Sunday 28 November 2010

သားသမီးအယောက်(၁၀၀)ပြည့်ရန် (၂ )ယောက်သာ လိုသောဖခင်


UAE နိုင်ငံက ကလေးအများကြီးရှိတဲ့ ရာမာန် လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ၂၀၁၅ နှစ်မတိုင်မီ
သားသမီးအယောက်(၁၀၀)ပြည့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နောက်ထပ်မိန်းမ ထပ်ယူရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ထိုသူဟာ ခြေထောက်တစ်ဖက်သာရှိပြီး သားသမီး (၈၈)ယောက် ရှိပါတယ်။ သူဟာ အသက်က (၆၄)နှစ်ရှိပြီး
အသက်(၁၈)နှစ်မျှသာရှိတဲ့ မိန်းကလေးကို နိုဝင်ဘာလ(၁၇)ရက်နေ့က ဂျိုင်ပူရ်မြို့မှာ လက်ထပ်ခဲ့ပါတယ်။

သူရဲ့လက်ထပ်ပွဲကို အိန္ဒိယဆရာဝန်များက စီစဉ်တာဖြစ်ပြီး သတို့သားက သတို့သမီးဖခင်ကို တင်တောင်းတဲ့
ငွေကတော့ ယူအေအီးငွေ ဒါဟန်း ၂ သောင်း(အမေရိကန်ဒေါ်လာ ၅၄၃၄) ဖြစ်တယ်လို့ ပြောပါတယ်။

ယူအေအီးနိုင်ငံ အဂျမန်ပြည်နယ်နှင့် မနာမာမြို့များမှာ နေထိုင်တဲ့ရာမာန် မှာ သားယောင်္ကျားလေး (၅၀)
နှင့်သမီးမိန်းကလေး (၃၈) ယောက်တို့ရှိခဲ့ပြီးဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က အက်စီးဒင့်တစ်ခုကြောင့် ခြေထောက်တစ်ဖက်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။
သူရဲ့အကြီးဆုံးသား တာရစ်ကတော့ အသက် (၃၉)နှစ်ရှိပါပြီ။အငယ်ဆုံးလေးကတော့ လသားမျှသာရှိပါသေးတယ်။

ရာမာန်ဟာ ကလေး (၁၀၀)ရရင် အိမ်ထောင်မပြုတော့ဘူးလို့ပြောပါတယ်။ ရာမာန်ဟာ ယူအေအီးတပ်မတော်က ပင်စင်စားတစ်ဦးဖြစ်ပြီး အစိုးရထံမှ ငွေကြေးထောက်ပံ့မှုများ နေထိုင်စရာ အိုးအိမ် အဆောက်အအုံများ အခမဲ့ရရှိနေတာဖြစ်ပါတယ်။

မိသားစုဝင်(၁၂၇)ယောက်ရှိတဲ့ မိသားစုကြီးဟာ ယူအေအီးနိုင်ငံရဲ့ ပြည်နယ်တွေအနှံ့အပြားမှာ အိမ်ထောင်စု(၇)စု နေထိုင်ကြတာဖြစ်ပါတယ်။

သူရဲ့သားသမီး အများစုဟာလည်း ယူအေအီးစစ်တပ်၊ရဲတပ်ဖွဲ့စတဲ့အစိုးရအလုပ်အကိုင်ရာထူးကောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေလည်း ရှိပါတယ်။

ခုတော့ သူဟာ အင်္ဂလန်မှာ စီးပွားရေးသမားတစ်ဦးဖြစ်နေပါပြီ။ သူ လက်ထပ်တာဟာ အခုဆိုရင် (၁၅)ကြီမ်တိုင်ခဲ့ပါပြီ။

လောလောဆယ် သူ့မှာ မိန်းမ (၃)ယောက်ရှိပြီး ကျန်တာတွေကတော့ ကွာရှင်းပြတ်စဲသွားပြီ လို့ သိရပါတယ်။(ဇလပ်ဖြူဘလောက်)


(ဆက်ဖတ်ရန်.......)

ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

Saturday, 27 November 2010 15:46
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ လာရောက်တွေ့ဆုံသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ။ (ဓာတ်ပုံ - အေပီ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကိုတော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ခံတွေ့ဆုံခဲ့သည်။

သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ မစ္စတာ နမ်ဘီယာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အထွေထွေ အတွင်းရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

မစ္စတာ ဂန်ဘာရီထံမှာ တာဝန်ကို လွှဲယူပြီးနောက် ယခု မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်သို့ ၂၀၀၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ချင်းတောင်တန်း ကားမှောက်၊ ၁၄ ဦး သေဆုံး

သက်ခိုင်၊ ဆလိုင်းထွန်း | သောကြာနေ့၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၆ မိနစ်

ချင်းပြည်နယ် တွန်းဇံမြို့မှ တီးတိန်မြို့သို့အလာ ခရီးသည်တင် ဘတ်စ်ကားတစီး ယနေ့ နေ့လည်တွင် တိမ်းမှောက်သဖြင့် အနည်းဆုံး ခရီးသည် ၁၄ ဦး သေဆုံးကြောင်း ဒေသခံများအဆိုအရ သိရသည်။

တီးတိန်ရောက်ရန် ၁ဝ မိုင်ခန့်အလို တောင်ပေါ်လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တောင်အောက် ပေ ၁ဝဝ ခန့်အထိ ထိုးကျသွားရာ ခရီးသည် ၁၂ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၃ဝ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ၂ ဦး ထပ်မံသေဆုံးကြောင်း သိရခြင်း ဖြစ်သည်။

“လူတင်တာ များတယ်။ ကားကလည်း မြန်တယ်ဆိုတော့

ယင်းလမ်းများကို ပြုပြင်နိုင်ရန်အတွက် အိန္ဒိယအစိုးရအနေနဲ့ ဒေါ်လာ သန်း ၆ဝ ကူညီဘို့ ယခုနှစ်အစောပိုင်းက သဘောတူညီခဲ့ပြီး ဖြစ်သည်။
အရှိန်မထိန်းနိုင်တော့ လမ်းအကွေ့မှာ မှောက်သွားတာပါ” ဟု တီးတိန်မြို့သား ဦးကမ်လျံက မဇ္ဈိမကို ပြောသည်။

ခရီးသည်အများအပြား ဒဏ်ရာရရှိပြီး ၃ဝ ကျော်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတင်ထားရကြောင်းနှင့် သေဆုံးသူ ၁၄ ဦး၏ ရုပ်အလောင်းများကို ယနေ့ ညနေ ၅ နာရီခန့်တွင် တွန်းဇံသို့ သယ်ဆောင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတဦးက ပြောသည်။

ဒေသခံတဦးကမူ သေဆုံးသူ ၁၆ ယောက်အထိရှိသည်ဟု ပြောသည်။

ခရီးသည်များသည် တီးတိန်တွင် ကျင်းပနေသော ချင်းစာပေ အနှစ် ၁ဝဝ ပြည့်ပွဲသို့ လာရောက်သူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“တီးတိန်မြို့ပေါ်ကနေ ကားမှောက်တာ သိတဲ့သူတွေ လာတယ်။ ပွဲမှာလာတဲ့ ကားတွေနဲ့လည်း ကယ်ဆယ်ရေး လာလုပ်ကြတယ်။ ကိုယ်ပိုင်ဆိုင်ကယ်တွေနဲ့လည်း ကယ်ဆယ်ရေး လုပ်ကြတယ်” ဟု ဦးကမ်လျံက ပြောသည်။

ခရီးသည် ၈ဝ ခန့် တင်ဆောင်လာသည့် ချင်းတောင်တန်းအမည်ရ မှန်လုံဘတ်စ်ကားကို စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်၌ နေထိုင်သည့် ဦးကျင်ပူ ပိုင်ဆိုင်သည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

ACR News

ACR News (28.11.10)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Awging 33

(ဆက်ဖတ်ရန်.......)

Friday 26 November 2010

(thanksgiving day) ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ခရစ်ယာန်အသင်းတော်မှ လာရောက်ဆုတောင်းပေးခဲ့

နိုဝင်ဘာ ၂၅ရက်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ thanksgiving day (ကျေးဇူးတော်နေ့) အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် ထိုနေ့မနက် မနက်(၈)နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သော အင်းစိန်ရွာမ ခရစ်ယာန်အသင်းတော်မှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို့ လာရောက်၍ (၁)နာရီခန့် ဝတ်ပြုဆုတောင်း ပေးခဲ့ကြောင်း သိရှိရပါသည်..။

မနက်ဖြန် ၂၆ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်အား INGO (INTERNATIONAL NON GOVERMENT OGANIZATION) အဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံဖို့ ရှိကြောင်း သိရှိရပါတယ်..။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့တဲ့ တခြားအဖွဲ့အစည်းတွေကတော့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်တို့နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမိုးကောင်းတို့နဲ့ တွေဆုံခဲ့တယ်လို့ သိရှိရပါတယ်..။(ဒီမိုဝေယံ)


(ဆက်ဖတ်ရန်.......)

Thursday 25 November 2010

မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား
နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၄ မိနစ် ၃၆ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၁၅၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) တစ်နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်ျ)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

(ဆက်ဖတ်ရန်.......)

ထောက်ခံမဲမပေးသည့် ဒေသများတွင် ဖွံ့ ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ပေးမည်မဟုတ်ဟု USDP ကပြော

၂၅ နိုဝင်ဘာ ၂၀၁၀

မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များက နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီကို မဲမပေးသော ကျေးရွာအုပ်စုများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးမည်မဟုတ်ကြောင်း ပြောဆိုသည်ဟုသိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့ နယ် ကြံ့ဖွံ့ ပါတီ တာဝန်ရှိသူများက ရွေးကောက်ပွဲ၌ ဖလမ်းမြို့ နယ် မဲဆန္ဒနယ် (၅)နေရာတွင် ချင်း တိုးတက်ရေးပါတီက အပြတ်အသတ်အနိုင်ရရှိကာ ကြံ့ဖွံ့ ပါတီမရှုမလှရှုံးနိမ့်သောကြောင့် ယခုကဲ့သို့  ပြော ကြားခြင်း ဖြစ် သည်ဟု ဖလမ်းမြို့ မှ ဒေသခံတဦးကဆိုသည်။

အဆိုပါဒေသခံက” ကြံ့ဖွံ့ ပါတီ ခေါင်းဆောင်တွေက ပြောကြတယ်- ဖလမ်းမြို့ နယ်မှာကျတော်တို့ ကြံ့ဖွံ့ ပါတီရှုံးပေမဲ့လည်း နိုင်ငံတ၀န်းမှာ ကြံ့ဖွံ့ ပါတီက ရွေးကောက်ပွဲအနိုင်ရလာတော့ အာဏာဟာ ကျတော်တို့ လက်ထက်ထဲမှာဘဲရှိတာဘဲတဲ့ ချင်းတိုးတက်ရေးပါတီဟာ ဘာမှအာဏာမရှိပါဘူး ကျတော်တို့ ကြိုက်သလို လုပ်လို့ ရတယ် လို့ ပြောကြတယ်” ဟုဆို သည်။

ယခု ကြံ့ဖွံ့ ပါတီက နောက်နောင် ရွေးကောက်ပွဲပြုလုပ်လာလျင် ကြံ့ဖွံ့ ပါတီကို ပြည်သူက မဖြစ်မနေမဲများပေးနိုင်ရန် ပညာ ပေးသည့်အနေဖြင့် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမပေးသော ဒေသများကို ဒဏ်ခတ်သည့်အနေဖြင့် မည်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ဆောင်ပေးမည်မထင်ကြောင်း ပြည်တွင်းမှ ကျေးရွာတာဝန်ရှိသူတဦးက ဆိုသည်။

ရွေးကောက်ပွဲမတိုင်မီ ဖလမ်းမြို့ နယ် ကြံ့ဖွံ့ ပါတီ အမတ်လောင်း U Kawl Luai သည် ဖလမ်းမြို့ နယ်ကျေးရွာအသီးသီးသို့  မဲစွယ်စည်းရုံးမှုပြုလုပ်ခဲ့ရာမှာ ယခုရွေးကောက်ပွဲတွင် ကြံ့ဖွံ့ ပါတီက အနိုင်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ ပါတီ ထောက်ခံမဲ မပေးပါက မည်သည့်ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ဒေသခံလူထုထံ ကြိုတင်ပြောကြားပြီးဖြစ်သည် ဟု သိရသည်။

တချို့ အစိုးရ၀န်ထမ်း၊ ကုန်သည်နှင့် အခြားစီးပွါးရေးလုပ်ငန်းရှင်များသည် ၄င်းတို့ လုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ကြသော ကြောင့် ကြံ့ဖွံ့ ပါတီကို မဲပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျတော်တို့ ကို ကြံ့ဖွံ့ ပါတီက လူထုကိုစည်းရုံးခိုင်းတယ်။ အမှန်မှာတော့ ဒီအစိုးရရဲ့ အခြေအနေကို သိပြီးသားပါ။ သူတို့  လက်ထက်မှာ ဘယ်လိုဘဲ နိုင်ငံရေးကစားကစား သူတို့ အကျိုးအမြတ်အတွက် မရရတဲ့နည်းနဲ့ လုပ်သွားမယ်ဆိုတာ အကုန်သိကြတာဘဲ။ တဘက်မှာ အဲလိုအစိုးရကြိုက်သလို မလုပ်ပေးဘူးဆိုရင် ကျတော်တို့ ဘဲပြန်နစ်နာမည်ဆိုတာ သိပြီး ဆိုတော့ သူတို့ ကြိုက်တဲ့အတိုင်းလုပ်ပေးဘဲ လုပ်ပေးတာဘဲ” ဟု ကားပိုင်ရှင်တဦးက ခိုနူမ်းထုန်သတင်းဌာနကို ပြောပြခဲ့ သည်။

ကြံ့ဖွံ့ ပါတီသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ချင်းပြည်နယ် ဖလမ်းမြို့ နယ် ကျေးရွာ အသီးသီးရှိ အိမ်ထောင်စုတခုတွင် ကြံ့ဖွံ့ ပါတီ မ၀င်မနေရ အမိန့် ထုတ်ကာ အဖွဲ့ ဝင်အဖြစ်အတင်း လက်မှတ် ရေးထိုးခိုင်းသော်လည်း ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီက အနိုင်ရရှိသည်။

ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အမတ်နေရာ (၃၉)ရှိသည့်အနက် ကြံ့ဖွံ့ ပါတီက (၁၈)နေရာ၊ ချင်းတိုးတက်ရေးပါတီမှ (၁၁)နေရာ၊ ချင်းအမျိုးသားပါတီမှ (၉)နေရာနှင့် Ethnic National Development Party မှတစ်နေရာ အသီးသီးရရှိခဲ့ကြ သည်။

ချင်းပြည်နယ် မြို့ နယ်အသီးသီး၌ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များသည် မိမိတို့ပါတီကို ထောက်ခံမဲမပေးသော ကျေးရွာ အုပ်စုများကို မည်သည့်ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ပြောကြားနေသည့်အပြင် ချင်းအမည် ခံပါတီများ ကိုလည်း ရှုတ်ချပြောဆိုနေသည်ဟု သိရသည်။( ခိုနူမ်းထုန်)

(ဆက်ဖတ်ရန်.......)

Wednesday 24 November 2010

Global Chin Christian Fellowship confrence in Malaysia

Rev.Pa Ni Mg ဖွင့်ပွဲတွင် တရားဒေသနာဝေငှနေပုံ
တက်ရောက်သူ ပရိတ်သတ်များ
Pastor Johnpumno,Rev.Dr.Hre Kio te Nupa leh Rev.Philip Khai GCCFC ဦးဆောင်သူဇနီးမောင်နှံနှင့်အတူ အမှတ်တရပုံ

GCCFC ကို မလေးရှားနိုင်ငံတွင် ၂၄-၁၁-၂၀၁၀နေ့တွင် ည၈း၀၀နာရီတွင် ကျင်းပပါသည်။ထိုပွဲကိုဦးဆောင်သူ Rev.Dr Hre Kio မှ တက်
ရောက်လာကျသော အမှုတော်ဆောင်အားလုံးကို အထူးဘဲကျေးဇူးတင်စကားများပြောကြားသွားပါသည်။

တကမ္ဘာလုံးဆိုင်ရာ ချင်းခရစ်ယာန်အမှုတော်ဆောင်များ စည်းစည်းလုံးလုံးနှင့်လက်တွဲလုပ်ဆောင်သွားရန်၊ယေရှုသည်ကျွန်တော်တို့၏ အရှင်သခင်ဖြစ်ကြောင်း ချင်းပြည်သူက သက်သေထူရန် ဘုရားရှင်က ချင်းလူမျိုးများကို နိုင်ငံအသီးသီးကို ပို့ဆောင်ကြောင်းစသည်ဖြင့်
Rev. Ni Mg မှအဖွင့်တွင်ပြောကြားသွားပါသည်။

ထိုညီလာခံကို တက်ရောက်လာကြသော ကနေဒါ၊အမေရိကန်၊သြစတီးလျ၊၊နယူးဇီလန်၊ဘဂ်လားဒေးရ်၊မြန်မာ၊အိနိယ၊ထိုင်း စသည့် နိုင်ငံ
အသီးသီးမှ ချင်းခရစ်ယာန်အမှုတော်ဆောင်များ တက်ရောက်ရန် သတင်းရရှိပါသည်။

အိမ်ရှင်အသင်းတော်အဖြင့် Senthang Christian Fellowship က ဧည့်ခံပြီး ဖွင့်ပွဲတွင် လူ အယောက်၅၀၀ တက်ရောက်ကြောင်းသတင်းရရှိပါသည်။


(ဆက်ဖတ်ရန်.......)

Tuesday 23 November 2010

North Korean shells target South

Nov 23 - North and South Korea exchange fire in one of the heaviest shellings since the end of the Korean War in 1953.


(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနှင့်ပြန်လည်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်ကျော်တွေ့ဆုံခွင့်မရသော သားအငယ်နှင့် ပထမဆုံး အကြိမ်ပြန်လည်တွေ့ဆုံခွင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏သား ကင်မ်အဲရစ် တွေ့ဆုံစဉ်

ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင်ရောက်ရှိလာသော သားအငယ် ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်ကို သွားရောက်ကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ(၁၃)ရက်နေ့ ပြန်မလွတ်ခင်ကတည်းက ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာပြည်သို့ဝင်ရန် ဗီဇာ စောင့်နေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဗိုလ်ချုပ်များအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော(၂၁)နှစ်ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် အများဆုံး အထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

ရန်ကုန်လေဆိပ်တွင် အသက်(၆၅)နှစ်အရွယ်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏သားငယ်အား ပြုံရွှင်စွာ တွေ့ဆုံပြီး သတင်းထောက်များအား သူမ အလွန်ပျော်ရွှင်ပါသည်ဟု ပြောခဲ့သည်။

သားဖြစ်သူ ကင်မ်အဲရစ်မှာလည်း သူမ၏ မိခင်အား (၂၀၀၀)ခုနှစ်ကတည်းက နောက်ဆုံးတွေ့ဆုံခွင့်ရရှိပြီး နောက်ပိုင်းတွင် ပြည်ဝင်ခွင့်ဗီဇာကို အကြိမ်ကြိမ်အငြင်းပယ်ခံခဲ့ရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားအကြီးဖြစ်သူ အလက်ဇန္ဒား အဲရစ်ကိုလည်း ဆယ်နှစ် ကျော်မတွေ့ရသည့်အပြင် သူမ၏ မြေးဖြစ်သူကိုလည်း မတွေ့ဖူးသေးချေ။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းတွင် လွှတ်ပေးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးအာဏာ တရားဝင်အသိအမှတ်ပြုရေးအတွက် ပြုလုပ်သော ဟန်ပြလုပ်ဆောင်ချက်တခုသာဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲပြောဆိုလျှက်ရှိသည်။
ကင်မ်အဲရစ်သည် နိုင်ငံရေးမပါပဲ ကိုယ်ရေးကိုယ်တာအတွက်သာ ယခုလို အလည်အပတ်သွားခြင်းဖြစ်ကြောင်း ဘန်ကောက်ရှိ ဗြိတိသျှသံရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်နေသမျှအားလုံးနီးပါးကို ဒီမိုကရေစီလိုလားသူပြည်သူများရော အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများရော ဂရုတစိုက်စောင့်ကြည့်နေကြပါသည်ဟု ဘန်ကောက်ရှိ ဘီဘီစီမှ Recheal Harvey ရစ်ချတ်ဟာဗေးက ပြောသည်။

အင်္ဂလန်နိုင်ငံသားဖြစ်သူ ကင်မ်အဲရစ်သည် မြန်မာပြည်သူတို့ မျက်လုံးဒေါက်ထောက်ကြည့်နေမှုကို ဂရုတစိုက် နေထိုင်လျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ ဗြိတိသျှပညာရှင် ပါမောက္ခ မိုက်ကယ်အဲရစ်သည် (၁၉၉၉)ခုနှစ်က ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မသေမီ သူ၏ဇနီးနှင့်တွေ့ဆုံရန် မြန်မာပြည်သို့ ပြည်ဝင်ခွင့်တောင်းခံခဲ့သော်လည်း စစ်ဗိုလ်ချုပ်များက ခွင့်မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း မြန်မာပြည်မှ ထွက်ခွာသွားလျှင် ဒီမိုကရေစီရေးများလုပ်ဆောင်ရန် မြန်မာပြည်သိှု့ ပြန်လာခွင့်ပြုတော့မည် မဟုတ်ဟုလည်း အများက ယုံကြည်နေခဲ့ကြသည်။(ရိုးမ)

(ဆက်ဖတ်ရန်.......)

Monday 22 November 2010

ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် ဂျာနယ် ၉ စောင် အရေးယူခံရ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော သတင်းများ အားလုံးကို ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် လွတ်မြောက်သည့် သတင်းကို စာပေစိစစ်ရေး ခွင့်ပြုသည်ထက် ကျော်လွန်ဖော်ပြကြသည့် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ခွင့်ပြုသည်ထက် ပုံကြီးချဲ့ဖော်ပြခဲ့ကြသော The Voice၊ 7 Day News၊ Venus၊ ပြည်သူ့ခေတ်၊ မြန်မာပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek တို့ကို ထုတ်ဝေခွင့် ၁ ပတ် ပိတ်ပင်လိုက်ပြီး First
Eleven အားကစားဂျာနယ်၊ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်လိုက်ကြောင်း ဗဟန်းမြို့နယ် ၀င်္ကပါလမ်းရှိ
စာပေစိစစ်ရေး ရုံးတွင် နိုဝင်ဘာလ ၂၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

“၁ ပတ်ပိတ်တဲ့ ဂျာနယ်တွေကတော့ အချပ်ပို ဓာတ်ပုံကို ဂျာနယ် မျက်နှာဖုံးအနေနဲ့ ထုတ်ဝေလိုက်လို့ပါ။ Eleven အားကစား ဂျာနယ်နဲ့ Hot News ဂျာနယ်ကတော့ စာပေ စိစစ်ရေးမတင်ဘဲ သတင်း အချက်အလက်တွေ ဖော်ပြခဲ့လို့လို့ သိရတယ်” ဟု
ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

တချို့သော သတင်းဂျာနယ်များကိုမူ ဒေါ်အောင်ဆန်းစုကြည် သတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး ခေါ်ယူ၍ ပြင်းပြင်းထန်ထန် သတိပေး ပြောကြားခဲ့ကြောင်း၊ နောက်နောင် စာပေစိစစ်ရေးက ညွှန်ကြားသည့်အတိုင်း လိုက်နာပါမည် ဆိုသော ၀န်ခံလက်မှတ်များ ရေးထိုးစေခဲ့ကြောင်း၊ ဂျာနယ် ထုတ်ဝေခွင့်ကိုမူ ဆက်လက်ခွင့်ပြုခဲ့ကြောင်း သတင်း ဂျာနယ် အသိုင်းအ၀န်းမှ သိရှိရသည်။

“ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ခေါ်ဆူတာ။ ခင်ဗျားတို့တွေက စိတ်တိုင်းကို မကျနိုင်ကြဘူးလို့ ပြောပါတယ်” ဟု သတင်း အယ်ဒီတာ တဦးက ဆိုသည်။

စာပေစိစစ်ရေး၏ အရေးယူမှု မခံခဲ့ရသော သတင်းဂျာနယ်များ အားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သော သတင်းနှင့်ဓာတ်ပုံများကို လုံးဝ ဖော်ပြခွင့်မပြုတော့ပေ။

စာပေစိစစ်ရေးက အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတိပေးကြေညာချက် ကို ဂျာနယ်များ လိုက်နာခြင်း မရှိဟုဆိုကာ နိုဝင်ဘာ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်လိုက်ပြီး ထို ကြေညာချက်များကို လိုက်နာခြင်း မရှိပါက ဂျာနယ်ကို ရာသက်ပန် လုံးဝ ပိတ်သည်အထိ အရေးယူမည်ဟု ပြောခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းနှင့် ဓာတ်ပုံများကို ကိုယ်တိုင် စိစစ်၍ ရုံးမတင်ဘဲ ဖြန့်ချိခွင့်ပြုစေချင်ကြောင်း၊ ထိုသို့ ကိုယ်တိုင်စိစစ် ဖြန့်ချိရာမှ တစုံတရာ မှားယွင်း လွဲချော်သွားလျှင် ဂျာနယ်ကို ပိတ်သည်အထိ အရေးယူ ခံမည်ဖြစ်ကြောင်း သတင်းဂျာနယ် များက တောင်းဆိုခဲ့သော်လည်း ထို တောင်းဆိုချက်ကို ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက တာဝန်မယူကြောင်း စာပေစိစစ်ရေးက ခေါ်ယူသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တွင် ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို ဝေဝေဆာဆာ ဖော်ပြလိုကြသော်လည်း စာပေစိစစ်ရေးက ဓာတ်ပုံအသေး တပုံနှင့် ၎င်းတို့ ခွင့်ပြုသော သတင်းသာ ဖော်ပြခွင့်ပြုခဲ့သည်။ ထို့အပြင် မျက်နှာဖုံးတွင်လည်း အဆိုပါ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့် မပြုခဲ့ပေ။

သို့ရာတွင် ဂျာနယ် တချို့က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို အချပ်ပိုစာမျက်နှာတွင် မျက်နှာပြည့် ဖော်ပြခဲ့ရာ ဂျာနယ် လက်ပွေ့ ရောင်းချသူများက အဆိုပါ အချပ်ပိုကို ဂျာနယ်မျက်နှာဖုံးတွင် တင်၍ ရောင်းချကြသောကြောင့် ရောင်းအား တက်ခဲ့ကြောင်း သိရသည်။

First Eleven အားကစား ဂျာနယ် မျက်နှာဖုံးတွင်လည်း “စု လွတ်ပြီ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်း ကြစို့” ဟူသည့် အဓိပ္ပာယ် ရသော အင်္ဂလိပ် စာသားကို ထည့်သွင်းဖော်ပြခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် သတင်းများ၊ ဓာတ်ပုံများကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါ ဂျာနယ်များမှာ ဈေးကွက်တွင် လက်ကျန်မရှိသလောက် ၀ယ်ယူသူအရေအတွက် မြင့်တက်ခဲ့ကြောင်း၊ ပြည်သူလူထုက
သတင်း ဂျာနယ်များကို ယုံကြည်ကိုးစားမှု တိုးမြင့်လာပြီး ဂုဏ်သိက္ခာလည်း မြင့်တက်ခဲ့ကြောင်း သတင်းဂျာနယ် အသိုင်း အဝန်းက ဆိုသည်။

ယင်းနောက်တွင် စာပေစိစစ်ရေးက ဂျာနယ်များကို ခေါ်ယူ သတိပေးကြိမ်းမောင်းခြင်း၊ ပိတ်ပင် အရေးယူခြင်းများ ဖြစ်လာသည်ဟု သိရသည်။

ယခုကဲ့သို့ သတင်းဂျာနယ်များ အစုအလိုက်၊ အပြုံလိုက် အရေးယူ ခံရခြင်းသည် ရုပ်ဆိုး အကျည်းတန်လှပြီး ပြည်တွင်း သတင်းမီဒီယာ သမိုင်းတွင် စစ်အစိုးရ၏ ဖိနှိပ်မှုကို အဆိုးရွားဆုံး ကြုံတွေ့ ခံစားလိုက်ရခြင်း ဖြစ်ကြောင်း ပိတ်ပင် ခံလိုက်ရသော သတင်းဂျာနယ် တစောင်မှ အယ်ဒီတာက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပြည်သူတွေအကြားမှာ ပျံ့နှံ့သွားပြီး သူ့ကို လူထုက ပိုထောက်ခံ၊ ပိုပြီး ချစ်လာမှာကို နေပြည်တော်က စစ်ဗိုလ်ချုပ်တွေက မနာလို လို့ အခုလို သတင်းဂျာနယ်တွေကို အရေးယူတာပဲ ဖြစ်မယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မကြာမီ ပေါ်ပေါက်လာမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အစိုးရ လက်ထက်တွင် ပြည်တွင်း
သတင်းမီဒီယာများ ယခုထက် ဆိုးရွားသော အခြေအနေများ ကြုံတွေ့လာရမည် ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် လုံးဝ ရရှိလိမ့်မည် မဟုတ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်း၏ သတင်းများကို ဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြခွင့် မရှိပါက ရွေးကောက်ပွဲ ပြီးဆုံးသွား ခဲ့သော်လည်း မည်သို့မျှ ထူးခြားလာခြင်း မရှိနိုင်ဟု ပြောဆိုခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်ကြောင်း သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့် တွေ့နိုင်တော့မည်

မင်းနိုင်သူ Monday, 22 November 2010 18:53

ယခုလအစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ဗီဇာလျှောက်ရန် ရောက်ရှိလာသော ကင်မ် အဲရစ္စ။ (ဓာတ်ပုံ - AP)

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

“ကိုထိန်လင်း ဒီနေ့ပဲ လေယာဉ်လက်မှတ်ရဖို့ ကြိုးစားနေတယ်လို့ ကြားတယ်။ ဒီနေ့ မရရင် မနက်ဖြန် လာမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လေဆိပ်ကို သွားကြိုဖို့ အလားအလာရှိပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးအုံးကြိုင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး အလက်ဇန္ဒား အဲရစ္စနှင့် သားငယ် ကင်မ် အဲရစ္စတို့ကို စစ်အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ခြင်းကြောင့် မိခင်ဖြစ်သူနှင့် ၁၀ နှစ်ကြာ တွေ့ဆုံခွင့်မရခဲ့ဘဲ ယခု ပထမဆုံးအကြိမ် ကင်မ် အဲရစ္စက ပြည်ဝင်ခွင့် ဗီဇာရရှိခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် မေလ အတွင်းက စစ်ကိုင်းတိုင်း ဒီပဲယင်း လုပ်ကြံမှုပြီးနောက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခါနီး ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့ရာ ၇ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာမည်ဟူသော သတင်းများပေါ်ထွက်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ်ရှိ ကင်မ် အဲရစ္စ ဘန်ကောက်မြို့သို့ ရောက်ရှိလာကာ ဘန်ကောက်ရှိ မြန်မာသံရုံးမှ ပြည်ဝင်ခွင့် ဗီဇာရရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသည့် နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ဝင်ခွင့်မရခဲ့ဘဲ ဘန်ကောက်ရှိ အင်္ဂလန်သံရုံးမှတဆင့် မိခင်ဖြစ်သူနှင့် ဖုန်းပြောခဲ့ရကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၁ နှစ်အတွင်း နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ခန့် နေခဲ့ရပြီး ခင်ပွန်းနှင့် သား ၂ ယောက်ကိုလည်း ၁၀ နှစ်ကျော်ကြာ တွေ့ဆုံခွင့် မရခဲ့ပေ။

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ္စသည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံခဲ့သော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ပေ။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

DKBA က KNU နှင့် ပူးပေါင်း


(ဆက်ဖတ်ရန်.......)

ACR News

ACR_News_(21.11.10)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM_Awging_32

(ဆက်ဖတ်ရန်.......)

Zolai J.H.Cope Centennial Jubilee in Malaysia

Zolai/ J H Cope Centennial Jubilee nasia tak in bawlding ahih man in anuai ah Bus vai hawm sak na aa pai ciat ni.
Chindwinn Editor
CCJ Malaysia Bus Khawlna Munte

(ဆက်ဖတ်ရန်.......)

Tuesday 16 November 2010

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း အပြည့်အစုံ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ

စဉ် လွှတ်တော်ကိုယ်စားလှယ်အမည် မဲဆန္ဒနယ် (မြို့နယ်) ပါတီ(သို့)တသီးပုဂ္ဂလ
၁ ဦးခွန်းလိန် ဖလမ်းမြို့ ချင်းတိုးတက်ရေးပါတီ(စီပီပီ)
၂ ဦးငွန်မောင်း ဟားခါး ချင်းအမျိုးသားပါတီ(စီအဲန်ပီ)
၃ ဒေါ်ဇာတလဲမ်း ထန်တလန် ချင်းအမျိုးသားပါတီ(စီအဲန်ပီ)
၎ ဦးပုမ်ခန့်အင် တီးတိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၅ ဦး ဟောင်ခန့်မန် တွန်းဇံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၆ ဦးထန်လိန်း မင်းတပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၇ ဒေါက်တာရိုအုပ် မတူပီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၈ သူရအောင်ကို ကန်ပက်လက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၉ ဦးပိုက်လင်း ပလက်ဝ ချင်းတိုးတက်ရေးပါတီ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ
စဉ် ကိုယ်စားလှယ်အမည် မဲဆန္ဒနယ်မြေ ပါတီ(သို့)တသီးပုဂ္ဂလ
၁ ဦးကျောန်ခဲန် ဖလမ်း(နယ် ၁) ချင်းတိုးတက်ရေးပါတီ(စီပီပီ)
၂ ဦးယုံလှေးထန် ဖလမ်း(နယ် ၂) ချင်းတိုးတက်ရေးပါတီ(စီပီ)
၃ ပေါလ်ထန်ထိုက် ထန်တလန် ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၎ ဦးစတီဗင်ထာဘိတ် ဟားခါး ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၅ ဦး ငင်ခန့်ပေါင် တွန်းဇံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၆ ဦး ခန်ဆွန်မုန် တီးတိန်(နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၇ ဦးဆွန်ဒိုးကျင် တီးတိန်(နယ် ၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၈ ဦးဟာရှိန်းဘွေ မင်းတပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၉ ပေါလ်လျန်လွင် မတူပီ ချင်းတိုးတက်ရေးပါတီ
၁၀ ဦးမနားနိုင် ကန်ပက်လက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၁ ဦးဝှေ့ယန်း ပလက်ဝ (၁) ချင်းတိုးတက်ရေးပါတီ
၁၂ ဦးဆလိုင်းခွဲယန် ပလက်ဝ (၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ
စဉ် ကိုယ်စားလှယ်အမည် မဲဆန္ဒနယ်မြေ ပါတီ(သို့)တသီးပုဂ္ဂလ
၁ ဦနာ့ထန်း ဖလမ်း(နယ် ၁) ချင်းတိုးတက်ရေးပါတီ(စီပီပီ)
၂ ဦးနိုဆုမ်း ဖလမ်း(နယ် ၂) ချင်းတိုးတက်ရေးပါတီ(စီပီပီ)
၃ ဦးရမ်မန်း ဟားခါး(နယ် ၁) ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၎ ဦးချန်ပုမ် ဟားခါး(နယ် ၂) ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၅ ဦးလာလ်မောင်ကျူံး ထန်တလန်(နယ် ၁) ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၆ ဦးရိုဘင် ထန်တလန်(နယ် ၂) ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၇ ဦးနန်ဇမုမ် တီးတိန်(နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၈ ဦးဇိုဇမ်း တီးတိန်(နယ် ၂) ချင်းအမျိုးသားပါတီ (စီအဲန်ပီ)
၉ ဦး ကျင်လျန်ပေါင် တွန်းဇံ(နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၀ ဦး ဟောင်ခဲန်ခမ် တွန်းဇံ(နယ် ၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၁ ဦးအုန်းလွင် မတူပီ (နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၂ ဦးဗန်ကျင် မတူပီ (နယ် ၂) တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ
၁၃ ဦးနိန်းနိုင်း မင်းတပ် (နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၄ ဦးဟုန်းငိုင် မင်းတပ် (နယ် ၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၅ ဦးကွီးထန်း ကန်ပက်လက် (နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆ ဦးကီးထန်းလွန်း ကန်ပက်လက် (နယ် ၂) ချင်းတိုးတက်ရေးပါတီ
၁၇ ဦးကျော်ငြိမ်း ပလက်ဝ (နယ် ၁) ချင်းတိုးတက်ရေးပါတီ
၁၈ ဦးနန်းဆိုက် ပလက်ဝ (နယ် ၁) ချင်းတိုးတက်ရေးပါတီ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ ရွေးကောက်တင်မြောက်ခံရသည့် ကိုယ်စားလှယ်လောင်းများ

စဉ် ကိုယ်စားလှယ်အမည် မဲဆန္ဒနယ်(မြို့နယ်) ပါတီ(သို့)တသီးပုဂ္ဂလ လွှတ်တော်အမည်
၁ ဦးတင်လှိုင် ကလေးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်
၂ ဦးသိန်းလှိုင် ကလေးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်
၃ ဦးစိန်ဝင်း ကလေးမြို့ (နယ် ၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော်
၎ ဦး ခင်မောင်သန့် ကလေးမြို့ (နယ် ၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော်
၅ ဦး နိုးထန်ကပ် ကလေးမြို့ ချင်းတိုးတက်ရေးပါတီ ချင်းလူမျိုးစုလွှတ်တော်

ချင်းပြည်နယ်

ပြည်သူ့လွှတ်တော
ပါတီအမည်` ဦးရေ
ယူအက်စ်ဒီပီ ၅
စီပီပီ ၂
စီအဲန်ပီ ၂

အမျိုးသားလွှတ်တော်
ပါတီအမည်` ဦးရေ
ယူအက်စ်ဒီပီ ၆
စီပီပီ ၎
စီအဲန်ပီ ၂

ပြည်နယ်လွှတ်တော်
ပါတီအမည်` ဦးရေ
ယူအက်စ်ဒီပီ ၇
စီပီပီ ၅
စီအဲန်ပီ ၅
အီးအဲန်ဒီပီ ၁

ချင်းပြည်နယ် လွှတ်တော်သုံးရပ်စလုံးအတွက် မဲဆန္ဒနယ်မြေပေါင်း ၃၉ နေရာရှိသည့်အနက် ချင်းအမျိုးသားပါတီက စုစုပေါင်း ( ၉ ) နေရာ ၊ ချင်းတိုးတက်ရေးပါတီက စုစုပေါင်း ( ၁၁ ) နေရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စုစုပေါင်း ( ၁၈ )နေရာ နှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးပါတီက စုစုပေါင်း ( ၁ ) နေရာအသီးသီးရရှိကြသည်။(ခိုနုမ်းထုန်)

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည် ရုံးချုပ်တွင်မိန့်ခွန်း ကောက်နုတ်ချက်များ

Daw Aung San Suu Kyi's Speech at HQ of NLD by thargyi74
12 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်
မိန့်ခွန်း ကောက်နုတ်ချက် ...

“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။
ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Awging 31

(ဆက်ဖတ်ရန်.......)

ဒုတိယပင်လုံညီလာခံက မြန်မာတမျိုးသားလုံးအတွက်ဟု တိုင်းရင်းသား ပါတီများပြော

ခင်ဦးသာ Monday, 15 November 2010 19:32

ဒုတိယအကြိမ် ပင်လုံညီလာခံတခု ပေါ်ပေါက်လာရေးသည် တိုင်းရင်းသား လူမျိုးစု များအတွက်သာမက မြန်မာတနိုင်ငံ လုံးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ရွေးကောက်ပွဲ ၀င်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“ပင်လုံညီလာခံကြီး ပေါ်ပေါက်လာမှ တိုင်းရင်းသားတွေ အားလုံးနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ တန်းတူညီမျှ အခွင့်အရေး ရမှာမို့လို့ အမြန်ဆုံး ခေါ်ယူနိုင်လေ ကောင်းလေပါပဲ” ဟု ချင်း တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီ က ဧရာဝတီကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက်လဲ ကြိုဆိုပါတယ်။ ပင်လုံကိစ္စကို ပြောတဲ့ အပေါ်လည်း အပြည့်အ၀ ထောက်ခံ ပါတယ်” ဟု သူက ဆိုသည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုကိုလည်း ထောက်ခံကြောင်း ဆက်ပြောသည်။

နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေး လုပ်ဆောင်မှုကို အားပေးထောက်ခံကြောင်း ယမန်နေ့က မီဒီယာများ ကို ပြောဆိုခဲ့သည်။

ဒုတိယပင်လုံညီလာခံ ပေါ်ပေါက်လာပါက တိုင်းပြည်၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းသစ်များ ပေါ်ထွက် လာမည်ဖြစ်၍ ပင်လုံ ညီလာခံ ဖြစ်မြောက်လာသည်အထိ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးစစ်ဆောင်ဆီ က ဧရာဝတီကို ပြောသည်။

ပင်လုံညီလာခံမှ တဆင့် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ပေါ်ထွန်းလာရေးသည် အရေးကြီးပြီး ပြည်ထောင်စု စစ်စစ် ဖြစ်မှသာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အပြည့်အ၀ ရရှိမည်ဟုလည်း ၎င်းက ဆိုသည်။

“ပြည်ထောင်စု စစ်စစ် ဖြစ်မှသာ မြန်မာနိုင်ငံဟာ ရေရှည်တည်တံ့ ဖွံ့ဖြိုးမယ်၊ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အာမခံချက်ရှိမယ်၊ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာလည်း ယုံကြည်မှုတွေ တည်ဆောက်ပြီးသား ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာပါက အာဏာခွဲဝေမှု အပိုင်းတွင်လည်း တန်းတူညီမျှဖြစ်မည်ဟု သူက ဆိုသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းကလည်း ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးကို ကြိုဆိုကြောင်း၊ ညီလာခံ ပေါ်ပေါက်ရေးအတွက် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းကြရန် လိုမည် ဖြစ်ကြောင်း၊ အမှန်တကယ် ဖြစ်မြောက်လာရန်လည်း ကြိုးစား ကြစေလိုကြောင်း ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးတွင် အားလုံးက ပူးပေါင်း ပါဝင်စေလိုကြောင်း၊ သို့သော် ညီလာခံမှနေ၍ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ရရှိမှသာ တိုင်းရင်းသား များအတွက် တန်းတူ အခွင့်အရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အားလုံးပါဝင်တဲ့ ညီလာခံတခု မရှိမဖြစ် လိုအပ်ပါတယ်။ အားလုံး ဆိုတဲ့ နေရာမှာ တိုင်းရင်းသားအားလုံး၊ လက်ရှိ အာဏာရ သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အစ ပါရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ပြည်သူ အားလုံးရဲ့ ချစ်ခင် ထောက်ခံမှု ရထားတဲ့သူဖြစ်လို့ ပါဝင်မှ ရမှာပါ” ဟုလည်း ဒေါက်တာ အေးမောင်က ဆိုသည်။

ပါဝင်သင့်သူ အားလုံး ပါဝင်ဆွေးနွေးမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရ ရေးဆွဲအတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အတွက် အထောက်အကူ မဖြစ်သည့် အပြင် တိုင်းရင်းသား လူမျိုးများ၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့် အရေးကိစ္စများကို ထည့်သွင်း ရေးဆွဲ မထားခြင်းကြောင့် ဒုတိယ အကြိမ် ပင်လုံ ညီလာခံ ပေါ်ပေါက်ရေးကို တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီ အင်အားစုများက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

၂၀၀၈ အခြေခံ ဥပဒေကို အသက်သွင်းရန် ကျင်းပခဲ့သော နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟုဆိုကာ ပြန်လည်စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအများစုက တင်ပြတောင်းဆိုထားပြီး အငြင်းပွားဖွယ်ရာ ကိစ္စအများအပြားနှင့်လည်း ကြုံတွေ့နေကြရသည်။

ရွေးကောက်ပွဲတွင် ဒီမိုကရက် ပါတီအားလုံးနီးပါး ရှုံးနိမ့်ခဲ့ ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသား ပါတီများအနက် အထက်ပါ နိုင်ငံရေး ပါတီများမှာ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသများ၌ မဲဆန္ဒနယ် တချို့တွင် အနိုင်ရခဲ့သော ပါတီများဖြစ်သည်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။

လက်မှတ်ရေးထိုးခဲ့ကြ သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမားကြီ သခင်သိန်းမောင်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် ပင်လုံညီလာခံအား ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ကြံ့ဖွံ့နှင့်လည်း လက်တွဲနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နရီလင်းလက် Monday, 15 November 2010 19:45

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေးနှင့် ပတ်သက်လာပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့်ပင် လက်တွဲမည်ဟု ပြောဆိုလိုက်သည်။ယနေ့ NLD ရုံးချုပ်၌ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Getty Images)

ယနေ့ နေ့လယ် ၁ နာရီက ပြုလုပ်သော ပြည်နယ်နှင့်တိုင်း အသီးသီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်အတွက် စေတနာ ရှိမယ်ဆို၊ စေတနာမှန်မှန်နဲ့ လာပူးပေါင်းချင်တယ်ဆို ကြံ့ဖွံ့ ပါတီ ဆိုရင်တောင် ဘာမှ ငြင်းစရာ မရှိဘူး။ မြန်မာပြည်ထဲက လူတွေတင်မကဘူး ကမ္ဘာက လူတွေနဲ့တောင် ဖိတ်ခေါ်ပြီး အားလုံးကောင်းအောင် လုပ်နေကြတာ ဖြစ်လို့ ဘာမှ အထူးငြင်းစရာမရှိဘူး။ ဖြောင့်ဖြောင့်မတ်မတ်၊ စေတနာမှန်မှန်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း NLD ပါတီ မွန်ပြည်နယ် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တဆင့်ပြန်ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD မှ ခွဲထွက်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အား စု (NDF) ကိုလည်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော ၃၇ ပါတီထဲမှ ပါတီတခု အနေနှင့်သာ မြင်ကြောင်း၊ ဒီမိုကရေစီအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ပြော၍ ထူးထူးခြားခြား ရှုမြင် သုံးသပ်ထားခြင်း မရှိဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကိုယ်စားလှယ်များ၏ ပြောဆို တင်ပြချက်များကို ဒေါ်အောင်ဆန်း စုကြည်က နားထောင်ခဲ့ပြီး မေးမြန်းချက်များကို ခိုင်ခိုင်မာမာ ပြန်လည်ဖြေကြားကာ လူငယ်များ၊အမျိုးသမီးများနှင့်လည်း တိုင်းနှင့် ပြည်နယ် အလိုက် တွေ့ဆုံသွားမည်ဟု ပြောခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောပြသည်။

NLD အနေဖြင့် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ သစ်အရ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်သည့် မည့်သည့်ပါတီမဆို ဖျက်သိမ်းခံရမည်ဖြစ်သည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ “NLD ဟာ ၈၈ ကတည်းက တရားဝင် မှတ်ပုံတင် ထားခဲ့တဲ့ ပါတီဖြစ်တယ်။ ဒီတော့ တရား ဥပဒေနဲ့ အညီ ဆက်လက်ပြီး ရပ်တည်ပိုင်ခွင့်ရှိတယ် ဆိုတာကို ဥပဒေ ကိုင်စွဲပြီး ရှင်းသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ပြီးနောက်ပိုင်း NLD အဖွဲ့ဝင်များ အချင်းချင်း ပိုမိုစည်းလုံး လာကာ လူမှုရေး လုပ်ငန်းများအား တက်ကြွစွာ ဆောင်ရွက်လာနိုင်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသောကြောင့် ပိုမို ထိရောက်စွာ စွမ်းဆောင် နိုင်တော့မည်ဟု NLD အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။

“နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ လူတွေတောင် ရောက်လာတယ်။ ကိုယ်တိုင်လည်း အားရစရာ အနေအထားကို မျက်ဝါးထင်ထင် တွေ့ရတယ်” ဟု သူက ဆိုသည်။

NDF ပါတီ အနေနှင့် ရိုးသား ဖြောင့်မတ်မှုရှိ၍ အနာဂတ် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် စေတနာမှန်မည် ဆိုပါက NLD နှင့် ပူးပေါင်း ဆောင်ရွက်ရေးတွင် အခက်အခဲမရှိနိုင်ဟု ထင်ကြောင်း ဦးအောင်ကြည်ညွန့်က ဆက်ပြောသည်။

ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကာလ မတရားမှုများ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ လက်ရှိ နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) နှင့် ဆက်သွယ် ဆောင်ရွက်ထားသည့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များတွင် မှန်မှန်ကန်ကန် တရားဥပဒေနှင့် အညီ ဖြစ်ရေး စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုတခု ဖြစ်သောကြောင့် အသေးစိတ် ဆွေးနွေးမှုများ မပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ မတရားသဖြင့် ဖြစ်ပေါ်နေသည့် အရာအားလုံးကို ဥပဒေနှင့် အညီ အမြဲမပြတ် ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်။

ယနေ့ မနက်ပိုင်းက NLD အဖွဲ့ချုပ် ရုံးချုပ်အဖြစ် အနှစ် ၂၀ ကျော် ငွေကြေး လုံးဝမယူဘဲ ငှားရမ်းပေးခဲ့သည့် အိမ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါအိမ်ရှင်သည် အာဏာပိုင်များ၏ ခြိမ်းခြောက် ခံရခြင်းများ ရှိသည့် တိုင် ပါတီ မှတ်ပုံတင်ခြင်း မပြုသည့် နောက်တွင်လည်း NLD ရုံးချုပ်အဖြစ် ဆက်လက် ငှားရမ်းပေးထားဆဲ ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် သံတမန်တချို့၊ ပါတီ ကိုယ်စားလှယ်များနှင့် ဆက်လက်တွေ့ဆုံပြီး ညနေပိုင်း၌ ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်း သို့ သွားရောက်ခဲ့သည်ဟု သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Monday 15 November 2010

Suu Kyi speech at NLD Head Office



စစ်အစိုးရကို အာဃာတမထားဟု ဒေါ်စု ပြော

ဆလိုင်း ဟံသာစန်း | တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၀ မိနစ်

၇ နှစ်ကျော် နေအိမ်၌ ထိန်းသိမ်းခဲ့သည့် စစ်အစိုးရအပေါ် သူမအနေဖြင့် အာဃာတမထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

ယမန်နေ့တွင် ပြန်လွတ်ပြီးနောက် ရန်ကုန်တိုင်း ဗဟန်းမြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီခန့်အထိ ပြည်သူ ၅ သောင်းကျော်ကို ပထမဆုံး ပြောခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျမကို ထိန်းသိမ်းခဲ့တဲ့ လူတွေအပေါ် ဘာအာဃာတစိတ်မှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမှ မုန်းတဲ့စိတ် မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့ အထက်မြန်မာပြည် ခရီးစဉ် စစ်ကိုင်းတိုင်း မုံရွာမြို့၌ ဟောပြောမှုနောက်ပိုင်း ၇ နှစ်ကျော်အကြာတွင် ပြည်သူများကို ပထမဆုံး မိန့်ခွန်းပြောခြင်း ဖြစ်သည်။

အထိန်းသိမ်းကာလတွင် လုံခြုံရေးယူသူများက ကောင်းမွန်စွာ ဆက်ဆံသဖြင့် ကျေးဇူးတင်ကြောင်းနှင့် သူမကို ဆက်ဆံသကဲ့သို့ ပြည်သူလူထုကိုလည်း ကောင်းမွန်စွာ ဆက်ဆံလျှင် အလွန်ကောင်းမည်ဟု တွေးမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပြန်လွတ်လာခဲ့ရာ နေအိမ်ရှေ့တွင် ကြိုဆိုနှုတ်ဆက်သည့် ၄ ထောင်ခန့်ရှိ လူထုကြီးကို စကားအနည်းငယ် ပြောကြားခဲ့အပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးချုပ်ရှေ့ မိန့်ခွန်းပြောမည် ဖြစ်သဖြင့် လာရောက်ကြရန် ဖိတ်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြည်သူလူထု၏ အသံကို နားထောင်လိုကြောင်းနှင့် ယခုအချိန်တွင် သူမ ဘာလုပ်မည်ကို ပြောဆိုနိုင်ခြင်း မရှိသည့်အပေါ် ခွင့်လွှတ်ရန် တောင်းပန်လိုက်သည်။

“အခု ဘာလုပ်နိုင်တယ်ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာချင်း ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ” ဟု သူမက ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည်ဖြစ်ပြီး မည်သူမဆို စကားပြော ဆွေးနွေးလိုလျှင် လက်ခံမည်ဖြစ်ကြောင်း ပြည်သူကို ပြောကြားခဲ့သည်။

မိန့်ခွန်းပြောပြီးနောက် NLD ရုံးအတွင်း ပြည်တွင်းပြည်ပ သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ လုပ်နေသည်။ ထို့နောက် မွန်းလွဲ ၂ နာရီတွင် NLD အတွင်းရေးမှူး ဦးလွင်၏ ဇနီးဖြစ်သူ ဈာပနကို လိုက်လံပို့ဆောင်မည် ဖြစ်သည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အထက်မြန်မာပြည် စည်းရုံးရေးသွားစဉ် ၂ဝဝ၃ ခု မေ ၃ဝ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီး၌ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ဖွံ့အသင်းဝင်များ ပါဝင်သည့် လူအုပ်ကြီးက အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သေဘေးမှ လွတ်လာသည့် သူမကို စစ်အာဏာပိုင်များက နေအိမ်တွင် ထိန်းသိမ်းခဲ့သည်။ ပြန်လွတ်ရက် နီးကပ်လာချိန်တွင် နေအိမ်အတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသားကို ဧည့်ခံခဲ့သဖြင့် စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ၃ နှစ် ချခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထက်ဝက်လျော့ချပေးကာ ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံခဲ့ရာမှ ယမန်နေ့တွင် ပြန်လွတ်လာခြင်း ဖြစ်သည်။ (မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

MRTV announces release of Aung San Suu Kyi


(ဆက်ဖတ်ရန်.......)

ACR News

ACR_News_(14.11.10)

(ဆက်ဖတ်ရန်.......)

Saturday 13 November 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

ကိုစိုး Saturday, 13 November 2010 19:24

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ချထားရာမှ စစ်အစိုးရက ယနေ့ ညနေ ၅ နာရီ ၀န်းကျင်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံရှေ့တွင်လည်း လာရောက် စောင့်ဆိုင်းနေသော လူအုပ်မှာ ထောင်နှင့်ချီ၍ များပြားသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရှေ့နေ ဦးဉာဏ်ဝင်း က စနစ်တကျ ဖြစ်ရန် မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်အနီး ရောက်နေသူများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီ လက်ရှည် ခရမ်းရောင် ဖျော့ဖျော့ကို ၀တ်ဆင်ထားကြောင်း၊ လာရောက်စောင့်ဆိုင်းသည့် လူထုထဲမှ ၎င်းအား သစ်ခွပန်းများပေး၍ ကြိုဆိုကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ခြံဝသို့ ထွက်၍ လူထုကို နှုတ်ဆက် ကြောင်းလည်း သိရသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လူထုကို နှုတ်ဆက်စကားစ၍ ပြောကြားသည်ဟု နားထောင်နေသူ ဧရာဝတီ သတင်းထောက် တဦးက ပြန်ပြောပြသည်။

“မတွေ့တာကြာပြီဆိုတော့ ပြောစရာတွေ အများကြီးရှိတယ်၊ အဲဒါတွေ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီ လာခဲ့ အသံချဲ့စက်နဲ့ ပြောမယ်”ဟု လူထုကို ဒေါ်အောင်ဆန်းစုကြည် က ပြောရာ လူထုက တခဲနက် အားပေးကြကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ဆိုသည်နှင့် လာရောက် စောင့်ဆိုင်းသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု အော်ဟစ်၍ ၎င်း၏ ခြံရှေ့ကို ပြေးလာကြ ကြောင်း၊ လူအများစုမှာ ငိုကြပြီး တချို့ကလည်း ဘ၀မှာ အပျော်ဆုံးပဲဟု ပြောဆိုကြကြောင်း မျက်မြင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးရောက်ရှိနေသော ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက“လူထု ခေါင်းဆောင် တယောက် လွတ်မြောက်လာတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လာရောက် စောင့်မျှော်နေသော အမျိုးသမီး တဦးကလည်း“လင်တွေ သားတွေတောင် မေ့သွားတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက“ဥပဒေကြောင်းအရ ဆက်လက်ထိန်းသိမ်းလို့ မရပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမှုနဲ့ ကျခံနေရတာ မဟုတ်ဘူး၊ ရာဇ၀တ်မှုနဲ့ကျခံနေရတာ ဖြစ်တယ်၊ အကယ်၍ မလွတ်ခဲ့ဘူးဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း“အုပ်ချုပ်ရေးအာဏာနဲ့ ထောင်ချပြီးပြီ၊ အုပ်ချုပ်ရေးအာဏာနဲ့ ထိန်းသိမ်းထားတဲ့ အချိန်မှာ ထိန်းသိမ်းတဲ့ ဥပဒေကို ဖောက်ဖျက် တယ် ဆိုပြီး တရားရုံးပေါ်မှာ တရားစွဲ ပြစ်ဒဏ်ချပြီးပြီ၊ ပြစ်ဒဏ်ချတဲ့ အပေါ်မှာ အုပ်ချုပ်ရေး အာဏာအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တ၀က် ပြစ်ဒဏ်ပဲချဖို့ ပြောထားတယ်၊ အဲဒီ တ၀က်ကိုလည်း ကောင်းမွန်စွာ နေရင် စောလွှတ်မယ်လို့ ပြောထားတာ၊ အခု အဲဒီ တ၀က်က ပြည့်ပြီ၊ လတ်တလောမှာ နောက်ထပ် ထပ်တိုးစရာတော့ မပေါ်နိုင်ဘူး၊ သေချာပေါက် လွှတ်ရ တော့မယ်”ဟု ပြောကြားထားသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး ၀န်းကျင်နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင် သတင်းထောက်များ ၊ နိုင်ငံခြားသားများ အပါအ၀င် လာရောက်သည့် လူထုမှာ ထောင်ဂဏန်းနှင့်ချီ များပြားလာ၍ အဓိကရုဏ်း နှိမ်နင်းသည့် လုံထိန်း တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တားဆီးမှုများ ပြုလုပ်သောကြောင့် ယင်းလူအုပ်ကို NLD မှ အခြေအနေ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံရုံး၊ ဗြိတိသျှ သံရုံး၊ သြစတြေးလျ သံရုံး စသည့် သံရုံးများမှ အနောက်တိုင်း သံ တမန်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် ကိုယ်စားလှယ်လောင်းများလည်း လာရောက် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယနေ့ ပြည့်ပြီ ဖြစ်သည်။

ထို့ကြောင့် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” “ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်”ဟူသော ကြွေးကြော်သံများကို ကြွေးကြော် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခု စက်တင်ဘာ ၂၇ ရက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တည်ထောင် ရာတွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်သည် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁၉ လ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

၂၀၀၂ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁ နှစ် တိုးခံခဲ့ရသည်။ စစ်အစိုးရ က ဆက်လက်ပြီး၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံ တိုး ခဲ့ပြန်သည်။

၂၀၀၉ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Aung San Suu Kyi greeting her supporters

21 နာရီ 10 မိနစ် - မြန်မာစံတော်ချိန်
ပြည်သူနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်

(ဆက်ဖတ်ရန်.......)

Wednesday 10 November 2010

တိုးတိုးပြောလည်းကြားတယ်၊ဘာဘဲလုပ်လုပ်ပေါ်တယ်

ဗမာ့တပ်မတော်အတွင်းရေး-မြဝတီ+ဘုရားသုံးဆူတိုက်ပွဲ

လက်ရှိတိုက်ပွဲအခြေအနေများနှင့်စပ်လျဉ်းပြီး ညွန်ကြားချက်များပါဝင်ပါသည်။ကကကြည်းမှ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းအား ထိန်းချုပ်ပြီး နေပြည်တော်သို့ပို့ရန် ဗိုလ်သန်းရွှေကညွန်ကြားသည်။
2010 November 08 ThanShwe Orders MajGen Kyaw Kyaw Tun Arrested and Sent Back to NPT, Artillary Ready on Pha...

(ဆက်ဖတ်ရန်.......)

Tuesday 9 November 2010

ဖလမ်းမှာ လွှတ်တော် ၃ ခုလုံး နွာနောက် (CPP) အနိုင်ရ

Tuesday, 09 November 2010 14:11 ဆလိုင်းထွန်း

ချင်ပြည်နယ် ဖလမ်းမြို့နယ်က လွှတ်တော် ၃ ရပ်လုံးမှာ ချင်းတိုးတက်ရေးပါတီ CPP က အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ CPP ပြည်နယ်လွှတ်တော်အမတ်လောင်း ဦးနိုးဆွန်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း CPP အမတ်လောင်း ဦးခွန်လိန်းက ထောက်ခံမဲ ၈၉၈၄ ၊ ကြံ့ဖွံ့ အမတ်လောင်း ဦးဆိုင်းလျန်ကြူးက ၇၁၂၀ မဲ၊ ချင်းအမျိုးသားပါတီ CNP အမတ်လောင်း ဦးငယ်ငယ်တီးယံအုပ်ထန်း (ခ) အယ်ပီ့က ၃၇၁၆ မဲ နဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ တစည ဦးဆန်ထန်းက ၁၀၁၅ မဲ ရရှိတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ CPP အမတ်လောင်း ဦးနုထန်းက ထောက်ခံမဲ ၄၈၀၉ ၊ ကြံ့ဖွံ့အမတ်လောင်း ဦးငွန်လာလ်က ၃၉၀၉ မဲနဲ့ တစည အမတ်လောင်း ဦးထန်ကင်းမ်က ၂၁၁၆ မဲ ရရှပါတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ CPP အမတ်လောင်း ဦးနိုးဆွန်က ထောက်ခံမဲ ၄၅၇၃ ၊ ကြံ့ဖွံ့အမတ်လောင်း ဦးကောလ်လွယ်က ၃၉၀၇ မဲ၊ CNP အမတ်လောင်း ဦးခွန်လျန်းက ၉၉၇ မဲနဲ့ တစည အမတ်လောင်း ဦးလာလ်သိမ်းလိုမာက ၅၈၈ မဲ ရရှိပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ CPP အမတ်လောင်း ဦးကျွန်ခဲန်းက ထောက်ခံမဲ ၄၇၈၅၊ ကြံ့ဖွံ့အမတ်လောင်း ဦးရုလ်ဇမ်းက ၃၈၄၉ မဲ၊ CNP အမတ်လောင်း ဒေါ်လဲန်ဗဲလ်က ၁၂၆၈ မဲ နဲ့ တစည အမတ်လောင်း ဦးကြားမန်က ၉၁၆ မဲ ရရှိပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ CPP အမတ်လောင်း ဦးဇုန်လှယ်ထန်းက ထောက်ခံမဲ ၅၂၂၉၊ ကြံ့ဖွံ့ အမတ်လောင်း ဒေါ်ရွှေထွေးက ၄၀၅၂ မဲ နဲ့ တစည အမတ်လောင်း ဦးဗန်လုံးက ၇၆၈ မဲ ရတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ ယှဉ်ပြိုင်တဲ့ CPP အမတ်လောင်း ဦးနုထန်ရဲ့ ဇနီးဖြစ်သူက ဒီမဲစာရင်းတွေကို မြို့နယ်ကော်မရှင်မှာ ကူးယူကာ ပြောဆိုထားတာဖြစ်ပါတယ်။

ဖလမ်းမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၂၀ လောက်ရှိကာ မဲပေးနိုင်သူ လူဦးရေးစုစုပေါင်း ၂ သောင်းနီးပါ ရှိခဲ့ပေမယ့် ခရီးသွားတဲ့သူများလို့ မဲပေးသူမှာ ၆၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဦးနုဆွန်းက ပြောတယ်။(Zogam Post)



(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန်သမတ တောင်းဆို

2010-11-09

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမတ ဘာရက် အိုဘားမားက အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိစဉ် တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေထံ တိုက်ရိုက် အသံလွှင့်တဲ့ မိန့်ခွန်းတခုမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ ညဦးပိုင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမတ ဘာရက် အိုဘားမားနှင့် အင်ဒိုနီးရှားသမတ စူစီလို ဘမ်ဘန် ယူဒိုယိုနိုတို့ နိုဝင်ဘာ ၉ ရက်နေ့က ဂျာကာတာမြို့မှာ ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကို သမတ အိုဘားမား ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်မှု မရှိကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားလာတဲ့အထိ အမေရိကန်နိုင်ငံအနေနဲ့ ဆက်ကြိုးပမ်းသွားမဲ့အကြောင်း မစ္စတာ အိုဘားမားက ပြောပါတယ်။

"အာဆီယံနဲ့ တကမ္ဘာလုံး ရင်ဆိုင်ရမဲ့ အခက်အခဲကတော့ မြန်မာနိုင်ငံအရေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို လွတ်လပ်မှုလည်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံဖြစ်အောင် မိမိတို့အနေနဲ့ ကြိုးစားသွားမယ်။ ပထမဦးဆုံး အဆင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။"

အမေရိကန် သမတ ဘာရက်အိုဘားမား အင်ဒိုနီးရှားနိုင်ငံကို သွားရောက် လည်ပတ်ဖို့ ပြင်ဆင်ခဲ့တာ ၂ နှစ်ကျော် ကြာခဲ့ပါတယ်။ ဒီနေ့ အိန္ဒိယနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိတာ ဖြစ်ပါတယ်။(RFA News)


(ဆက်ဖတ်ရန်.......)

Chin Activist Received St. Stephen's Prize In Norway

High Commissioner of OSCE Vollebaek, Victor Biak Lian and NMTE Secretary General Bjorn A. Wegge ( Photo : CG )

Chin human rights and democracy activist, Victor Biak Lian, was yesterday awarded St. Stephen's Prize 2010 by the Norwegian Mission to the East (NMTE) in recognition of his magnificent contributions to democracy, human rights and national reconciliation in Burma in a ceremony held at the Norwegian School of Theology in Oslo, Norway.

Upon receiving the award, Victor Biak Lian said in his speech: "I am very surprised. What came to my mind immediately was the fact that it is not my individual efforts that should be recognised but rather the efforts of all my colleagues and friends who are equally committed to the cause of the disenfranchised and suffering communities of Burma."

"We will continue to press for justice and accountability for human rights violations, national reconciliation and genuine democracy. We have to remain hopeful. Change that is small and slow can quickly become big and widespread. I believe that one day this change will come and that I may return to my homeland, not as a Chin or an ethnic national but as a member of a unified, free, and democratic Burma," Victor, a father of two, told the audience with his family members in attendance.

The 45-year-old ethnic Chin activist has been tirelessly involved in the struggle for democracy and human rights in Burma for more than 22 years since the student-led 8888 uprising against the military regime. As a young student and ethnic nationalist, Victor Biak Lian actively took part in demonstrations, ending up in jail and eventually fleeing to India following the junta's ruthless crackdown on peaceful protestors across the country.

High Commissioner of OSCE (Organization for Security and Co-operation in Europe) on National Minorities, Mr. Knut Vollebaek, who presented the award to the Chin recipient, said: "As much as I am honoured and pleased to have the opportunity to award this Prize to Victor Biak Lian today and to thank him, I am saddened that we still need these prizes to remind us and the world of human rights violations that continue to take place in many countries."

"Burma is in desperate need of change. I believe that efforts like those undertaken by today's Prize Winner, efforts to strengthen respect for religious freedom and human rights and efforts to help unite various ethnic minorities in Burma, can play a crucial role in bringing about the change needed," added Mr. Vollebaek.

The ceremony, attended by more than 120 Chin and Norwegian participants was entertained with traditional songs and dances by Norway Chin Mission Church members in their national costumes and beautiful music by Helga Botn with Real Fake Band.

Victor Biak Lian is the fourth recipient of the award in line with his three predecessors, Bishop Thomas from Egypt (2005), Doan Trung Tin from Vietnam (2007), and Tim A. Peters from the USA (2008) who works among refugees from North Korea.

The award consists of an artwork by Peter Grøstad, a diploma of Peter Mohn, and a monetary donation.

In the afternoon, Victor was giving a presentation on 'Ethnic Nationalities of Burma: What can they contribute?' alongside other key speakers including Ed Brown of NMTE; Ola Breidal from Department of Foreign Affairs; and Khin Maung Win, Assistant Director of DVB (Democratic Voice of Burma).

Highlighting an in-depth historical and current situations of Burma including the recently held 2010 General Elections, Victor Biak Lian said the military regime is not planning to give up power, adding: "United vision, different roles, diverse action is needed."

During his stay in Norway, Victor Biak Lian is set to have a series of meetings with Department of Foreign Affairs, Burma Committee, the Norwegian Baptist Union (NBU), and Burmese and Chin communities based in Norway. He is also programmed to visit and speak at Chin and Norwegian churches, and Christian seminar.

The Norwegian Mission to the East (NMTE), with its motto reading 'Together for the persecuted', is an Oslo-based Christian missions and human rights organisation, with a special focus on freedom of belief and religion. The NMTE is committed to providing support, care, and practical help for churches and individuals who are persecuted or oppressed because of their religious beliefs.(Chinland Guardian):

(ဆက်ဖတ်ရန်.......)

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်

မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် (၈) နာရီနှင့် (၉) နာရီကြားတွင် မြဝတီမြို့ပေါ်၌ ပစ်ခတ်မှုတချို့ရှိခဲ့သော်လည်း ဒီကေဘီအေ တပ်များမြို့တွင်းမှ ဆုတ်ခွါသွားသည့်အတွက်ကြောင့် မဲဆောက်ရောက် စစ်ပြေးဒုက္ခသည် တဝက်ခန့် မြဝတီသို့ ယနေ့ နေ့လည် (၂) နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။

တပ်မဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်) ဗိုလ်မှူးကြီး စောလားဗွယ် ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါလေဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် အဆိုပါဒေသရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်သို့ ဆက်လက်ထွက်ခွါလာနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်စပ်မြို့ တဘက်ခြမ်းရှိ ဘုရားသုံးဆူဘက်တွင် ဒီကေဘီအေ တပ်မဟာ (၅) တပ်များနှင့် နအဖစစ်အစိုးရတပ်များ ယနေ့မနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်မှ လေယာဉ်သုံးပြီး ပတ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ထိုင်းဘက်သို့ ထွက်ပြေးနေမှုများ ရှိနေကြောင်း ဒီကေဘီအေနှင့်နီးစပ်သည့် ကရင်အမျိုးသားတဦးက ပြောသည်။

သူက “ဘုရားသုံးစူမှာ စစ်တပ်က သူတို့ လေယာဉ်နဲ့ကို လာတယ်။ မနက် (၁ဝ) နာရီလောက်တုန်းက လေယာဉ် ၂ စီး လာတယ်။ သူတို့ ရွာထဲကို ပစ်ထည့်တယ်။ လက်နက်ကြီးတပ်ဆင်ထားတဲ့ အပေါ်ကနေပြီးတော့ ရွာထဲကိုပစ်တော့ ရွာသားတွေ တော်တော်လေး ထိနေပြီ။ ပြည်သူလူထုလည်း ထိုင်းထဲကို ပြေးလာတယ်။ ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ ဒဏ်ရာရတဲ့သူက ဘယ်နှစ်ယောက်လဲ မသိဘူး။ သေတာလည်းရှိတယ်” ဟု ပြောသည်။(ရိုးမ ၃)

(ဆက်ဖတ်ရန်.......)

Election News


(ဆက်ဖတ်ရန်.......)

အကြံ နဲ.အလံ

စာမရေးဖြစ်ပေမယ့် စာတော့ လိုက်ဖတ်ဖြစ်တယ်ရှင်...၂၁ ရက်နေ.က အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတော့ ဝမ်းသာသွားတာ... မင်းတြားကြီးများ ကံကုန်လေသလား.... တအုပ်စုလုံးပဲ တရားအားထုတ်ဖို.တောထွက်လေပြီလား.... မြန်မာပြည်ကြီးပဲ အာကာသထဲ ဒုံးကျည်ပစ်လွှတ်နေပြီလားဆိုပြီးတော့ပေါ့.....ဘယ်ဟုတ်ကမလဲ တကယ်တမ်းတော့ အလံပြောင်းသွားတာကိုး......... အကြံနဲ. ရေးချင်တိုင်းရေးထားတဲ့ ဖွဲ.စည်းပုံအရ ဆွဲချင်းတိုင်းဆွဲထားတဲ့ အလံဒီဇိုင်းပေါင်းစပ်လိုက်တော့ နောက်ဆုံးမြန်မာပြည်ကနေ လဒတိုင်းပြည်ဖြစ်တော့တာပေါ့.

တကယ်တော့ အလံဆိုတာ နိုင်ငံတစ်ခုအတွက် အရမ်းကို အရေးကြီးပါတယ်....တဦးတယောက်ရဲ့ သဘောဆန္ဒနဲ. လုပ်လို.မရပါဘူး... ဒီအပြင် အလံဒီဇိုင်း အဆင်သင့်ဖြစ်ပြီဆိုရင်တောင် ပြည်သူကို အရင် အသိပေးရမှာပါ...ခုလို ယတြာကိန်းခမ်းချေသလို လုပ်လို.မရပါဘူး...ဒါဟာ ဒီမိုကရေစီဖော်ဆောင်ဖို.ကြိုးစားနေပါတယ် ဆိုတဲ့ သူတွေ လိုက်နာရမယ့် အခြေခံတချက်ပါ.....ထပ်ပြောရမယ်ဆိုရင် တရားဝင်ရွေးကောက်ပွဲလုပ်ပြီး အရပ်သားကို အာဏာလွှဲပေးတော့မယ့်အချိန်မှာ ဒီအလံကိစ္စဟာ နောက်တက်လာမဲ့ အစိုးရက တာဝန်ယူလုပ်ဆောင်လို.ရပါတယ်..ခုလို ရွေးကောက်ပွဲလုပ်ခါနီးဆဲဆဲ ဖုတ်ပူမီးတိုက် ပြောင်းစရာမလိုပါဘူး...... ခွာသေးသေး ထင်ပါရဲ့ရှင်........

အရင်တုန်းက အလံမှာပါတဲ့ သင်္ကေတတွေက သူ.အဓိပ္ပါယ်နဲ.သူရှိတယ်ရှင့်...ခုအလံသစ်ကကော...ဘာအဓိပ္ပါယ်တွေ ဖော်ဆောင်တယ်ဆိုတာ ရှင်းပြစမ်းပါဦး..... တိုင်းနဲ.ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ် ၁၄ လုံးအစား ကြယ်တလုံးသုံးတယ်ဆိုတော့ ကျမကတော့ ငါအဖော်မလိုဘူး ငါတယောက်တည်းကြီးစိုးမယ် ငါတယောက်တည်း စားမယ်လို.ပဲ မြင်မိပါကြောင်း.....................

ကျက်သရေတုန်းသော အလံနဲ. ကျက်သရေမရှိသော ခွာသေးသေး လူကြီးမင်းများ အမြန်ဆုံး မြန်မာပြည်မှ ပျောက်ကွယ်မဲ့ရက်ကို စောင့်ရင်းးးးးးးးးးးးးးးးး

အင်တာနက်စာမျက်နှာမှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်.......)

Sunday 7 November 2010

ACR News

ACR_News_(7._11.10)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM_Awging_30

(ဆက်ဖတ်ရန်.......)

Wednesday 3 November 2010

View Boycoott-Vol-7

Boycoott-Vol-7

(ဆက်ဖတ်ရန်.......)

Tuesday 2 November 2010

Reasons for Why Against 2010 Elections

Reasons for Why Against 2010 Elections

(ဆက်ဖတ်ရန်.......)

Interview With Chin Politicians on Election

Interview With Chin Politicians on Election

(ဆက်ဖတ်ရန်.......)

Burma's controversial new flag နိုင်ငံတော်အလံအသစ်အပေါ်အငြင်းပွား


(ဆက်ဖတ်ရန်.......)

ကလေးမြို့ ZNC ကြေငြာစာတမ်း


(ဆက်ဖတ်ရန်.......)

Monday 1 November 2010

ACR News

ACR_News_(31.10.10)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM_Awging 29

(ဆက်ဖတ်ရန်.......)

Chin,Zomi Festival of Khuado

Zomi Festival of Khuado

(ဆက်ဖတ်ရန်.......)