010-01-11 18:02:11

Chasing an eclipsed sun through IndiaOn Jan 15, people living in the southern tip of the country at Dhanushkodi in Tamil Nadu will get to watch the 'Ring of Fire' when the moon will cover the sun's disc during the millennium's longest annular solar eclipse.

However, sky gazers in Delhi will also have something to cheer about as they will get to see more than half of the eclipse.

Annular solar eclipse occurs when the sun and the moon are exactly in line, but the apparent size of the moon's shadow is smaller than that of the visible disc of the sun. The covered sun, therefore, appears as a 'Ring of Fire', with its rays appearing spread out from the outline of the moon.

Last time India saw this 'Ring of Fire' was Nov 22, 1965, and it will not be witnessed again before June 21, 2020.

The maximum duration of the eclipse would be 11 minutes 08 seconds over the Indian Ocean, thus making it the longest annular eclipse of the millennium.

People in southern parts of the country, especially in Dhanushkodi near Rameshwaram, will be lucky to see the heavenly sight of 'Ring of Fire'. The eclipse will be best viewed at Dhanushkodi for a duration of 10 minutes and 13 seconds,' said N. Rathnasree, director of Nehru Planetarium in New Delhi.

In India, the eclipse will start around 11 a.m. and end around 3:15 p.m. The eclipse will first be seen in south of Kanyakumari in Tamil Nadu and then move obliquely to Rameshwaram and Dhanushkodi. It will then move to Kerala and end in Mizoram in the northeast.

Delhi will see the partial phase of this solar eclipse. It will start at 11.53 a.m. and end at 15.11 p.m. The maximum eclipse of 53 percent will be at 13.39 p.m.

Nehru Planetarium and the Amateur Astronomers Association in Delhi are organising a public watch Jan 15.

'Arrangements will be made by the Amateur Astronomers Association and Nehru Planetarium for people to watch the celestial activity. We will put out telescopes for the event,' said Rathnasree.

Rathnasree said people should not watch the eclipse with naked eyes, and advised them to take precautionary measures while watching the celestial activity.

The eclipse will be the longest of the millennium - that is between 2001 and 3000. People in most parts of India will witness the partial phases of the eclipse.

The annular eclipse of the Sun will be visible from within a 300 km wide track that will traverse half of the Earth.

The path of the moon's shadow begins in Africa at 10.44 a.m. and passes through Chad, Central African Republic, the Democratic Republic of the Congo, Uganda, Kenya, and Somalia. After leaving Africa, the path crosses the Indian Ocean.
The central path then continues into Asia through the extreme southern part of India, Bangladesh, Myanmar, and China. A partial eclipse will be seen within the much broader path, including entire India, or Bangladesh.

http://sify.com/news/Solar-eclipse-2010-Watch-Ring-of-Fire-on-Jan-15-news-National-kbkt4bigaji.html





(ဆက်ဖတ်ရန်.......)

Tuesday 12 January 2010

ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်

မုံပီး | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က အဆုံးသတ် လိုက်ပါသည်။

`နှစ်ဘက် ရှေ့နေတွေက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံး လျှောက်လဲချက် ပေးရပါမယ်။ ဒါပြီးရင် ရုံးက စီရင်ချက်ချပါမယ်´ ဟု ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံသား ခံယူထားသူ အမေရိကန် လူမျိုးသည် စာရွက်စာတန်း အတုပြုလုပ်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရသည်။

`တရားရုံးက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကိုတော့ ကျနော်ကြိုတင် မှန်းဆ မပြောလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ စွပ်စွဲခံရသူဟာ အပြစ်မရှိဘူး ဆိုတာကိုတော့ သူ့အမှုမှာ ကာကွယ် လုပ်ဆောင်ခဲ့ပါတယ်´ ဟု ဦးကြည်ဝင်းက ပြောသည်။

စွဲဆိုခံရသူ၏ နိုင်ငံတကာရှေ့နေဖြစ်သူ Beth Swanke ကမူ စွဲချက်များမှာ `အတုအယောင်´ များသာဖြစ်ပြီး သူသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူ ထင်ရှားသည့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတဦး ဖြစ်ခြင်းကြောင့် အမှုဆင် စွဲဆိုနေခြင်းသာဖြစ်သည်ဟု ဆိုလိုက်ပါသည်။

နိုင်ငံလုံးအနှံ့ ဆူပူအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်က သူသည် ကျောင်းသား တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး အရေးအခင်း အပြီးတွင် စစ်တပ်က ဆန္ဒပြသူများကို နှိမ်နင်း အရေးယူ လာခဲ့သည့်အတွက် အခြား ကျောင်းသားများနှင့် အတူ မြန်မာနိုင်ငံမှ ထွက်ပြေး၍ ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့ရသည်။ နောက်ပိုင်းတွင်သူသည် အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ ထိုနိုင်ငံတွင် နိုင်ငံသား ခံယူခဲ့သည်။

၂၀၀၉ ခုနှစ်မေလ အတွင်း နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို တရားမဝင် ဝင်ရောက်ခဲ့၍ဟုဆိုကာ ဂျွန်ဝီလီယံ ယက်တော ဆိုသူကို တရားစွဲဆို ရုံးတင် စစ်ဆေးပြီးကတည်းက ယခု ကိုညီညီအောင် အမှုသည် ၂၀၀၉ ခုနှစ် နောက်ပိုင်း ဒုတိယမြောက် အမေရိကန် နိုင်ငံသား တဦး ထိုသို့ ရုံးတင် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

ဂျွန်ယက်တောကို ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်ဝက်ဘ်နှင့် အတူ အမေရိကန်နိုင်ငံသို့ ပြန်ထည့်ပေးလိုက်သည်။

ရန်ကုန်ရှိ အမေရိကန် သံရုံးက မဇ္ဈိမသို့ အီးမေလ်းဖြင့် ဆက်သွယ် ပြောကြားရာတွင်မူ ယခုအမှုကို သူတို့ အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်းနှင့် `မစ္စတာလွင် ဖမ်းဆီးခံရကတဲက ကောင်စစ် တွေ့ဆုံခွင့်ရရှိရန် အပြင်းအထန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအမှုကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ကိုင်တွယ် ဆောင်ရွက်ရန်လည်း မြန်မာအစိုးရကို အမေရိကန် အစိုးရက တောက်လျှောက် ဖိအားပေး ပြောကြားခဲ့သည်ဟု ပြောသည်။

ဒီဇင်ဘာလ အတွင်းကလည်း ကွန်ဂရက် လွှတ်တော်အမတ် ၅၀ ကျော်က ယက်တောကဲ့သို့ပင် ယခု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ ကိုညီညီအောင်ကိုလည်း အမေရိကန် နိုင်ငံသို့ ပြန်လာခွင့်ပေးရန် မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားသည်။

`အမှုကနေ အပြုသဘော ရလဒ်တွေ ထွက်ပေါ်လာရေးအတွက် သံတမန် လမ်းကြောင်းတွေကနေ အမေရိကန် နိုင်ငံက ဆက်လက် လုပ်ဆောင်နေပါတယ်´ ဟု သံရုံးလက်ထောက် ပြည်သူ့ရေးရာ အရာရှိ Drake Weisert က အင်္ဂါနေ့တွင်မဇ္ဈိမကို ပြောသည်။

`ရန်ကုန် သံရုံးကောင်စစ် အရာရှိတဦးက မစ္စတာလွင်ကို အင်းစိန်ထောင်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က တနာရီကြာ တွေ့ဆုံခဲ့ပါတယ်။ ပုံမှန် ကောင်စစ် တွေ့ဆုံခွင့်ရအောင် ကျနော်တို့ ဆက်လက်ဖိအားပေး ဆောင်ရွက်နေပါတယ်´ ဟု Weisert က ပြောသည်။(မဇ္ဈိမ)

Detained American’s hearing nears conclusion
Tuesday, 12 January 2010 20:10 Mungpi

New Delhi (Mizzima) - With the testimony of a defense witness on Tuesday, Rangoon’s Southern District court concluded witness hearings in the trial against Burmese-born American Kyaw Zaw Lwin, (alias) Nyi Nyi Aung.

“Both lawyers will present final arguments on January 22nd, and following that the court will hand down the verdict,” Kyi Win, one of the US citizen’s lawyers, told Mizzima.

The naturalized American has been standing trial on charges of fraud, forgery and illegal entry into the country.

“I don’t want to speculate on what the court will decide but our position is that the accused is innocent,” Kyi Win said.

The international lawyer of Nyi Nyi Aung, Beth Swanke, expanded on the legal position of the defense, claiming the
Nyi Nyi Aung
charges are a ‘sham’ and an attempt to frame and imprison the accused, as he is a known pro-democracy activist advocating for democracy and human rights in Burma.

Nyi Nyi Aung, a student activist at the time of the nationwide protests in 1988, was forced to flee Burma to Thailand along with fellow students as the military began cracking down on protestors. He later moved to the United States, where he became a naturalized citizen.

Nyi Nyi Aung is the second American to stand trial in Burma in 2009, following fellow citizen John William Yettaw who was charged and tried for illegally entering the house of detained Nobel Peace Laureate Aung San Suu Kyi in May 2009.

Yettaw, who was sentenced to seven years imprisonment, was eventually sent back along with visiting US senator Jim Web.

In December, over 50 US congressmen urged the Burmese government to grant Nyi Nyi Aung the same treatment as Yettaw and allow him to return to the US.

The US Embassy in Rangoon, in an email message, told Mizzima that it is closely monitoring the case and “have pursued consular access vigorously from the time of Mr. Lwin's arrest. The United States continues to press the Burmese government to handle his case in accordance with international standards of due process.”

“The United States continues to work through diplomatic channels to achieve an overall positive outcome to the case,” Drake Weisert, Assistant Public Affairs Officer at the Embassy, subsequently told Mizzima on Tuesday.

“An Embassy consular officer met with Mr. Lwin at Insein Prison on December 28th for one hour. We continue to press for regular consular access,” elaborated Weisert.


(ဆက်ဖတ်ရန်.......)

အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် စနစ်သုံးရန် စစ်အစိုးရစီစဉ်

စိုးမိုး / ၁၂ ဇန်န၀ါရီ ၂၀၁၀

နအဖစစ်အစိုးရ၏ ရုရှနှင့် မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးအတွက် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အသုံးပြုရန် အပူတပြင်း စီစဉ်နေသည်။

ယခုလ (၉) ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်တွင် စစ်အစိုးရ ဆက်သွယ်ရေး ဒု-၀န်ကြီးကို ကွန်ပျူတာ ပညာရှင်များက အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အကောင်အထည်ဖော်ရေး၊ နည်းဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

“ပေးပို့သူဟာ သူဖြစ်ကြောင်း သေချာဖို့၊ ရတဲ့စာကို ဖိုင်လက်ခံရမည့် သူသာလျှင် ဖွင့်နိုင်ဖို့၊ ကြားကဖောက်ဖတ်ခြင်း ကူးယူခြင်းရှိပါက ပျက်စီးသွားစေဖို့ အသုံးပြုတဲ့ စနစ်တခု လာအိုလို၊ အီရန်လို နိုင်ငံတွေမှာတောင် သုံးနေတယ်။ ကမ္ဘာမှာ အဲဒီစနစ်မသုံးတာ မြန်မာတနိုင်ငံတည်းရှိတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင် ကွန်ပျူတာပညာရှင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

အွန်လိုင်းလုံခြုံရေး သက်သေခံလက်မှတ်မှာ e Commerce နှင့် e Government စနစ်ရှိသည့် နိုင်ငံတိုင်းတွင် မဖြစ်မနေ အသုံးပြုကြရပြီး သတင်းအချက်အလက် လုံခြုံမှုအတွက် သုံးရခြင်းဖြစ်ကြောင်း သိရသည်။

အခြားနိုင်ငံများတွင် ယင်းစနစ်အသုံးပြုရန်အတွက် စက်ဝယ်ယူရန်သာ လိုအပ်ပြီး အစိုးရသို့ သုံးစွဲခွင့်လိုင်စင် လျှောက်ထားရယူမှုသာ လိုအပ်သော်လည်း မြန်မာနိုင်ငံတွင် စစ်အစိုးရက ယင်းစက်ကို ပုဂ္ဂလိကသို့ အသုံးပြုခွင့် ပေးမထားသေးကြောင်း၊ အသုံးပြုရန်လည်း နည်းဥပဒေမရှိသေးကြောင်း သိရသည်။

ယင်း အွန်လိုင်းလုံခြုံမှုစနစ်ကို အစ္စရေးမှ လာရောက်ပြသ မိတ်ဆက်ခဲ့ဖူးသော်လည်း မြန်မာစစ်အစိုးရက စိတ်ဝင်စားမှု မရှိခဲ့ကြောင်း၊ ယခုအချိန်မှ အွန်လိုင်း လုံခြုံရေးစနစ်ကို အပူတပြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အသိုင်းအ၀ိုင်းက ပြောကြားသည်။

“ဒီစနစ်ကို တနိုင်ငံလုံး သုံးမယ်ဆိုရင်တော့ သတင်းအချက်အလက် လုံခြုံမှုရှိတာပေါ့။ အီးမေးလ်တွေ ဖောက်ဖတ်လို့ မရဘူး။ စကားပြောတာတွေ ခိုးနားထောင်လို့ မရဘူး။ သိပ်ခက်ခဲတာလည်း မဟုတ်ဘူးလေ။ စက်ဝယ်မယ်၊ ပြီးတော့ တပ်လိုက်မယ်၊ ဒါပဲလိုတယ်” ဟု အဆိုပါ ကွန်ပျူတာပညာရှင်က ပြောကြားသည်။

ယင်းနေ့ ဆွေးနွေးပွဲတွင် စစ်အစိုးရရုံးများနှင့် အဖွဲ့အစည်းများတွင် အဆိုပါစနစ် အသုံးပြုရေး ဆွေးနွေးခဲ့ပြီး လူထုအတွက် ပေးမပေးကိုမူ ဆွေးနွေးမှုမရှိခဲ့ကြောင်း သိရသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ၂၀၀၆ ခုနှစ် ရုရှခရီးစဉ်နှင့် ၂၀၀၈ ခု နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုတ်နိုင်ငံမှ တဆင့် သွားရောက်ခဲ့သော မြောက်ကိုရီးယားခရီးစဉ် မှတ်တမ်းများ ပေါက်ကြားပြီးနောက်ပိုင်း စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးစနစ်ကို စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင်အသိုင်းအ၀ိုင်းက ကောက်ချက်ချ ပြောဆိုနေကြသည်။(ခေတ်ပြိုင်)




(ဆက်ဖတ်ရန်.......)

Saturday 9 January 2010

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ

Thursday, 07 January 2010 19:42 ရန်ပိုင်
စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်

အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ရန်ကုန်က ခွဲစိတ်ကုသလူနာ သေဆုံးမှုဖြစ်ပြန်ပြီ

Friday, 08 January 2010 19:05 ရန်ပိုင်
ရန်ကုန်မြို့အောင်ရတနာ အထူးကုဆေးခန်းတွင် ပြီးခဲ့သည့် အင်္ဂါနေ့က လွဲမှားသော ဆုံးဖြတ်ချက်ကြောင့် ခွဲစိတ်ကုသမှုခံ လူနာ တဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် သူရ ၄ လမ်းနေ ဒေါ်ကြည်လေး အသက် ၅၉ နှစ်သည် ချော်လဲရာမှ တင်ပါးဆုံရိုးကျိုးသွား သည့်အတွက် အောင်ရတနာဆေးခန်းသို့ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဇန်န၀ါရီလ ၅ရက်နေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် ခွဲစိတ် ခဲ့ရာ မိနစ်ပိုင်းအကြာတွင် လူနာသေဆုံးသွားပြီဟု ဆေးရုံမှ တာဝန်ရှိသူ ဆေးရုံအုပ်ကြီးကလာရောက် အကြောင်းကြားကြောင်း သေဆုံးသူ၏ သမီးဖြစ်သူ မအေးအေးသော်က ဧရာဝတီသို့ ပြောသည်။

“ခွဲခန်းရှေ့မှာ ကျမထိုင်စောင့်နေတုန်း သူတို့ပျာပျာသလဲနဲ့ ဓာတ်မီးတောင်းတယ်၊ ဆေးပုလင်းတွေထပ်တောင်းတယ်၊ အဲ့သည် က တည်းက ဒီတင်ပါးဆုံရိုးခွဲတဲ့ အသေးအမွှားပြဿနာလေးကို ဘာကြောင့် ပျာနေသလဲလို့တော့တွေးမိတယ်”ဟု ၎င်းကဆိုသည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး သွေးကြောအတွင်း သွေးခဲ၍ အဆုတ်တွင် သွားရောက် ပိတ်ဆို့မှုကြောင့်ဖြစ်သည်ဟု အောင်ရတနာ ဆေးခန်းမှ ကျန်ရစ် သူမိသားစုအား ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါဆေးခန်းမှ တာဝန်ရှိသူများသည် လူနာနှင့်တကွ လူနာရှင်အား မခွဲစိတ်မီလက်ရှိအခြေအနေအား ရှင်းလင်းပြောကြား ခြင်းမရှိကြောင်းလည်း မအေးအေးသော်ကပြောသည်။

လူနာမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က ချော်လဲပြီး လက်နှင့် တင်ပါးဆုံရိုးပါကျိုးသွားသည့် အတွက် အဆိုပါ ဆေးခန်းတွင် ပထမအကြိမ် ကုသမှုခံယူခဲ့ရကြောင်း၊ သို့သော် သက်သာမလာသည့်အတွက် ပြီးခဲ့သည့် တနလာင်္နေ့ကမှ ထပ်မံ တက်ရောက် ကုသခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မအေးအေး သော်က ဆက်လက်ပြီး ခွဲစိတ်ကုသမှု မပြုလုပ်မီ လူနာ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ နှလုံး စမ်းသပ်သည့် စက်မရှိ၍ အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ကြီး ဦးတင်သန်းဖြင့် စစ်ဆေးစေခဲ့ရာ မည်သည့် ရောဂါမျှ မရှိဟု ဆေးမှတ်တမ်းထွက်ခဲ့ကြောင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချို စသည့် ရောဂါများလည်း မရှိသည့်အတွက် အောင်ရတနာ အထူးကုဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ သီဝတင်၏ ခွင့်ပြုချက်ဖြင့် ခွဲစိတ်စေခဲ့ကြောင်း ဆိုသည်။

လူနာအား ထုံဆေးပေး၍ ခွဲစိတ်ကုသရာတွင် အရေပြားအလွှာနှင့် ကြွက်သားတလွှာကိုသာ ခွဲစိတ်ရသေးသည်ဟု ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက သေဆုံးသူ၏သမီးဖြစ်သူ မအေးအေးသော်အား ပြောကြား သွားကြောင်းသိရသည်။

ခွဲစိတ်ဆရာဝန်မှာ အရိုးအကြောအထူးကုဆရာဝန်ကြီး ဖြစ်ပြီး မေ့ဆေးဆရာဝန်မှာ ဒေါက်တာဒေါ်မိမိအောင် ဖြစ်သည်ဟု သေဆုံး သူ မိသားစုဝင်များကပြောသည်။

သေဆုံးသူ၏ တူဖြစ်သူ ကိုကြည်ဝင်းကလည်း“ဆေးရုံက မန်နေဂျာရော၊ ဆေးရုံအုပ်ကြီးပါ လာတောင်းပန်တယ်၊ အားလုံး လိုလေ သေးမရှိအောင်ကူညီတယ်”ဟုပြောသည်။

သေဆုံးသူနှင့်ပတ်သက်၍ ဆေးရုံမှ ဆေးကုသစရိတ်နှင့် သဂြိုလ် စရိတ်၊ ပန်းခွေ၊ ရေသန့်ဘူး အစရှိသဖြင့် ကူညီပေးကြောင်း၊ယခုကုသမှု အောင်မြင်ခဲ့လျှင် ကုန်ကျစရိတ်မှာ ကျပ် ၁၂သိန်းခန့်ရှိကြောင်း ကိုကြည်ဝင်း ကပြောသည်။

ကျန်ရစ်သူမိသားစုအနေဖြင့် ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရခြင်းမှာ သက်ဆိုင်ရာဆေးခန်းထံမှ ငွေကြေးတစုံတရာ ရယူလိုခြင်း၊ တရားစွဲဆိုလိုခြင်းကြောင့် မဟုတ်ကြောင်း၊ ဈေးနှုန်းကြီးမြင့်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ပေါ့ပေါ့ ဆဆကုသနေမှု၊ သာမန် ပြည်သူများအနေဖြင့် ကျန်းမားရေးကုသမှု အခက်အခဲများကို သက်ဆိုင်ရာနှင့် အများပြည်သူများ သိစေရန်ဖြစ်ကြောင်း မအေးအေးသော်က ပြောသည်။

အဆိုပါဆေးရုံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးရုံမန်နေဂျာ ကိုဝင်းစိုးဦးက သေဆုံးမှုမှာမှန်ကန်ကြောင်း ပြောကြား ခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

မကြာသေးမီကလည်း ရွှေဂုံတိုင် အထူးကု ဆေးခန်း( SSC )တွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး ဆရာဝန်၏ ကုသမှု မှားယွင်းခဲ့သဖြင့် သေဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် ဈေးကွက်စီးပွားရေးစနစ်အတွင်းသို့ ၀င်ရောက်လာသော်လည်း ကျွမ်း ကျင်မှုနှင့် အတတ်ပညာပိုင်း၊ ရုပ်ဝတ္တုပစ္စည်းပိုင်းတွင် တခြားသော အိမ်နီချင်းနိုင်ငံများကဲ့သို့ အားမကောင်းကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း(မန္တလေး)မှ ဒု ဥက္ကဌ (၂) ဒေါက်တာဝင်းရှိန် က သုံးသပ်ဝေဖန်သည်။

“နည်းပညာရော ကျင့်ဝတ်တွေကင်းမဲ့နေတာကိုလည်း ထည့်တွက်ရမယ်”ဟု ၎င်းက ဆိုသည်။

လူနာများအား ကုသမှုပေးရာတွင် ထိရောက်မှုအရှိဆုံးနှင့် အကောင်းဆုံးနည်းလမ်းများကို အသုံးပြုကုသပေးရမည်ဖြစ်ကြောင်း၊ ဆေးကုသမှု မပြုလုပ်မီ လူနာနှင့်တကွ လူနာရှင်များအား ရောဂါအခြေအနေကို ကောင်းကျိုး ဆိုးကျိုးများကို သေချာစွာ ရှင်းလင်း သိရှိစေရန် အသိပေးရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ရန်ကုန်အနောက်ပိုင်း ပြည်သူဆေးရုံကြီးတွင် ပြုလုပ် သည့် အစည်းအဝေး၌ ကျန်းမာရေးဝန် ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာပိုင်စိုးက ဆရာဝန်ကြီးများကို ပြောကြားခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သေးသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု ၂၀၁၀ ရွေးကောက်ပွဲ သတင်းရယူခွင့်ကို ခြိမ်းခြောက်

စိုးမိုး/ ၇ ဇန်န၀ါရီ ၂၀၁၀

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် (၂၇) နှစ် ချမှတ်လိုက်ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း သတင်းရယူခွင့်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပြောကြားလိုက်သည်။

စစ်အစိုးရက နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် မလှလှဝင်းကို တရားမ၀င် ဆိုင်ကယ်စီးနင်းမှုဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ထားခြင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပခုက္ကူ ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် (၂၀) ထပ်တိုး ချမှတ်လိုက်ခြင်းဖြစ်သည်။

မလှလှဝင်းသည် အသက် (၂၅) နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းတွင် ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်းတိုက် တခုမှ သတင်းယူပြီးအပြန် လမ်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခံရစဉ်က ၎င်းအား တရားမ၀င်ဆိုင်ကယ်စီးနင်းမှုဖြင့် ပခုက္ကူမြို့နယ်တရားရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်။

“သတင်းထောက် တယောက်ကို ဒီနှစ်ထဲမှာပဲ၊ ဒီလို အချိန်အခါမျိုးမှာပဲ၊ သူတို့ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတဲ့ အချိန်အခါမှာပဲ ဒီလောက်ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြလိုက်တာဟာ လာမယ့်တနှစ်လုံး ဒီရွေးကောက်ပွဲ ကာလတလျှောက်လုံးမှာ ဒီလွတ်လပ်စွာ သတင်းရယူခွင့်တို့၊ လွတ်လပ်စွာ သတင်းရေးသားခွင့်တို့၊ သတင်းဖော်ပြခွင့်တို့ လုံးဝကို ပိတ်ဆို့သွားပြီ၊ ပိတ်နှောင်သွားပြီ ဆိုတာကို ပြတာပဲ” ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။

သတင်းထောက် မလှလှဝင်းကို ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှု၊ သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းမှု၊ ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် စစ်အစိုးရ သဘောထားထင်ဟပ်မှုတို့ကို ဖော်ပြနေခြင်းဖြစ်သည်ဟုလည်း သတင်းမီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

“လူတယောက်အနေနဲ့ ကြည့်တဲ့အခါ ဒီ အသက်အရွယ်အပိုင်းအခြားနဲ့ လုပ်တဲ့အမှုက ဒီ နှစ် (၂၀) တို့ ဘာတို့ဆိုတာ လူသတ်မှု ပြစ်ဒဏ်ပေါ့ဗျာ။ ဒါကတော့ လူတယောက်အနေနဲ့ တရားလွန်တယ်” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က ဆိုသည်။

ပြည်တွင်းသတင်းစာလောက အသိုင်းအ၀ိုင်းကမူ ယခုကဲ့သို့ သတင်းထောက်တယောက်အပေါ် ပြစ်ဒဏ်ကြီးကြီး ချမှတ်လိုက်ခြင်းသည် လာမည့် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ သတင်းရယူ ဖော်ပြရေးသား ပြောဆိုပါက အနည်းဆုံး ထောင်ဒဏ် နှစ် (၂၀) ဟု ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။(ခေတ်ပြိုင်)




(ဆက်ဖတ်ရန်.......)

Monday 4 January 2010

အိန္ဒိယနိုင်ငံ မြန်မာချင်းဒုက္ခသည်များ အခက်တွေ့ကြုံနေရ




(ဆက်ဖတ်ရန်.......)

ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ အပိုင်း(၃)

ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
ကိုရီးယားကို လာပြီး အလုပ်လုပ်မယ်သူတွေနဲ့ ကိုရီးယားကို စိတ်ဝင်စားသူတွေ အတွက် လက်လှမ်းမီသလောက် ကိုရီးယားရောက် မြန်မာတွေ အကြောင်း နည်းနည်း ပြောပြချင်တာနဲ့ ဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် နိုဝင်ဘာလ လကုန်စာရင်းအရ ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေသူ နိုင်ငံခြားသားပေါင်း (၁၁၅၁̹၉၆၃)ဦး ရှိပါတယ်။ အဲဒီအနက်မှာ မြန်မာနိုင်ငံသားကတော့ စုစုပေါင်း (၄၄၃၇)ဦးရှိပြီး ၊ အမျိုသား( ၄၁၀၄)ဦး ၊ အမျိုးသမီး (၃၃၃)ဦး အကြောင်း အမျိုးမျိုးနဲ့ နေထိုင်နေကြပါတယ်။ တရားဝင် နေထိုင်ခွင့်ဗီဇာနဲ့ နေထိုင်သူက အမျိုးသား(၂၈၀၀)ဦး ၊ အမျိုးသမီး(၂၆၇)ဦး ရှိပြီး စုစုပေါင်း (၃၀၆၇)ဦးပါ။ ရက်လွန်နေထိုင်သူ(Over Stay)နဲ့ကတော့ အမျိုးသား(၁၃၀၄)ဦး ၊ အမျိုးသမီး(၆၆)ဦးနဲ့ စုစုပေါင်း (၁၃၇၀)ဦး ရှိပါတယ်။

ကိုရီးယား တက္ကသိုလ် အသီးသီးမှာ ဒီပလိုမာဘွဲ ၊ မာစတာဘွဲ့ ၊ ပါရဂူဘွဲ့တွေ အတွက် အမျိုးသား (၅၉)ဦး ၊ အမျိုးသမီး (၇၈)ဦး စုစုပေါင်း (၁၃၇)ဦး ပညာသင်ကြား နေကြပါတယ်။ ကိုရီးယားဘာသာ သင်ကြားနေသူ အမျိုးသား(၂၇)ဦး ၊ အမျိုးသမီး (၂၉)ဦး နဲ့ စုစုပေါင်း (၅၆)ဦး ရှိပါတယ်။ ကိုရီးယားတက္ကသိုလ် မှာ သင်ကြားပို့ချပေးနေတဲ့ မြန်မာနိုင်ငံသား ပါမောက္ခကတော့ ရှားရှားပါးပါး (၁)ဦးရှိပါတယ်။ ဘာသာရေးနဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်နေသူ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၇)ဦးရှိပါတယ်။ ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူတွေလည်း မနည်းပါဘူး။ ကိုရီးယား တရားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် ဇွန်လကုန် စာရင်းအရဆိုရင် ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုနေထိုင်တဲ့ မိသားစုဝင်ပေါင်း အမျိုးသား(၂၅)ဦး ၊ အမျိုးသမီး (၅၈)ဦး၊ စုစုပေါင်း (၈၃)ဦးရှိပါတယ်။ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် လျှောက်ထားသူတွေလည်း ရှိပါတယ်။ ကိုရီးယား တရားရေးဝန်ကြီးဋ္ဌာနက ၂၀၀၉ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ထားတဲ့ စာရင်းအရ နိုင်ငံရေးဒုက္ခသည်လျှောက်ထားသူ (၂၂၆)ဦးရှိပါတယ်။ ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ နီပေါနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေပြီးရင် တတိယနေရာမှာ ရှိပါတယ်။(၆၆)ဦးကိုတော့ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်မပြုပေမယ့် လူသားချင်းစာနာမှုနဲ့ နေထိုင်ခွင့်ရထားသူလည်း (၁၉)ဦး ရှိပါတယ်။

ကိုရီးယားနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်နဲ့ နေထိုင်အလုပ်လုပ်ကိုင်ကြသူတွေ အထဲမှာ အများဆုံးကတော့ အလုပ်သမား အသုံးပြုခွင့်စနစ်(E-P-S) employment permit system နဲ့ လာကြသူတွေပါ။ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူ အရေအတွက် (E-9-2)က အများဆုံးပါ အမျိုးသား (၂၀၂၈)ဦးနဲ့ အမျိုးသမီး(၁)ဦး ရှိပါတယ်။ ကိုရီးယားကို လာပြီး တရားဝင်နည်းလမ်းနဲ့ အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S) ပဲ ရှိတယ်ဆိုတာကို အရင်ဆောင်းပါးတွေမှာလည်း ဖော်ပြဘူးပါတယ်။ (E-P-S) စနစ်အရ ကိုရီးယားဘာသာ စာမေးပွဲ (EPS-KLT)ကို သတ်မှတ်တဲ့ အမှတ်ပြည့်မီမှ ကိုရီးယားကို လာပြီး အလုပ်လုပ်လို့ရမယ်ဆိုတာလည်း ဖော်ပြဘူးပါတယ်။ ကိုရီးယားကို အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ရောက်လာသူထဲက တချို့ တော်တော် အဆင်မပြေဖြစ်ကြတာကို သိရလို့ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ကိုရီးယားကို လာဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အထောက်အကူဖြစ်အောင် လက်လှမ်းမီသလောက် ပြောပြ ပေးချင်ပါတယ်။

အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S) နဲ့ ကိုရီးယားကို ရောက်လာကြတဲ့သူ တော်တော်များများကတော့ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြရတာ များပါတယ်။ တချို့ကတော့ စိုက်ပျိုးရေးလုပ်ငန်း ၊ ငါးလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကြရတဲ့သူတွေလည်း ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ရတဲ့အလုပ်ကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေမှာ မလုပ်ချင်တဲ့သူက များပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ ကိုရီးယားဘာသာ စာမေးပွဲ အောင်ပြီး ကိုရီးယားကို လာပြီး အလုပ်လုပ်ဖို့ ရွေးချယ်ခံရသူတွေ အနေနဲ့ အရင်ဆုံး ကိုယ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ကုမ္ပဏီနဲ့ သဘောတူစာချုပ်ချုပ်ဆိုတဲ့ အခါ လုပ်ငန်းအမျိုးအစားကနေစပြီး သေသေချာချာ စစ်ဆေးပါလို့ အကြံပေးပါရစေ။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ကိုရီးယားကို လာတဲ့သူတွေကို (E-9)ဗီဇာ ပေးပါတယ်။ (E-9)ဗီဇာမှာမှ ထပ်ပြီး ခွဲထားတဲ့ ဗီဇာအမျိုးအစားတွေ ရှိပါသေးတယ်။ အသေးစားနဲ့ အလတ်စား စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ရတဲ့သူဆိုရင်(E-9-2)ဗီဇာပေးပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းဆိုရင် (E-9-3)ဗီဇာပေးပါတယ်။ (E-9-3)ဗီဇာနဲ့ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁၃)ဦးရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုရင် (E-9-4)ဗီဇာပေးပါတယ်။(E-9-4)ဗီဇာနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား (၉)ဦးရှိပါတယ်။ ငါးလုပ်ငန်းဆိုရင်(E-9-5)ဗီဇာပေးပါတယ်။်(E-9-5)ဗီဇာနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား (၃၃)ဦးရှိပါတယ်။ ကိုရီးယားကို ရောက်ရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့တော့ မဖြစ်စေချင်တဲ့ စေတနာပါ။ နောက်ထပ် အဓိက စစ်ဆေးသင့်တဲ့ အခြေခံ အကြောင်းတွေကတော့ (၁)အခြေခံလစာ၊ (၂)အလုပ်ချိန် ၊ (၃) နားချိန် ၊ (၄)နေထိုင်စားသောက်မှု ၊ (၅) အချိန်ပိုလုပ်အားခ စတဲ့ အခြေခံကျတဲ့ အချက်တွေကိုတော့ မဖြစ်မနေ စစ်ဆေးပါလို့ အကြံပြုပါရစေ။

အဲဒီလို သေသေချာချာ စစ်ဆေးလိုတဲ့ နောက်ထပ်အကြောင်းတခုကတော့ ကိုရီးယားကို ရောက်ပြီးမှ အလုပ်ပြောင်း လုပ်ဖို့က အခက်အခဲရှိနိုင်လို့ပါ။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)အရ အလုပ်ပြောင်းမယ်ဆိုရင် လုပ်ငန်းခွင် သဘောတူစာချုပ် ချုပ်ထားတဲ့ လုပ်ငန်းရှင်ရဲ့ သဘောတူခွင့်ပြုချက်က အဓိကလိုဖြစ်နေလို့ပါ။ တချို့ လုပ်ငန်းရှင်တွေက အလုပ်ပြောင်းဖို့ လက်မှတ်ထိုးမပေးတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေလို့ပါ။ အလုပ်သမား အသုံးပြုခွင့်စနစ်(E-P-S)အရ လုပ်ငန်းခွင်ပြောင်းလို့ ရတဲ့ အချက်တွေလည်း ရှိပါတယ်။ အဲဒီလို အချက်မျိုးမှာ အကျုံးဝင်တယ်ဆိုရင်တော့ အဲဒီလုပ်ငန်းရှင်ဟာ အလုပ်ပြောင်းဖို့ လက်မှတ်ထိုးပေးရပါမယ်။ အဓိက အခြေခံ အချက်တွေကတော့ မိမိလုပ်နေသည့် စက်ရုံအလုပ်ရုံ ဒေ၀ါလီခံသွားခြင်း ၊ လုပ်ငန်းရှင်မှ လုပ်အားခလစာ မပေးခြင်း စသည့် အခြေခံအလုပ်သမားဥပဒေအား ချိုးဖောက်ခြင်း ၊ လုပ်ငန်းသဘောတူစာချုပ်ပါ အချက်များအား အလုပ်ရှင်မှ ချိုးဖောက်ခြင်း ၊ စတဲ့ အခြေခံအချက်တွေ ရှိပါတယ်။ နောက်အလျဉ်းသင့်သလို သိသင့်သိအပ်တဲ့ ကိုရီးယား အလုပ်သမား ဥပဒေအကြောင်း သီးသန့် ပြောပြပေးသွားပါမယ်။

ကျနော် ကိုရီးယားအကြောင်း လက်လှမ်းမီသလောက် လက်ဆင့်ကမ်းထားတဲ့ ဆောင်းပါးတိုင်းမှာ အကြံပြုထားတဲ့ အတိုင်း ကိုရီးယားကို လာမယ်ဆိုရင် ကိုရီးယားစကားကို သင်ယူပါလို့ ထပ်လောင်း အကြံပြုပါရစေ။ ကိုရီးယားမှာ ရှိတဲ့ နိုင်ငံခြားသားတွေ အထဲမှာ ကိုရီးယားဘာသာစကား တတ်ကျွှမ်းတဲ့ ရာခိုင်နှုန်း မြန်မာနိုင်ငံသားတွေ အနည်းဆုံးဖြစ်နေလို့ပါ။ ကိုရီးယားဘာသာ အထိုက်အလျှောက် တတ်ရင် အလုပ်ထဲမှာရော ၊ တခြား ကိစ္စတွေမှာပါ အများကြီး အကျိုးရှိပါတယ်။ ကိုရီးယားမှာ အကြောင်းအမျိုးမျိုးနဲ့ အခက်အခဲ ဖြစ်ကြတဲ့သူ ၊ အတူအလုပ်လုပ်တဲ့ ကိုရီးယား နိုင်ငံသားတွေနဲ့ အဆင်မပြေတဲ့သူ တော်တော်များများဟာ ကိုရီးယားဘာသာ အခက်အခဲကြောင့်လို့ ကိုရီးယား အဖွဲ့တခုက သုံးသပ်ထားတာ ရှိပါတယ်။ ကိုရီးယားကို လာမယ်ဆိုရင် ယဉ်ကျေးမှု ကွဲပြားတာတွေလည်း နားလည်မှု ပေးနိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်။ သူ့ယဉ်ကျေးမှုကို ကိုယ်နားလည်နိုင်အောင် ကိုယ့်ယဉ်ကျေးမှုကိုလည်း နားလည်အောင် ပြန်ပြောနိုင်ဖို့လည်း အတွက်လည်း ကိုရီးယား စကားတတ်ရင် အဆင်ပြေတာပေါ့ဗျာ။ ယဉ်ကျေးမှု ကွဲပြားလို့ နားလည်မှုလွဲပြီး ကိုရီးယားတွေနဲ့ ပြဿနာ ဖြစ်ကြတဲ့ နိုင်ငံခြားသားတွေ ဒုနဲ့ဒေး ရှိနေလို့ပါ။ ကိုရီးယား ဘာသာစကားရယ် ကိုရီးယား အလုပ်သမားဥပဒေ အကြောင်းရယ် လက်လှမ်းမီသလောက် ပြောပြပေးဖို့ ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံသားအားလုံး ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေမှု အပေါင်းနဲ့ ပြည်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။(ဟန်ဂုရွာ)


(ဆက်ဖတ်ရန်.......)

ချင်းတိုင်းရင်းသူ/သားမှ ၂၀၀၉ ဆီးဂိမ်းတွင် ဆုတံဆိပ်ရ

2010/Jan/04

အရှေ့တောင်အာရှတွင် ၂၅ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှဝင်ရောက် ယှဉ်ပြိုင်ခဲကြောင်းသတင်းရရှိပါသည်။

ထိုဆီးဂိမ်းပြိုင်ပွဲကို လာအိုနိုင်ငံတွင်ကျင်းပပြီး ချင်းတိုင်းရင်းသူ/သား
များမြန်မာလက်ရွေးစဉ်အဖြင့်ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ကစားခဲ့သည့်အမျိုးအစားမှာ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ဂျူဒို
ပြိုင်ပွဲတို့တွင် ချင်းတိုင်းရင်းသားများမှ ဆုတံဆိပ်အသီးသီးများရရှိကြ
ပါသည်။

အသက်၂၆နှစ်ရှိသော တာန်ကပ်ကျင့်ပေါင်(Tg Kap Cin Pau)တီးတိန်ချင်းသည် ဂျူဒိုပြိုင်ပွဲတွင် ဒုတိယဆုဖြစ်သော ငွေတံဆိပ်ကို စွပ်ခူးရရှိပြီး၊အသက်၃၀နှစ်ရှိသော မိုင်နီလာထွေး(ကလေးဝမြို့)သည် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တတိယဆု ကြေးတံဆိပ်ကိုရရှိပြီး ဂိုးအများဆုံး အသွင်းကောင်းသောဆုကိုလည်း ရရှိကြောင်း သိရသည်။၎င်းပြိုင်ပွဲကို ၂၀၀၉ ဒီဇင်ဘာ ၉ရက်မှ၁၈ရက်နေ့တွင် ကျင်းပသည်။

၂၄ကြိမ်မြောက်ဆီးဂိမ်းကို၂၀၀၇ခုနှစ်တွင်ထိုင်းနိုင်ငံတွင်ပြုလုပ်ရာတွင်
လည်း အမျိုးသမီးလေးပစ်ပြိုင်ပွဲတွင်လည်းချင်းပြည်နယ်မင်းတပ်မြို့မှ
အသက်၂၄နှစ် အရွယ်ရှိသော Mai Aung Ngeain မှရွှေတံဆိပ်ဆွပ်ခူး
ခဲ့ကြောင်းသိရသည်။(Voice of Chindwinn)


(ဆက်ဖတ်ရန်.......)

လစာတိုးမည့် သတင်းကြောင့် ရွှေဈေးတက်

Monday, 04 January 2010 15:19 အောင်သက်ဝိုင်း

အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်သည် ဆိုသည့် သတင်းကြောင့် မြန်မာငွေတန်ဖိုး အနည်းငယ် ကျဆင်းသွားပြီး ရွှေဈေး တက်သွားသည်ဟု ရန်ကုန်စီးပွားရေး သတင်းရပ်ကွက်မှ သိရသည်။

အခေါက်ရွှေ တကျပ်သားလျှင် နှစ်မကုန်ခင်က ကျပ် ၅၉၄၀၀၀ ရှိနေရာမှ ဇန်နဝါရီ ၃ ရက်နေ့တွင် ကျပ် ၅၉၈၅၀၀ အထိ ဈေးတက်သွားသည်။

“နှစ်သစ်ကူး ပိတ်ရက်တွေမှာ ရွှေအရောင်းအ၀ယ် မရှိဘဲနဲ့ ၀န်ထမ်း လစာတိုးတဲ့ သတင်းကြောင့် ရုတ်တရက် တက်သွားတာ” ဟု ရွှေလုပ်ငန်းရှင် အသင်းနှင့် နီးစပ်သည့် ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

အစိုးရ ၀န်ကြီး ဌာနများရှိ အောက်ခြေ အဆင့်မှ ညွှန်ချုပ် အဆင့်အထိ ၀န်ထမ်းများကို ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှ စတင်၍ လစာငွေ ကျပ် ၂၀၀၀၀ စီ တိုးမြှင့် ခံစားစေမည် ဖြစ်ကြောင်း ဝန်ထမ်း အသိုင်း အဝန်းက ပြောသည်။

အစိုးရက လစာတိုးမြှင့်သည့် သတင်းကို တရားဝင်မထုတ်ပြန်သော်လည်း ထိုသတင်းမှာ ပြည်သူများ အကြားပျံ့နှံ့နေပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

အမေရိကန် ၁ ဒေါ်လာလျှင် ဒီဇင်ဘာ ၃၁ ရက်က ၁၀၀၀ ကျပ် ဈေးရှိရာမှ လစာ တိုးမြှင့်မည့် သတင်း ထွက်ပေါ်အပြီး ဇန်န၀ါရီလ ၃ ရက်တွင် ၁ ဒေါ်လာ ၁၀၁၄ ကျပ်အထိ ဈေးအနည်းငယ် တက်လာသည်။

“ပိတ်ရက်တွေ ခံနေတော့ ဒေါ်လာဈေးက တအားကြီးတော့ တက်မသွားသေးဘူး။ ဈေးကွက်တွေ ပြန်ဖွင့်ရင် ဒေါ်လာဈေး တက်နိုင်တယ်” ဟု တရားမ၀င် နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။

လစာတိုးမြှင့်ခြင်းသည် ၀န်ထမ်းများအတွက် အဆင်ပြေကောင်း ပြေနိုင်သော်လည်း ငွေကြေး ဖောင်းပွနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။

“အစိုးရက ငွေထပ်ရိုက်ထုတ်ပြီး ၀န်ထမ်းတွေ လစာတိုးပေးတာဆိုရင် ငွေကြေးဖောင်းပွမှု ဖြစ်ပြီး ကုန်ဈေးနှုန်းတွေ တက်လာမယ်။ တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ၀န်ထမ်းတွေရော၊ ပြည်သူတွေရော စားဝတ်နေရေး ကျပ်တည်းနိုင်တယ်” ဟု အဆိုပါ ပညာရှင် က ပြောသည်။

၂၀၁၀ ပြည့်နှစ်ဆန်းသို့ ကူးပြောင်းချိန်တွင် အစိုးရ၀န်ထမ်းများအား လစာ တိုးမြှင့် ပေးခြင်းသည် ရွေးကောက်ပွဲ အချိန်၌ အစိုးရ ကျောထောက်နောက်ခံ ပါတီများကို မဲပေးရန် စည်းရုံးသည့် လုပ်ရပ်ဖြစ်ကြောင်း နေပြည်တော် ဝန်ထမ်းများအကြား ပြောဆိုနေ ကြသည်။

ဝန်ထမ်းလစာ တိုးမြှင့်ခြင်းနှင့်အတူ စစ်တပ် အတွင်းတွင်လည်း အောက်ခြေရဲဘော်မှ ဗိုလ်မှူးကြီးအဆင့်ထိ စစ်ဗိုလ်၊ စစ်သားများကို လစာတိုးမြှင့်သည်ဟု သိရှိရသည်။ သို့သော်မည်မျှပမာဏ တိုးမြှင့်သည်ကို မသိရသေးကြောင်း ရန်ကုန်မြို့ ဒဂုံမြို့နယ် အတွင်းရှိ အင်ဂျင်နီယာတပ်ရင်းမှ စစ်ဗိုလ်တဦးကပြောသည်။

အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ် ပေးသည်ဟူသည့် ခေါင်းစဉ်ဖြင့် လစာတိုးမြှင့် ပေးခဲ့သောကြောင့် ဗေဒင် သဘောတရား များလည်း ပါဝင်နိုင်ကြောင်း ဝေဖန်ပြောဆို နေကြသည်။

“ရှားပါးစရိတ် လစာနှစ်သောင်း တိုးပေးမယ်ဆိုတာ ၀န်ထမ်းလောကကြားမှာ ပျံ့နေခဲ့တာ နှစ်အတော်ကြာပြီ။ တကယ် လစာတိုးတော့ ရှားပါးစရိတ်လို့ မသုံးဘဲ ပေါကြွယ်စရိတ်လို့ နာမည်တပ်ပြီး တိုးပေးတယ်” ဟု အကောက်ခွန် အရာရှိတဦးက ပြောသည်။

၂၀၀၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ၀န်ထမ်းများ လစာတိုးမြှင့်ခဲ့ပြီး အနိမ့်ဆုံး ၀န်ထမ်းလစာဖြစ်သော ကျပ် ၃၀၀၀ – ၃၅၀၀ ကျပ်ကို ၁၅၀၀၀ -၂၀၀၀၀ အထိလည်းကောင်း၊ ပြန်တမ်းဝင် အရာရှိများ၏ လစာကို အနိမ့်ဆုံး ၈၀၀၀၀ မှစပြီး ၂၀၀၀၀၀ အထိတိုးမြှင့်ခဲ့သည်။ ထိုကာလက စစ်ဗိုလ်၊ စစ်သားများ၏ လစာကိုလည်း ဝန်ထမ်းများထက် အဆများစွာ တိုးပေးခဲ့ သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်က ၀န်ထမ်းလစာများ တိုးမြှင့်ခဲ့ရာ ၁၉၄၈ ခုနှစ်တွင်တကြိမ်၊ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တကြိမ်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်တကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင်တကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင်တကြိမ်၊ ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်တကြိမ် တိုးမြှင့်ပေးခဲ့ပြီး ယခု အကြိမ်နှင့်ပါဆိုလျှင် စုစုပေါင်း ၇ ကြိမ် ရှိပြီဖြစ်သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Sunday 3 January 2010

၆၂နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား

2010/01/03
sunday


၆၂နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကိုရီးယားနိုင်ငံမြန်မာ့
ဒီမိုကရေစီအင်အားစုများမှ၃ရက်ဇန်နဝါရီလ၂၀၁၀ခုနှစ်ဒေသစံတော်
ချိန်ညနေ၂နာရီမှ၎နာရီအထိ လွတ်လပ်ရေးအခမ်းအနားနှင့်ဆွေးနွေးပွဲ
များပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ထိုအခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲရုံးတွင်ကျင်းပရာကိုရီးယားရောက်မြန်မာ့ဒီမိုကရေစီအ
ရေးကိုစိတ်ဝင်စားကြသောညီအစ်ကိုများတက်ရောက်ကြသည်။

၎င်းအပြင် ညီညွတ်သောတိုင်းရင်းသားအစည်းအရုံး(ကိုရီးယား)တာဝန်
ရှိပုဂ္ဂိုလ်များ၊ကရင်လူငယ်များအစည်းအရုံး၊ (KYO-KOREA)၊ချင်းတိုင်း
ရင်းသားအဖွဲ့အစည်း(CNC-KOREA)၊ဘားမားအက်ရှင်၊ထောင်စုပြု
တင်းအယ်ဒီတာ၊စသည့်အဖွဲ့အစည်းများတက်ရောက်ဆွေးနွေးကြောင်း
သိရသည်။

ထိုနောက်အခမ်းအနားတက်ရောက်သူများကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ လက်ဖက်ရည်နှင့်
သကြားပလာတာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သတင်းရရှိပါသည်။




(ဆက်ဖတ်ရန်.......)